သမ္မတ Trump ဂျပန်ခရီး စတင်

အမေရိကန်သမ္မတ Donald Trump နဲ့ ဂျပန်ဝန်ကြီးချုပ် Shinzo Abe (စက်တင်ဘာ၊ ၂၆၊ ၂၀၁၈)

အမေရိကန်သမ္မတ Donald Trump ရဲ့ ၄ ရက်တာ ဂျပန်ခရီးစဉ် စတင်လိုက်ပြီး ဒီခရီးစဉ်အတွင်း အခမ်းအနားတွေနဲ့ အားကစားပွဲတွေ အသားပေး တက်ရောက်ဖို့ စီစဉ်ထားပါတယ်။

ဒီခရီးစဉ်အတွင်း ဂျပန်ဝန်ကြီးချုပ် Shinzo Abe နဲ့ တွေ့ဆုံဖို့ စီစဉ်ထားပေးမယ့် သဘောတူညီချက်တွေ ရယူဖို့က အဓိက ထားသွားရောက်မှာ မဟုတ်ဘူးလို့ သုံးသပ်ကြပါတယ်။

တနင်္လာနေ့မှာ ခေါင်းဆောင် ၂ ယောက် တွေ့ဖို့ စီစဉ်ထားပြီး ကုန်သွယ်ရေးနဲ့ ကာကွယ်ရေးအကြောင်း ဆွေးနွေးဖို့ ရှိ-မရှိ မသိရပေမယ့် ၂ နိုင်ငံ ဆက်ဆံရေးနဲ့ ပတ်သက်ပြီး ဒီခရီးစဉ်အပြီးမှာ ကြေညာသွားဖို့ရှိကြောင်း အမေရိကန်အကြီးတန်း အရာရှိ တဦးက ထောက်ပြပြောဆိုပါတယ်။

သမ္မတ Trump က ဂျပန်ဧကရာဇ်သစ်နဲ့ ညစာစားပွဲတက်ရောက်ဖို့ ရှိသလို ဝန်ကြီးချုပ်နဲ့ ဂေါက်ရိုက်ဖို့ စီစဉ်ထားပြီး Trump ဖလား လို့ နာမည်ပေးထားတဲ့ ဆူမိုနပန်းသတ်ပွဲကို တက်ရောက်မှာလည်း ဖြစ်ပါတယ်။

နောက်လမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ G20 ကမ္ဘာ့ထိပ်သီးခေါင်းဆောင်များ ညီလာခံကို Osaka မြို့မှာ ကျင်းပဖို့ Trump ကတိပေးထားတဲ့အတိုင်း ဆောက်ရွက်ရေးအတွက် တိုကျိုမြို့မှာ Trump နဲ့ တွေ့ဆုံစဉ် Abe က နားချဖို့ ရည်မှန်းထားတာပါ။

Your browser doesn’t support HTML5

သမ္မတ Trump ဂျပန်ခရီး စတင်