ကန်သမ္မတလောင်း ၂ ဦး တတိယစကားစစ်ထိုးပွဲ ဘာတွေပြောကြမလဲ

အမေရိကန်သမ္မတ Donald Trump နဲ့ ဒီမိုကရက် သမ္မတလောင်း Joe Biden. (စက်တင်ဘာ ၂၉၊ ၂၀၂၀)

(Zawgyi / Unicode)

အမေရိကန်သမ္မတရွေးကောက်ပွဲ မတိုင်ခင် သမ္မတလောင်း ၂ ဦးရဲ့ နောက်ဆုံးအချီ စကားစစ်ထိုးပွဲကို Tennessee ပြည်နယ် Nashville မှာ အောက်တိုဘာလ ၂၂ ရက် ည ၉ နာရီကနေ ၁၀ နာရီခွဲ ကျင်းပဖို့ စီစဉ်ထားကြောင်း သမ္မတရွေးကောက်ပွဲအကြို စကားစစ်ထိုးပွဲ ကော်မရှင်က သောကြာနေ့မှာ ကြေညာပါတယ်။

ရီပတ်ဘလစ်ကင်ပါတီက သမ္မတ Donald Trump နဲ့ ဒီမိုကရက်တစ်ပါတီက ဒုသမ္မတဟောင်း Joe Biden တို့ဟာ ပထမဆုံးကျင်းပတဲ့ စကားစစ်ထိုးပွဲတုန်းကလိုပဲ အကြောင်းအရာ ၆ ခုနဲ့ ပတ်သက်ပြီး ဆွေးနွေးခွင့်ရကြမှာ ဖြစ်ပါတယ်။ ဒီတခါ ရွေးထားတဲ့ အကြောင်းအရာတွေကတော့ COVID-19 တွန်းလှန်တိုက်ခိုက်တာ၊ အမေရိကန်မိသားစုတွေ၊ အမေရိကန်နိုင်ငံတွင်းက တခြားလူမျိုးစုဆိုင်ရာတွေအပြင် ဥတုရာသီ ပြောင်းလဲမှုဆိုင်ရာ၊ အမျိုးသားလုံခြုံရေးနဲ့ ဦးဆောင်မှုကဏ္ဍတွေ ဖြစ်ပါတယ်။

ကဏ္ဍတခုအတွက် အချိန် ၁၅ မိနစ် ပေးထားတာပါ။ ဦးဆောင်ဆွေးနွေးမယ့် သူကတော့ NBC ရုပ်သံက Kristen Welker ဖြစ်ပြီး ကဏ္ဍတခုစီအတွက် သူက မေးခွန်းတွေနဲ့ စဖွင့်ပေးမှာ ဖြစ်ပါတယ်။

SEE ALSO: Trump နဲ့ Biden ရုပ်သံကတဆင့် လူထုတွေ့ဆုံပွဲ ကျင်းပမည်

ဒုတိယအကြိမ် စကားစစ်ထိုးပွဲကို အောက်တိုဘာ ၁၅ ရက် ကြာသပတေးနေ့က Town Hall ပုံစံ မဲဆန္ဒရှင်တွေရဲ့ မေးမြန်းချက်ကို ဖြေကြားတဲ့ အစီအစဉ် ပြုလုပ်ခဲ့တာပါ။

သမ္မတ Trump က ဖလော်ရီဒါပြည်နယ် Miami မြို့ကနေ NBC ရုပ်သံဌာနကတဆင့် ပါဝင်သလို တချိန်တည်းမှာပဲ ဒီမိုကရက် သမ္မတလောင်း Biden ကလည်း ABC ရုပ်သံဌာနကတဆင့် Pennsylvania ပြည်နယ် Philadelphia မြို့ကနေ ပါဝင်ပြီး မဲဆန္ဒရှင်တွေနဲ့ ဆွေးနွေးပြီး မေးခွန်းတွေကို ဖြေကြားခဲ့ကြတာ ဖြစ်ပါတယ်။ ပထမအကြိမ် စကားစစ်ထိုးပွဲကိုတော့ စက်တင်ဘာလ ၂၉ ရက်နေ့မှာ ကျင်းပခဲ့တာပါ။

Your browser doesn’t support HTML5

ကန်သမ္မတလောင်း ၂ ဦး တတိယစကားစစ်ထိုးပွဲ ဘာတွေပြောကြမလဲ

------------------------

(Unicode)





SEE ALSO: အမေရိကန်သမ္မတလောင်းတွေရဲ့ ဒုတိယအကြိမ် စကားစစ်ထိုးပွဲပျက် 

