အွန်လိုင်းငွေလိမ်ဂိုဏ်းတွေလက်က လွတ်လာသူထောင်နဲ့ချီ နယ်စပ်မှာသောင်တင်

မြဝတီစစ်ဆေးရေးဂိတ်မှာ တရုတ်တာဝန်ကျအရာရှိတဦးက အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာအလုပ်လုပ်ကြောင်း စွပ်စွဲခံရသူတွေရင်းကို စစ်ဆေးနေစဥ်။ (ဖေဖေါ်ဝါီ ၂၀၊ ၂၀၂၅)

မြဝတီစစ်ဆေးရေးဂိတ်မှာ တရုတ်တာဝန်ကျအရာရှိတဦးက အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာအလုပ်လုပ်ကြောင်း စွပ်စွဲခံရသူတွေရင်းကို စစ်ဆေးနေစဥ်။ (ဖေဖေါ်ဝါီ ၂၀၊ ၂၀၂၅)

မြန်မာနိုင်ငံနယ်စပ်အခြေစိုက် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေက ပြန်လွတ်လာကြတဲ့ ထောင်နဲ့ချီတဲ့ နိုင်ငံခြားသားတွေဟာ ထိုင်းနယ်စပ်မှာစုပုံနေတယ်လို့ နီးစပ်သူတွေကိုကိုးကားပြီး ရိုက်တာသတင်းဌာန က ဒီကနေ့ပဲ ပြောလိုက်ပါတယ်။ မကြာသေးခင် သီတင်းပတ်တွေအတွင်း တရုတ်၊ ထိုင်းနဲ့ မြန်မာနိုင်ငံ က အာဏာပိုင်တွေက နယ်စပ်ဒေသ အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေကို နှိမ်နင်းဖို့ ကြိုးစားရာက လူပေါင်း ရာထောင်ချီ လွတ်မြောက်လာခဲ့ကြတာပါ။

ကုလသမဂ္ဂအချက်အလက်တွေအရ ဒီအွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေနဲ့ဆက်စပ်ပြီး လူပေါင်း သိန်း နဲ့ချီ လူကုန်ကူးခံခဲ့ရတယ်လို့ ဖော်ပြပါတယ်။ ထိုင်းနဲ့ကမ္ဘောဒီးယားရဲတပ်ဖွဲ့တွေပူးပေါင်းပြီး နယ်စပ်မြို့ တမြို့က အဆောက်အအုံတခုကို ဝင်စီးနင်းခဲ့ပြီးတော့ အတင်းအဓမ္မခိုင်းစေခံခဲ့ရတဲ့ နိုင်ငံခြားသား ၂၁၅ ဦးကို ပြန်လွှတ်ပေးခဲ့တယ်လို့ ထိုင်းအကြီးတန်းအရာရှိတဦးက တနင်္ဂနွေနေ့မှာ ပြောပါတယ်။

အွန်လိုင်းငွေလိမ်ဂိုဏ်းတွေက ဝန်ထမ်းဟောင်း ၇,၀၀၀ လောက်ကို မြန်မာလက်နက်ကိုင်အဖွဲ့တွေ ဖြစ်တဲ့ ကရင်အမျိုးသားတပ်မတော် (KNA) နဲ့ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) တို့က ထိုင်းနိုင်ငံထံ လွှဲပြောင်းမပေးသေးဘူးလို့လည်း ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်တဦးနဲ့ ထိုင်းနိုင်ငံအခြေစိုက် အကူအညီပေးရေးလုပ်ငန်း တာဝန်ရှိသူနှစ်ဦးကို ကိုးကားပြီး သတင်းမှာဖော်ပြခဲ့တာပါ။

ငွေလိမ်ဂိုဏ်းတွေလက်က လွတ်လာတဲ့ နိုင်ငံခြားသားတွေထိုင်းနယ်စပ်မှာပိတ်မိနေပြီး ထိုင်းဘက်က တုံ့ပြန်မှုနှေးကွေးတဲ့အတွက် ထိခိုက်နစ်နာမှုတွေဖြစ်ရကြောင်းလည်း အကူအညီပေးနေသူတွေက ပြောဆိုပါတယ်။ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ ပြန်လွတ်လာတဲ့သူတွေရဲ့ မူရင်းနိုင်ငံ သံရုံးတွေနဲ့ ဆက်သွယ်ဆောင်ရွက်နေပြီး သက်ဆိုင်ရာနိုင်ငံတွေရဲ့ အဆင်သင့်ဖြစ်တဲ့အပေါ် အခြေခံပြီး တော့ ပြန်လွတ်လာတဲ့သူတွေကို လွှဲပြောင်းပေးနိုင်ဖို့ စီစဉ်နေတယ်လို့ ပြောဆိုထားပါတယ်။

Your browser doesn’t support HTML5

အွန်လိုင်းငွေလိမ်ဂိုဏ်းတွေလက်က လွတ်လာသူထောင်နဲ့ချီ နယ်စပ်မှာသောင်တင်