ေဆး႐ုံကဆင္းၿပီး သမၼတ Trump ပထမဦးဆုံးအႀကိမ္ လူထုေတြ႔ဆုံပြဲ က်င္းပ

အိမ္ျဖဴေတာ္ ေလသာေဆာင္ကေန မိန္႔ခြန္းေျပာေနတဲ့ သမၼတ Trump. (ေအာက္တိုဘာ ၁၀၊ ၂၀၂၀)

(Zawgyi / Unicode)

COVID-19 ကူးစက္ခံရခ်ိန္ကစၿပီး ပထမဆံုးျပဳလုပ္တဲ့ လူထုေတြ႔ဆံုပြဲကို အေမရိကန္သမၼတ Donald Trump က သမၼတအိမ္ျဖဴေတာ္မွာ စေနေန႔က က်င္းပခဲ့ပါတယ္။

ႏုိဝင္ဘာလ ၃ ရက္ေန႔မွာ သမၼတေရြးေကာက္ပြဲ က်င္းပေတာ့မွာ ျဖစ္တဲ့အတြက္ ဒီေရာဂါနဲ႔ ေဆး႐ုံမွာ ၃ ရက္ၾကာ တက္ေရာက္ကုသခံခဲ့ရတဲ့ သမၼတ Trump က သူ႔ရဲ႕ မဲဆြယ္ပြဲေတြ ျပန္စတဲ့အေနနဲ႔ အခုလို က်င္းပတာလည္း ျဖစ္ပါတယ္။ သမၼတရဲ႕ က်န္းမာေရးနဲ႔ ပတ္သက္လို႔ေတာ့ ေမးခြန္းေတြ ထုတ္ေနၾကဆဲ ျဖစ္ပါတယ္။

SEE ALSO: ေဆးရံုက ဆင္းသြားတဲ့ သမၼတ Trump ကို အိမ္ျဖဴေတာ္မွာ အခ်ိန္ျပည့္ ေစာင့္ၾကည့္ဖို႔ရွိ

ဒီလူထုေတြ႔ဆံုပြဲမွာ တက္ေရာက္လာသူ အမ်ားစုဟာ ဒီေရာဂါကူးစက္မႈ ပိုမ်ားတယ္လို႔ သတ္မွတ္ခံထားတဲ့ လူမည္းနဲ႔ လက္တင္အေမရိက ႏြယ္ဖြားေတြ ျဖစ္ပါတယ္။

ပရိသတ္ကို အိမ္ျဖဴေတာ္ ေလသာေဆာင္ကေန ထြက္လာၿပီး ႏႈတ္ဆက္မိန္႔ခြန္းေျပာတဲ့ သမၼတကေတာ့ ႏွာေခါင္းစည္း တပ္မထားပါဘူး။ ဒီေရာဂါ ျပန္ျပန္ျဖစ္တတ္ေပမယ့္ ၿပီးသြားမွာျဖစ္ေၾကာင္းနဲ႔ ကာကြယ္ေဆးကေတာ့ စံခ်ိန္တင္ေလာက္ေအာင္ အျမန္ဆံုး ထြက္လာမွာျဖစ္ေၾကာင္းလည္း အေထာက္အထား မျပဘဲ ေျပာၾကားခဲ့တာပါ။

အိမ္ျဖဴေတာ္မွာ က်င္းပတဲ့ သမၼတ Trump လူထုေတြ႔ဆုံပြဲ တက္ေရာက္လာသူမ်ား။ (ေအာက္တိုဘာ ၁၀၊ ၂၀၂၀)

ဒီပြဲကို တရားဥပေဒစိုးမိုးေရးအတြက္ ၿငိမ္းခ်မ္းစြာ ဆႏၵျပပြဲလို႔ နာမည္ေပးထားၿပီး ဒီပြဲကို တက္ေရာက္လာသူေတြ အေနနဲ႔ ႏွာေခါင္းစည္းတပ္ရမွာ ျဖစ္သလို ကိုယ္အပူခ်ိန္တိုင္းတာအျပင္ တေယာက္နဲ႔တေယာက္ ခပ္ခြာခြာေနဖို႔ လုိပါတယ္။ ဒါေပမယ့္ တက္ေရာက္လာသူ အမ်ားစုဟာ ႏွာေခါင္းစည္း တပ္ၾကေပမယ့္ တေယာက္နဲ႔တေယာက္ ခပ္ခြာခြာ သိပ္မေနၾကဘူးလို႔ AP သတင္းမွာ ေဖာ္ျပထားပါတယ္။

လူအမ်ားအျပားနဲ႔ ေတြ႔ဆံုခဲ့တဲ့ သမၼတရဲ႕ ေနာက္ဆံုးပြဲကေတာ့ စက္တင္ဘာလ ၂၆ ရက္ေန႔က က်င္းပတဲ့ တရား႐ုံးခ်ဳပ္ တရားသူႀကီးအျဖစ္ အမည္စာရင္း တင္သြင္းတဲ့ Amy Coney Barrett မိတ္ဆက္ပြဲျဖစ္ပါတယ္။ အဲဒီပြဲကို တက္ေရာက္လာသူ ၂၀၀ ေက်ာ္ရွိၿပီး အမ်ားစုက ႏွာေခါင္းစည္း မတပ္ၾကပါဘူး။

သမၼတအိမ္ျဖဴ ႏွင္းဆီဥယ်ာဥ္မွာ က်င္းပတဲ့ ဒီပြဲေနာက္ပိုင္း သမၼတနဲ႔ သမၼတကေတာ္ Melania Trump အျပင္ အမ်ားအျပား ဒီေရာဂါ ကူးစက္ခံခဲ့ရတာပါ။

စေနေန႔က်င္းပတဲ့ ဒီပြဲနဲ႔ပတ္သက္ၿပီး အေမရိကန္ ကူးစက္ေရာဂါဆိုင္ရာ အထူးကၽြမ္းက်င္သူ Dr. Anthony Fauci က သမၼတအိမ္ျဖဴအေနနဲ႔ ႏွာေခါင္းစည္း မတပ္တဲ့ လူထုစုေဝးမႈေတြကို ေရွာင္ၾကဥ္ဖုိ႔ သတိေပးခဲ့ပါတယ္။

ေအာက္တိုဘာလ ၁ ရက္ေန႔မွာ COVID-19 ကူးစက္ခံရတဲ့ လကၡဏာေတြ စေတြ႔ရတဲ့ သမၼတ Trump ရဲ႕ အေျခေနဟာ အခုအခါမွာ ဆက္ၿပီး တည္ၿငိမ္မႈရွိေနတာ ေတြ႔ရတဲ့အျပင္ ဖ်ားနာမႈလည္း မရွိတဲ့အတြက္ စေနေန႔မွာ ပြဲေတြ ျပန္က်င္းပႏုိင္ၿပီျဖစ္ေၾကာင္း ေအာက္တိုဘာ ၈ ရက္ေန႔မွာ သမၼတရဲ႕ သမားေတာ္ႀကီး Sean Conley က ေၾကညာခ်က္ထုတ္ျပန္ ေျပာဆိုခဲ့တာပါ။

Your browser doesn’t support HTML5

ေဆး႐ုံကဆင္းၿပီး သမၼတ Trump ပထမဦးဆုံးအႀကိမ္ လူထုေတြ႔ဆုံပြဲ က်င္းပ

------------------

(Unicode)

ဆေးရုံကဆင်းပြီး သမ္မတ Trump ပထမဦးဆုံးအကြိမ် လူထုတွေ့ဆုံပွဲ ကျင်းပ

COVID-19 ကူးစက်ခံရချိန်ကစပြီး ပထမဆုံးပြုလုပ်တဲ့ လူထုတွေ့ဆုံပွဲကို အမေရိကန်သမ္မတ Donald Trump က သမ္မတအိမ်ဖြူတော်မှာ စနေနေ့က ကျင်းပခဲ့ပါတယ်။

နိုဝင်ဘာလ ၃ ရက်နေ့မှာ သမ္မတရွေးကောက်ပွဲ ကျင်းပတော့မှာ ဖြစ်တဲ့အတွက် ဒီရောဂါနဲ့ ဆေးရုံမှာ ၃ ရက်ကြာ တက်ရောက်ကုသခံခဲ့ရတဲ့ သမ္မတ Trump က သူ့ရဲ့ မဲဆွယ်ပွဲတွေ ပြန်စတဲ့အနေနဲ့ အခုလို ကျင်းပတာလည်း ဖြစ်ပါတယ်။ သမ္မတရဲ့ ကျန်းမာရေးနဲ့ ပတ်သက်လို့တော့ မေးခွန်းတွေ ထုတ်နေကြဆဲ ဖြစ်ပါတယ်။

ဒီလူထုတွေ့ဆုံပွဲမှာ တက်ရောက်လာသူ အများစုဟာ ဒီရောဂါကူးစက်မှု ပိုများတယ်လို့ သတ်မှတ်ခံထားတဲ့ လူမည်းနဲ့ လက်တင်အမေရိက နွယ်ဖွားတွေ ဖြစ်ပါတယ်။

ပရိသတ်ကို အိမ်ဖြူတော် လေသာဆောင်ကနေ ထွက်လာပြီး နှုတ်ဆက်မိန့်ခွန်းပြောတဲ့ သမ္မတကတော့ နှာခေါင်းစည်း တပ်မထားပါဘူး။ ဒီရောဂါ ပြန်ပြန်ဖြစ်တတ်ပေမယ့် ပြီးသွားမှာဖြစ်ကြောင်းနဲ့ ကာကွယ်ဆေးကတော့ စံချိန်တင်လောက်အောင် အမြန်ဆုံး ထွက်လာမှာဖြစ်ကြောင်းလည်း အထောက်အထား မပြဘဲ ပြောကြားခဲ့တာပါ။

ဒီပွဲကို တရားဥပဒေစိုးမိုးရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြပွဲလို့ နာမည်ပေးထားပြီး ဒီပွဲကို တက်ရောက်လာသူတွေ အနေနဲ့ နှာခေါင်းစည်းတပ်ရမှာ ဖြစ်သလို ကိုယ်အပူချိန်တိုင်းတာအပြင် တယောက်နဲ့တယောက် ခပ်ခွာခွာနေဖို့ လိုပါတယ်။ ဒါပေမယ့် တက်ရောက်လာသူ အများစုဟာ နှာခေါင်းစည်း တပ်ကြပေမယ့် တယောက်နဲ့တယောက် ခပ်ခွာခွာ သိပ်မနေကြဘူးလို့ AP သတင်းမှာ ဖော်ပြထားပါတယ်။

SEE ALSO: သမၼတ Trump အိမ္ျဖဴေတာ္မွာ ရုံးျပန္တက္

လူအများအပြားနဲ့ တွေ့ဆုံခဲ့တဲ့ သမ္မတရဲ့ နောက်ဆုံးပွဲကတော့ စက်တင်ဘာလ ၂၆ ရက်နေ့က ကျင်းပတဲ့ တရားရုံးချုပ် တရားသူကြီးအဖြစ် အမည်စာရင်း တင်သွင်းတဲ့ Amy Coney Barrett မိတ်ဆက်ပွဲဖြစ်ပါတယ်။ အဲဒီပွဲကို တက်ရောက်လာသူ ၂၀၀ ကျော်ရှိပြီး အများစုက နှာခေါင်းစည်း မတပ်ကြပါဘူး။

သမ္မတအိမ်ဖြူ နှင်းဆီဥယျာဉ်မှာ ကျင်းပတဲ့ ဒီပွဲနောက်ပိုင်း သမ္မတနဲ့ သမ္မတကတော် Melania Trump အပြင် အများအပြား ဒီရောဂါ ကူးစက်ခံခဲ့ရတာပါ။

စနေနေ့ကျင်းပတဲ့ ဒီပွဲနဲ့ပတ်သက်ပြီး အမေရိကန် ကူးစက်ရောဂါဆိုင်ရာ အထူးကျွမ်းကျင်သူ Dr. Anthony Fauci က သမ္မတအိမ်ဖြူအနေနဲ့ နှာခေါင်းစည်း မတပ်တဲ့ လူထုစုဝေးမှုတွေကို ရှောင်ကြဉ်ဖို့ သတိပေးခဲ့ပါတယ်။

အောက်တိုဘာလ ၁ ရက်နေ့မှာ COVID-19 ကူးစက်ခံရတဲ့ လက္ခဏာတွေ စတွေ့ရတဲ့ သမ္မတ Trump ရဲ့ အခြေနေဟာ အခုအခါမှာ ဆက်ပြီး တည်ငြိမ်မှုရှိနေတာ တွေ့ရတဲ့အပြင် ဖျားနာမှုလည်း မရှိတဲ့အတွက် စနေနေ့မှာ ပွဲတွေ ပြန်ကျင်းပနိုင်ပြီဖြစ်ကြောင်း အောက်တိုဘာ ၈ ရက်နေ့မှာ သမ္မတရဲ့ သမားတော်ကြီး Sean Conley က ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့တာပါ။