သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်လယ်သမားတွေကို အစိုးရက နောက်ထပ် ဒေါ်လာ ၁၆ ဘီလီယံ ထောက်ပံ့မည်


အမေရိကန် သမ္မတ Doanld Trump က တရုတ်နိုင်ငံနဲ့ ဖြစ်ပွားနေတဲ့ ကုန်သွယ်ရေး စစ်ပွဲကြောင့် ထိခိုက် နစ်နာနေတဲ့ အမေရိကန် လယ်သမားတွေကို နောက်ထပ် ထောက်ပံ့ကြေး ၁၆ ဘီလီယံ ပေးမယ်လို့ ကြာသပတေးနေ့က ပြောပါတယ်။

သမ္မတ အိမ်ဖြူတော်မှာ အာလူးစိုက်ပျိုးရေးသမား တွေ၊ နို့ထွက်ပစ္စည်း ထုတ်လုပ်သူတွေ ခြံရံထားတဲ့ သမ္မတက ဒီ ငွေကြေးက အမေရိကန် လယ်ယာတွေကို ကြီးပွားစေမှာ ဖြစ်ပြီး ဘယ်နိုင်ငံကမှ အမေရိကန် စီးပွားရေးနဲ့ အမျိုးသား လုံခြုံရေးအပေါ် ဗီတိုအာဏာ မသုံးနိုင်ဘူးဆိုတာကို ရှင်းရှင်းလင်းလင်း သိစေမယ်လို့ ပြောပါတယ်။

ဒီ တစ်ကြိမ်ဟာ အမေရိကန် လယ်သမားတွေကို ဒုတိယအကြိမ် ထောက်ပံ့ကြေး ပေးတာပါ။ ပြီးခဲ့တဲ့ နှစ်ကလည်း တရုတ်က အခွန် စည်းကျပ်လို့ ထိခိုက်နစ်နာတဲ့ လယ်သမားတွေကို အမေရိကန် ဒေါ်လာ ၁၂ ဘီလီယံ ထောက်ပံ့ကြေး ပေးခဲ့ပါသေးတယ်။

ထောက်ပံ့ကြေးငွေ အများစုကတော့ ပဲပိစပ်၊ ပြောင်း၊ မြေပဲနဲ့ ဂျုံ စိုက် လယ်သမားတွေဆီ ရောက်မှာ ဖြစ်ပါတယ်။ အမေရိကန် လယ်ယာ စိုက်ပျိုးရေး ဝန်ကြီး Sonny Perdue က လယ်သမားတွေ သက်သာချောင်ချိရေးအတွက် သမ္မတ ထရမ့် ဒီလောက် စိုးရိမ် ပူပန်တာမျိုး သူ မမြင်ဘူးခဲ့ကြောင်း ပြောပါတယ်။

သမ္မတ ထရမ့်က သူ မှန်ကန်တာတွေ လုပ်နေကြောင်း ပြောနေတဲ့တစ်ချိန်တည်းမှာပဲ ကုန်သွယ်ရေး ကျွမ်းကျင်သူတွေက ဒါဟာ နိုင်ငံရေးကစားတာဖြစ်ပြီး လယ်သမားတွေအနေနဲ့ တရုတ်ဈေးကွက် ပြန်လည်ရရှိဖို့ကို ပိုပြီး စိုးရိမ်နေကြကြောင်း ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG