ကန်နဲ့ UAE သမ္မတ အိမ်ဖြူတော်မှာတွေ့ဆုံ

အမေရိကန်ကို ချစ်ကြည်ရေးခရီးရောက်လာတဲ့ အာရပ်စော်ဘွားများပြည်ထောင်စု UAE သမ္မတ Sheikh Mohamed bin Zayed al-Nahyan ကို သမ္မတဂျိုးဘိုင်ဒန်က အိမ်ဖြူတော် အစည်းဝေးခန်းမမှာ လက်ခံတွေ့ဆုံစဥ်။ (စက်တင်ဘာ ၂၃၊ ၂၀၂၄)

အမေရိကန်သမ္မတ Joe Biden ဟာ အာရပ်စော်ဘွားများပြည်ထောင်စု UAE သမ္မတကို အိမ်ဖြူတော်မှာ တနင်္လာနေ့ လက်ခံတွေ့ဆုံပြီး နှစ်နိုင်ငံ ကာကွယ်ရေးနဲ့ မဟာဗျူဟာမိတ်ဖက် အားကောင်းလာစေဖို့ ဆွေးနွေးခဲ့ကြပါတယ်။ သမ္မတဘိုင်ဒန်ဟာ UAE သမ္မတ Sheikh Mohamed bin Zayed Al Nahyan နဲ့ နှစ်ဦးသား သမ္မတအိမ်ဖြူတော် အစည်းအဝေးခန်းမမှာရှိစဉ်မှာပဲ “UAE နိုင်ငံဟာ ထိုးထွင်းကြံဆမှုတွေနဲ့ အနာဂတ်ကို ရှေ့ရှုပြီး ရဲရဲတင်းတင်းဆုံးဖြတ်ဆောင်ရွက်လေ့ရှိတယ်”လို့ ချီးကျူးပြောဆိုခဲ့ပါတယ်။

နှစ်နိုင်ငံကြား၊ ပြည်သူတွေကြား တူညီချက်တစုံတရာရှိပြီး AI ဥာဏ်ရည်တုနည်းပညာနဲ့ သန့်ရှင်းစွမ်းရည်ကိစ္စရပ်တွေမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေတိုးလာတယ်လို့လည်း သမ္မတ Biden က ပြောပါတယ်။ ဂါဇာစစ်အဆုံးသတ်ရေးကကြိုးပမ်းမှုကိုလည်း UAE သမ္မတနဲ့ ဆွေးနွေးခဲ့သလို UAE နိုင်ငံဟာ အမေရိကန်ပြည်ထောင်စုရဲ့ အဓိက ကာကွယ်ရေးမိတ်ဖက်ဖြစ်လာဖို့ရှိတယ်လို့လည်း သမ္မတ Biden က ပြောခဲ့ပါတယ်။

နှစ်နိုင်ငံကြား မဟာဗျူဟာမြောက်မိတ်ဖက်အဖြစ် ခိုင်မြဲလာစေဖို့ အမေရိကန်ပြည်ထောင်စုနဲ့ လက်တွဲဆောင်ရွက်ဖို့ ခိုင်ခိုင်ခိုင်မာမာ ပိုင်းဖြတ်ထားတယ်လို့ UAE သမ္မတ Sheik Mohamed က ပြောပါတယ်။ UAE နိုင်ငံထူထောင်တဲ့ ၁၉၇၁ ခုနှစ်ကတည်းကဆိုရင် UAE စော်ဘွား သမ္မတ,တဦး အမေရိကန်ပြည်ထောင်စုချစ်ကြည်ရေးခရီးစဉ်လာရောက်တာ ဒါပထမဆုံးအကြိမ်ဖြစ်ပါတယ်။

Your browser doesn’t support HTML5

ကန်နဲ့ UAE သမ္မတ အိမ်ဖြူတော်မှာတွေ့ဆုံ