ေရြးေကာက္ပဲြေနာက္ရက္ မဲေရတြက္မႈ အၾကမ္းဖက္မႈေတြ ရွိလာႏိုင္ Trump သတိေပး

Washington ၿမိဳ႕ေတာ္ရွိ အိမ္ျဖဴေတာ္မွာ ေတြ႔ရတဲ့ အေမရိကန္သမၼတ Donald Trump။ (ႏိုဝင္ဘာ ၀၃၊ ၂၀၂၀)

[Zawgyi/Unicode]

အေမရိကန္ျပည္ေထာင္စု တရား႐ံုးခ်ဳပ္က Pennsylvania ျပည္နယ္မွာ ေ႐ြးေကာက္ပြဲေန႔ ေနာက္ပိုင္းအထိ ေရာက္လာတဲ့မဲေတြကို ဆက္လက္ေရတြက္ခြင့္ျပဳထားတာေၾကာင့္ အၾကမ္းဖက္မႈေတြ ျဖစ္လာႏိုင္တယ္လို႔ သမၼတ Donald Trump က ေနာက္ဆံုးမဲဆြယ္ပဲြေန႔က သတိေပးခဲ့ပါတယ္။

စာတိုက္ကေန ပို႔တဲ့မဲေတြကို ေ႐ြးေကာက္ပြဲေန႔ေက်ာ္ ရက္ေတာ္ေတာ္ၾကာတဲ့အထိ ဆက္လက္လက္ခံေရတြက္မယ့္ကိစၥေၾကာင့္ မဲခိုးမႈေတြျဖစ္ေအာင္ ခြင့္ျပဳရာေရာက္သလို၊ အၾကမ္းဖက္မႈေတြျဖစ္လာလိမ့္မယ္လို႔ မေန႔က ေနာက္ဆံုးမဲဆြယ္ပြဲေန႔မွာ သမၼတက Twitter ေပၚမွာ ေရးသားခဲ့တာပါ။

SEE ALSO: ေနာက္ သမၼတ သက္တမ္း ၄ႏွစ္အတြက္ Trump နဲ႔ Biden ဘယ္သူ ျဖစ္မလဲ

ႀကိဳတင္ သေဘာထား စစ္တမ္းေတြအရ Pennsylvania ျပည္နယ္မွာ ၿပိဳင္ဘက္ Joe Biden က သမၼတ Trump ထက္ ေထာက္ခံမႈ အနည္းငယ္ ပိုရထားပါတယ္။ အဲဒီလို စာတိုက္ကပို႔တဲ့ မဲေတြနဲ႔ပတ္သက္ၿပီး သမၼတ ေရးသားတဲ့ Post ေအာက္မွာ ဒီအခ်က္ေတြက ေ႐ြးေကာက္ပြဲလုပ္ငန္းစဥ္အေပၚ အထင္မွားေစတယ္လို႔ Twitter ကေဖာ္ျပခဲ့ပါတယ္။ လမ္းေတြေပၚ အၾကမ္းဖက္မႈေတြ ျဖစ္လာႏိုင္တယ္လို႔ သမၼတ Trump သတိေပးတာနဲ႔ ပတ္သက္လို႔ သတင္းေထာက္ေတြက Joe Biden ကိုေမးျမန္းရာမွာ သူ႔အေနနဲ႔ ဒီအေပၚ တစံုတရာ မတံု႔ျပန္ဘဲ၊ လူေတြအမ်ားႀကီး မဲလာေပးၾကတဲ့ ႐ုိးသား ၿငိမ္းခ်မ္းတဲ့ ေ႐ြးေကာက္ပဲြျဖစ္မယ္လို႔ ေမ ွ်ာ္လင့္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

Your browser doesn’t support HTML5

ေရြးေကာက္ပဲြေနာက္ရက္ မဲေရတြက္မႈ အၾကမ္းဖက္မႈေတြ ရွိလာႏိုင္ Trump သတိေပး

[Unicode Version]

ရွေးကောက်ပွဲနောက်ရက် မဲရေတွက်မှု အကြမ်းဖက်မှုတွေ ရှိလာနိုင် Trump သတိပေး

အမေရိကန်ပြည်ထောင်စု တရားရုံးချုပ်က Pennsylvania ပြည်နယ်မှာ ရွေးကောက်ပွဲနေ့ နောက်ပိုင်းအထိ ရောက်လာတဲ့မဲတွေကို ဆက်လက်ရေတွက်ခွင့်ပြုထားတာကြောင့် အကြမ်းဖက်မှုတွေ ဖြစ်လာနိုင်တယ်လို့ သမ္မတ Donald Trump က နောက်ဆုံးမဲဆွယ်ပွဲနေ့က သတိပေးခဲ့ပါတယ်။

စာတိုက်ကနေ ပို့တဲ့မဲတွေကို ရွေးကောက်ပွဲနေ့ကျော် ရက်တော်တော်ကြာတဲ့အထိ ဆက်လက်လက်ခံရေတွက်မယ့်ကိစ္စကြောင့် မဲခိုးမှုတွေဖြစ်အောင် ခွင့်ပြုရာရောက်သလို၊ အကြမ်းဖက်မှုတွေဖြစ်လာလိမ့်မယ်လို့ မနေ့က နောက်ဆုံးမဲဆွယ်ပွဲနေ့မှာ သမ္မတက Twitter ပေါ်မှာ ရေးသားခဲ့တာပါ။

SEE ALSO: အႀကိတ္အနယ္ယွဥ္ရမယ့္ ျပည္နယ္ေတြ Trump နဲ႔ Biden အဓိကစည္း႐ုံး

ကြိုတင် သဘောထား စစ်တမ်းတွေအရ Pennsylvania ပြည်နယ်မှာ ပြိုင်ဘက် Joe Biden က သမ္မတ Trump ထက် ထောက်ခံမှု အနည်းငယ် ပိုရထားပါတယ်။ အဲဒီလို စာတိုက်ကပို့တဲ့ မဲတွေနဲ့ပတ်သက်ပြီး သမ္မတ ရေးသားတဲ့ Post အောက်မှာ ဒီအချက်တွေက ရွေးကောက်ပွဲလုပ်ငန်းစဉ်အပေါ် အထင်မှားစေတယ်လို့ Twitter ကဖော်ပြခဲ့ပါတယ်။ လမ်းတွေပေါ် အကြမ်းဖက်မှုတွေ ဖြစ်လာနိုင်တယ်လို့ သမ္မတ Trump သတိပေးတာနဲ့ ပတ်သက်လို့ သတင်းထောက်တွေက Joe Biden ကိုမေးမြန်းရာမှာ သူ့အနေနဲ့ ဒီအပေါ် တစုံတရာ မတုံ့ပြန်ဘဲ၊ လူတွေအများကြီး မဲလာပေးကြတဲ့ ရိုးသား ငြိမ်းချမ်းတဲ့ ရွေးကောက်ပွဲဖြစ်မယ်လို့ မေ ျှာ်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။