[Zawgyi/Unicode]
အမေရိကန်သမ္မတ Donald Trump ကို ရာထူးကနေ ဖယ်ရှားနိုင်တဲ့ ဖွဲ့စည်းပုံပြင်ဆင်ချက် ၂၅ ကို Trump အစိုးရ Cabinet ဝန်ကြီးအဖွဲ့ အသုံးပြုဖို့ အောက်လွှတ်တော်အမတ်တွေ ဒီနေ့ ဆုံးဖြတ်တောင်းဆိုမယ်လို့ အောက်လွှတ်တော် ဥက္ကဋ္ဌ Nancy Pelosi ကပြောကြားပါတယ်။ လွှတ်တော်ရဲ့တောင်းဆိုချက်ကို ဒုသမ္မတ Mike Pence ဘက်က ၂၄ နာရီအတွင်း မတုံ့ပြန်ရင် သမ္မတအပေါ် တရားစွဲရေးအတွက် အောက်လွှတ်တော်မှာ ဆုံးဖြတ်ဆောင်ရွက်သွားမယ်လို့ Democratic ပါတီဝင်တွေဆီ အောက်လွှတ်တော်ဥက္ကဋ္ဌ Pelosi ပေးပို့တဲ့ စာထဲမှာ ရေးသားထားပါတယ်။
SEE ALSO: သမ္မတကျမ်းသစ္စာဆိုမည့်နေ့ အကြမ်းဖက်မှုဖြစ်နိုင်ခြေ ဒီမိုကရက်ခေါင်းဆောင်သတိပေးသမ္မတဟာ အမေရိကန်ရဲ့ ဖွဲ့စည်းပုံနဲ့ ဒီမိုကရေစီစနစ်အတွက် ကြီးမားတဲ့အန္တရာယ်ဖြစ်နေတာမို့ ဒါကိုကာကွယ်ဖို့အတွက် အရေးပေါ် ဆောင်ရွက်သွားမယ်လို့ စာထဲမှာ ရေးသားထားပါတယ်။ အမေရိကန်လွှတ်တော်အဆောက်အဦးထဲကို သမ္မတ Trump အပေါ် ထောက်ခံသူတွေ အတင်းဝင်ရောက်တိုက်ခိုက်ခဲ့ကြပြီးနောက် ဒီဖြစ်ရပ်အတွက် သမ္မတရာထူးကနေဆင်းပေးဖို့ တောင်းဆိုမှုတွေ တိုးနေတာဖြစ်ပါတယ်။
သမ္မတကြောင့် အမေရိကန်ဒီမိုကရေစီအပေါ် စော်ကားကျူးလွန်မှုတွေ အရှိန်မြင့်လာနေတဲ့အတွက် ချက်ချင်း တုံ့ပြန်ဆောင်ရွက်ဖို့လိုအပ်တယ်လို့ အောက်လွှတ်တော်ဥက္ကဋ္ဌက ပြောကြားထားပါတယ်။ လက်ရှိသမ္မတသက်တမ်းကုန်ဖို့ ရက်ပိုင်းအလိုမှာ အောက်လွှတ်တော်ဥက္ကဋ္ဌရဲ့ ဆောင်ရွက်ချက်အပေါ် သမ္မတရော အိမ်ဖြူတော်ကပါ တုံ့ပြန်ခြင်း မရှိသေးပါဘူး။
Your browser doesn’t support HTML5
[Unicode Version]
SEE ALSO: ကန် ကွန်ဂရက်လွှတ်တော်ထဲ ဖျက်ဆီးဝင်ရောက်သူတွေ ဖော်ထုတ်အရေးယူဖို့ လုပ်ဆောင်နေသမ်မတဟာ အမရေိကနျရဲ့ ဖှဲ့စညျးပုံနဲ့ ဒီမိုကရစေီစနဈအတှကျ ကွီးမားတဲ့အန်တရာယျဖွဈနတောမို့ ဒါကိုကာကှယျဖို့အတှကျ အရေးပေါျ ဆောငျရှကျသှားမယျလို့ စာထဲမှာ ရေးသားထားပါတယျ။ အမရေိကနျလှှတျတောျအဆောကျအဦးထဲကို သမ်မတ Trump အပေါျ ထောကျခံသူတှေ အတငျးဝငျရောကျတိုကျခိုကျခဲ့ကွပွီးနောကျ ဒီဖွဈရပျအတှကျ သမ်မတရာထူးကနဆေငျးပေးဖို့ တောငျးဆိုမှုတှေ တိုးနတောဖွဈပါတယျ။