(Zawgyi / Unicode)
ဒီမုိကရက္ပါတီက ၿပိဳင္ဘက္သမၼတေလာင္း Joe Biden ကုိ ႏုိဝင္ဘာေရြးေကာက္ပြဲမွာ ႐ႈံးနိမ့္ခဲ့တဲ့ရလဒ္ကုိ ေျပာင္းလဲဖုိ႔အတြက္ ဥပေဒေၾကာင္းအရ မေအာင္မျမင္ ႀကိဳးစားေနတဲ့ သမၼတ Donald Trump ကုိ ေထာက္ခံသူေတြ ေထာင္နဲ႔ခ်ီၿပီး ၿမိဳ႕ေတာ္ ဝါရွင္တန္ဒီစီမွာ စေနေန႔က ခ်ီတက္ ဆႏၵျပခဲ့ၾကပါတယ္။
နယူးေယာက္ၿမိဳ႕က West Point စစ္တကၠသုိလ္မွာ က်င္းပတဲ့ ေျခလ်င္တပ္ဖြဲ႔နဲ႔ ေရတပ္တုိ႔ ကစားၾကတဲ့ အေမရိကန္ေဘာလုံးပြဲ သြားေနတဲ့ သမၼတ Trump ရဲ႕ ရဟတ္ယာဥ္ ဆႏၵျပလူအုပ္ေပၚက ပ်ံသြားတဲ့အခ်ိန္မွာ လူထုႀကီးက သူ႔ကုိေထာက္ခံတဲ့ ေႂကြးေၾကာ္သံေတြ ေအာ္ဟစ္ခဲ့ၾကပါတယ္။
SEE ALSO: ျပည္နယ္ ၄ ခု မဲရလဒ္အျငင္းပြားမႈ ကန္တရား႐ုံးခ်ဳပ္ ပယ္ခ်ဒီဆႏၵျပပြဲအတြက္ သီတင္းပတ္အေတာ္ၾကာ ႀကိဳတင္ျပင္ဆင္ခဲ့တာ ျဖစ္ေပမယ့္ “မဲခုိးမႈေတြကုိ ရပ္တန္႔တဲ့ ဆႏၵျပပြဲအတြက္ လူေတြ ေထာင္နဲ႔ခ်ီၿပီး ဝါရွင္တန္ဒီစီကုိ ေရာက္လာၾကတယ္၊ ဒီလုိလုပ္ၾကမယ္ဆုိတာ ႀကိဳမသိထားခဲ့၊ သူတုိ႔နဲ႔ မၾကာခင္မွာ ေတြ႔ဆုံမယ္” လုိ႔ ႐ုတ္တရက္ အံ့အားသင့္သေယာင္ တြစ္တာ လူမႈကြန္ရက္ကေန သမၼတ Trump က ေရးသားခဲ့ပါတယ္။
Electoral College လုိ႔ေခၚတဲ့ ျပည္နယ္ကုိယ္စားျပဳ သမၼတေရြးခ်ယ္ေရးအဖြဲ႔က ႏုိဝင္ဘာ ၃ ရက္ေန႔မွာ က်င္းပခဲ့တဲ့ သမၼတေရြးေကာက္ပြဲမွာ Joe Biden ဟာ အေမရိကန္ျပည္ေထာင္စုရဲ႕ ၄၆ ေယာက္ေျမာက္ သမၼတအျဖစ္ ေရြးခ်ယ္ခံရေၾကာင္း တရားဝင္ေၾကညာဖုိ႔ ၂ ရက္အလုိမွာ လက္ရွိသမၼတ Donald Trump ကုိ ေထာက္ခံသူေတြ ခ်ီတက္ ဆႏၵျပေနၾကတာပါ။
Electoral College က တနလၤာေန႔မွာ တရားဝင္ ေၾကညာခ်က္ ထုတ္ျပန္မွာ ျဖစ္ပါတယ္။
Your browser doesn’t support HTML5
သမၼတ Trump ကုိ ေထာက္ခံသူေတြ ဝါရွင္တန္မွာ စုေဝး
----------------------
(Unicode)
သမ္မတ Trump ကို ထောက်ခံသူတွေ ဝါရှင်တန်မှာ စုဝေး
ဒီမိုကရက်ပါတီက ပြိုင်ဘက်သမ္မတလောင်း Joe Biden ကို နိုဝင်ဘာရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ရလဒ်ကို ပြောင်းလဲဖို့အတွက် ဥပဒေကြောင်းအရ မအောင်မမြင် ကြိုးစားနေတဲ့ သမ္မတ Donald Trump ကို ထောက်ခံသူတွေ ထောင်နဲ့ချီပြီး မြို့တော် ဝါရှင်တန်ဒီစီမှာ စနေနေ့က ချီတက် ဆန္ဒပြခဲ့ကြပါတယ်။
နယူးယောက်မြို့က West Point စစ်တက္ကသိုလ်မှာ ကျင်းပတဲ့ ခြေလျင်တပ်ဖွဲ့နဲ့ ရေတပ်တို့ ကစားကြတဲ့ အမေရိကန်ဘောလုံးပွဲ သွားနေတဲ့ သမ္မတ Trump ရဲ့ ရဟတ်ယာဉ် ဆန္ဒပြလူအုပ်ပေါ်က ပျံသွားတဲ့အချိန်မှာ လူထုကြီးက သူ့ကိုထောက်ခံတဲ့ ကြွေးကြော်သံတွေ အော်ဟစ်ခဲ့ကြပါတယ်။
SEE ALSO: Joe Biden အႏုိင္ရမႈ ကန္႔ကြက္တဲ့ Pennsylvania ျပည္နယ္ ရီပတ္ဘလီကန္ေတြရဲ႕ ႀကိဳးပမ္းခ်က္ ကန္ တရားရုံးခ်ဳပ္ ပယ္ခ်ဒီဆန္ဒပြပွဲအတွက် သီတင်းပတ်အတော်ကြာ ကြိုတင်ပြင်ဆင်ခဲ့တာ ဖြစ်ပေမယ့် “မဲခိုးမှုတွေကို ရပ်တန့်တဲ့ ဆန္ဒပြပွဲအတွက် လူတွေ ထောင်နဲ့ချီပြီး ဝါရှင်တန်ဒီစီကို ရောက်လာကြတယ်၊ ဒီလိုလုပ်ကြမယ်ဆိုတာ ကြိုမသိထားခဲ့၊ သူတို့နဲ့ မကြာခင်မှာ တွေ့ဆုံမယ်” လို့ ရုတ်တရက် အံ့အားသင့်သယောင် တွစ်တာ လူမှုကွန်ရက်ကနေ သမ္မတ Trump က ရေးသားခဲ့ပါတယ်။
Electoral College လို့ခေါ်တဲ့ ပြည်နယ်ကိုယ်စားပြု သမ္မတရွေးချယ်ရေးအဖွဲ့က နိုဝင်ဘာ ၃ ရက်နေ့မှာ ကျင်းပခဲ့တဲ့ သမ္မတရွေးကောက်ပွဲမှာ Joe Biden ဟာ အမေရိကန်ပြည်ထောင်စုရဲ့ ၄၆ ယောက်မြောက် သမ္မတအဖြစ် ရွေးချယ်ခံရကြောင်း တရားဝင်ကြေညာဖို့ ၂ ရက်အလိုမှာ လက်ရှိသမ္မတ Donald Trump ကို ထောက်ခံသူတွေ ချီတက် ဆန္ဒပြနေကြတာပါ။
Electoral College က တနင်္လာနေ့မှာ တရားဝင် ကြေညာချက် ထုတ်ပြန်မှာ ဖြစ်ပါတယ်။