ကမ္ဘာတဝန်း ကိုဗစ်ကြောင့် သေဆုံးသူ ၃ သိန်းခွဲကျော်ပြီ

ကိုရိုနာ ဗိုင်းရပ်စ်ကိုကာကွယ်ရန် နှာခေါင်းစည်းတပ်ဆင်ထားသော Massachusetts ကပြည်သူများ

Zawgyi/Unicode

အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါကြောင့် သေဆုံးရ တသိန်းကျော် (၁၀၁ ၁၉ ၆) နဲ့ အများဆုံး ဖြစ်နေတာဟာ သိပ်ကို ဝမ်းနဲစရာကောင်း တဲ့ မှတ်ကျောက်တင်စရာ ဖြစ်ရပ် တခုလို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ကြာသပတေးနေ့မှာ ပြောပါတယ်။

ဒီနှစ်အစောပိုင်းကာလတွေက ဒီကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါရဲ့ အန္တရာယ်နဲ့ ပတ်သက်ပြီး တခါတလေမှာ သမ္မတက လေ ျှာ့ပေါ့ ပြောလေ့ ရှိတာပါ။ ဒါပေမယ့် အခုအခါမှာ ဒီရောဂါကြောင့် သေဆုံးရသူဟာ ဗီယက်နမ်နဲ့ ကိုရီးယား စစ်ပွဲ ၂ ခုအတွင်း သေဆုံးခဲ့ရတဲ့ အမေရိကန်နိုင်ငံသား အရေအတွက်ထက် ပိုများနေပြီလို့ သမ္မတက သူ့တွစ်တာမှာ ရေးပါတယ်။ ဒါ့အပြင် ကွယ်လွန်သွားခဲ့ရသူတွေရဲ့ မိသားစုတွေနဲ့ မိတ်ဆွေအားလုံးအတွက် ဝမ်းနဲကြေကွဲရပါကြောင်း နဲ့ အားလုံးကို ဘုရားသခင်စောင့်ရှောက်မှု ပေးပါစေလို့ လည်း သမ္မတက ဆုတောင်းပေးခဲ့တာပါ။

အမေရိကန်ပြည်ထောင်စုမှာ ဒီရောဂါကြောင့် သေဆုံးရသူဟာ ၄ လမပြည့်ခင်မှာပဲ တသိန်းကျော် သွားခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာတလွှား ကိုရိုနာဗိုင်းရပ် အကူးစက်ခံရသူပေါင်းက ၆ သန်းနီးပါး (၅ ၉ ၃၆ ၁၄၅) ရှိနေပြီဖြစ်ပြီး သေဆုံးရသူပေါင်းက (၃၅၈ ၀၆၇) ၃ သိန်းခွဲ ကျော်ရှိ နေတယ်လို့ Johns Hopkins တက္ကသိုလ် စစ်တမ်းမှာ ဖေါ်ပြပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါနဲ့ ဆက်နွယ်ပြီး သေဆုံးသူ အရေအတွက် တိုးလာမယ်လို့ မျှော်လင့်ထားတဲ့ အီးယူဥရောပသမဂ္ဂ အဖွဲ့ဝင် ၂၄ နိုင်ငံမှာ မတ်လ အစောပိုင်းကစပြီး အခုချိန်ထိ တသိန်းခွဲကျော် (၁၅၉ ၀၀၀) နေပြီလို့ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ကြာသပတေးနေ့မှာ ပြောပါတယ်။

ဥရောပတလွှားမှာ Covid 19 အကူးစက်ခံရသူ ၂ သန်းကျော် ရှိနေပြီး ပြီးခဲ့တဲ့ သီတင်း ၂ ပတ်အတွင်းမှာပဲ ၁၅ ရာခိုင်နှုန်း တက်သွားတာ ဖြစ်ကြောင်းနဲ့ ဒါဟာ ရုရှား၊ တူရကီ၊ Belarus နဲ့ ဗြိတိန် နိုင်ငံတွေမှာ အကူးစက်ခံရသူ အများဆုံး ဖြစ်နေတာတွေ့ရတယ်လို့ WHO ဥရောပ ဒေသတွင်းဆိုင်ရာ ဒါရိုက်တာ ကပြော ပါတယ်။

ဥရောပတလွှားမှာ ဒီကပ်ရောဂါ စတင်ချိန်က စပြီါ် အခုချိန်အထိ သေဆုံးရသူက ၁၇၅ ၀၀၀ ကျော် ရှိနေတာပါ။

[Unicode]








Your browser doesn’t support HTML5

ကမ္ဘာတဝှမ်း ကိုဗစ်ကြောင့် သေဆုံးသူ ၃ သိန်းခွဲကျော်ပြီ