ကန်တရားရုံးချုပ်ဆုံးဖြတ်ချက် Trump တရားစွဲခံရမှု တစုံတရာ ကင်းလွတ်ခွင့်ရရှိ

လာမယ့်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်မယ့် ရီပတ်ဘလီကန်သမ္မတဟောင်း Trump

၂၀၂၀ သမ္မတရွေးကောက်ပွဲရှုံးနိမ့်ခဲ့တာကို ပြောင်းလဲဖို့ကြိုးစားခဲ့တဲ့ အမေရိကန်သမ္မတဟောင်း Donald Trump အနေနဲ့ သမ္မတသက်တမ်း အတွင်း တရားဝင်ဆောင်ရွက်မှုတွေမှာ တရားစွဲခံရတာမျိုးကနေ ကင်းလွတ်ခွင့်ရှိတယ်လို့ အမေရိကန်တရားရုံးချုပ်က တနင်္လာနေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမယ့်လည်း တရားဝင်မဟုတ်တဲ့ဆောင်ရွက်ချက်တွေကိုတော့ တရားစွဲဆိုမှုတွေကနေ ကင်းလွတ်ခွင့်ပေးမထားပါဘူး။

အမေရိကန်တရားရုံးချုပ်ရဲ့ တရားသူကြီး ကိုးဦး (အောက်တိုဘာ ၇၊ ၂၀၂၂)

တရားသူကြီး ၉ ဦးရှိတဲ့ တရားရုံးချုပ်မှာ ထောက်ခံမဲ ၆ မဲ၊ ကန့်ကွက်မဲ ၃ မဲနဲ့ အတည်ပြုခဲ့တာပါ။ ဘယ်လိုဆောင်ရွက်ချက်တွေကို တရားစွဲဆိုနိုင်မလဲဆိုတာကိုတော့ အောက်တရားရုံးတွေက ဆက်လက်ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခု တရားရုံးချုပ်ဆုံးဖြတ်ချက်ကြောင့် ရီပတ်ဘလစ်ကန်ပါတီရဲ့ သမ္မတလောင်းဖြစ်လာနိုင်ခြေရှိတဲ့ Trump ရဲ့အမှုတွေကို လာမယ့် နိုဝင်ဘာ ၅ ရက် သမ္မတရွေးကောက်ပွဲမတိုင်ခင် ကြားနာစစ်ဆေးနိုင်မှာ မဟုတ်ပါဘူး။ လာမယ့်ရွေးကောက်ပွဲမှာတော့ ၂၀၂၀ ခုနှစ်မှာ ယှဥ်ပြိုင်ခဲ့တဲ့ သမ္မတဂျိုးဘိုင်ဒန်နဲ့ Trump နောက်ထပ်ယှဥ်ပြိုင်အရွေးခံရမယ့်ပုံရှိနေပါတယ်။

မြို့တော်ဝါရှင်တန်ဒီစီမှာရှိတဲ့ အမေရိကန်တရားရုံးချုပ် (ဇူလိုင် ၁၊ ၂၀၂၄) .

၂၀၂၀ ရွေးကောက်ပွဲရလဒ်နဲ့ပတ်သက်လို့ သူ့ဘက်က ဘာအမှားအယွင်းမှမလုပ်ခဲ့ဘူးလို့ သမ္မတဟောင်းထရမ့်က ငြင်းဆိုခဲ့ပေမယ့် မဲရလဒ်တွေရေတွက်ရာမှာ မမှန်မကန်လုပ်ရပ်တွေရှိခဲ့တယ်ဆိုပြီး အချိန်အတာ်ကြာအောင် လုပ်ကြံပြောဆိုခဲ့တာပါ။

လာမယ့်နိုဝင်ဘာရွေးကောက်ပွဲမှာ သူရှုံးနိမ့်ခဲ့မယ်ရင်တော့ ၂၀၂၀ ရွေးကောက်ပွဲနဲ့ဆက်စပ်နေနဲ့စွဲချက်တွေနဲ့ ထရပ်မ့် တရားရင်ဆိုင်ရနိုင်ခြေရှိပါတယ်။ ဒါပေမယ့်လည်း ရွေးကောက်ပွဲအနိုင်ခဲ့ရင်တော့ ရှေ့နေချုပ်ကို သူ့စိတ်ကြိုက်ရွေးချယ်ခန့်အပ်နိုင်တဲ့အတွက် သူ့အမှုတွေပယ်ဖျက်ပစ်နိုင်ပါတယ်။

Your browser doesn’t support HTML5

ကန်တရားရုံးချုပ်ဆုံးဖြတ်ချက် Trump တရားစွဲခံရမှု တစုံတရာကင်းလွတ်ခွင့်ရရှိ