သက်တမ်းကုန်ဆုံးတော့မည့် သမ္မတ Trump ဖလော်ရီဒါထွက်ခွာမည်

ဇန်နဝါရီ ၁၂ ရက်နေ့က လက်ရှိအမေရိကန်သမ္မတ Donald Trump Maryland ကနေ Texas သို့ မထွက်ခွာခင် မြင်ကွင်း။ (ဇန်နဝါရီ ၁၂၊ ၂၀၂၁)

[Zawgyi/Unicode]

လက်ရှိသမ္မတ Donald Trump ရဲ့ လေးနှစ်တာ သမ္မတသက်တမ်းကတော့ ဒီကနေ့မှာပဲ ကုန်ဆုံးတော့မှာဖြစ်ပြီး ဒီကနေ့မနက်ပိုင်းမှာ အိမ်ဖြူတော်ကနေ ထွက်ခွာပြီးတဲ့နောက် Air Force One လေယာဉ်နဲ့ ဖလော်ရီဒါပြည်နယ်ကို သွားမှာဖြစ်ပါတယ်။

အရေအတွက် အတိအကျမသိတဲ့ ဧည့်သည်တော်တွေ တက်ရောက်မယ့် အိမ်ဖြူတော်က ထွက်ခွာပွဲအခမ်းအနားကို ကော်ဇောနီခင်း၊ ဂုဏ်ပြုတပ်ဖွဲ့က တီးမှုတ်ပြီးတော့ သေနတ် ၂၁ ချက်ပစ်ဖောက်ပြီး ကျင်းပဖို့ စီစဉ်ထားပါတယ်။

မစ္စတာထရမ့်ပ်ဟာ ဆယ်စုနှစ်ပေါင်းများစွာ ရှိလာတဲ့ အစဉ်အလာကို ချိုးဖောက်ပြီး မစ္စတာဘိုင်ဒန် သမ္မတသစ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်မှာ မဟုတ်ပါဘူး။

မစ္စတာထရမ့်ပ်အနေနဲ့ နိုင်ငံရေး ရည်မှန်းချက်တခုခုနဲ့ ဘာဆက်လုပ်မယ်ဆိုတာအပါအဝင် အနာဂတ်အခြေအနေကတော့ ရေရေရာရာ မသိရသေးပါဘူး။

SEE ALSO: ကန်သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုမည်

သူ့ရဲ့ သမ္မတသက်တမ်း မကုန်ဆုံးခင် နာရီပိုင်းတွေအတွင်းမှာပဲ သမ္မတထရမ့်ပ်က လူပေါင်း ၇၃ ယောက်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့ပြီး နောက်ထပ် အယောက် ၇၀ ကို ပြစ်ဒဏ်တွေ လေ ျှာ့ပေါ့ပေးလိုက်တဲ့အကြောင်း ဒီကနေ့အစောပိုင်းမှာ အိမ်ဖြူတော်ကကြေညာပါတယ်။

ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးလိုက်သူတွေထဲမှာ သမ္မတထရမ့်ပ်ရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့ မန်နေဂျာလုပ်ခဲ့ပြီး နောက်ပိုင်းမှာ အကြီးတန်းအကြံပေးပုဂ္ဂိုလ်ဖြစ်ခဲ့တဲ့ Steve Bannon လည်း ပါဝင်ပါတယ်။

Steve Bannon ဟာ အမေရိကန်-မက္ကဆီကိုနယ်စပ်မှာ တံတိုင်းဆောက်မယ်ဆိုပြီး လူထောင်ပေါင်းများစွာဆီကနေ ရန်ပုံငွေ လိမ်လည်ကောက်ခံခဲ့မှုစွဲချက်နဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

Your browser doesn’t support HTML5

သက်တမ်းကုန်ဆုံးတော့မည့် သမ္မတ Trump ဖလော်ရီဒါထွက်ခွာမည်

[Unicode Version]






SEE ALSO: သမ္မတတာဝန် ထမ်းဆောင်ဖို့ Joe Biden ဝါရှင်တန်မြို့တော်ကိုရောက်ရှိလာပြီ 


