သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Wagner ကြေးစားတပ်အတွက် ရုရှား၊ UAE နဲ့ ဗဟိုအာဖရိကနိုင်ငံက ကုမ္ပဏီတွေလုပ်ဆောင်ပေးခဲ့


ရုရှားနိုင်ငံ စိန့်ပီတာဘတ်မြို့ ဆင်ခြေဖုံးတနေရာရှိ Wagner ကြေးစားတပ်ဖွဲ့ရဲ့ကြော်ငြာစာတန်းကို ဖြုတ်ချနေတာတွေ့ရစဉ် (ဇွန် ၂၄၊ ၂၀၂၃)
ရုရှားနိုင်ငံ စိန့်ပီတာဘတ်မြို့ ဆင်ခြေဖုံးတနေရာရှိ Wagner ကြေးစားတပ်ဖွဲ့ရဲ့ကြော်ငြာစာတန်းကို ဖြုတ်ချနေတာတွေ့ရစဉ် (ဇွန် ၂၄၊ ၂၀၂၃)

ရုရှား Wagner ကြေးစားတပ်အတွက် အသုံးစရိတ်ရဖို့ အာရပ်စော်ဘွားများပြည်ထောင်စု (UAE)၊ ဗဟိုအာဖရိကသမ္မတနိုင်ငံနဲ့ ရုရှားနိုင်ငံတို့မှာရှိတဲ့ ကုမ္ပဏီတွေဟာ ဥပဒေမဲ့ ရွှေအရောင်းအဝယ်တွေ လုပ်ခဲ့ကြတယ်လို့ အမေရိကန်က စွပ်စွဲလိုက်ပါတယ်။

ယူကရိန်းမှာ တိုက်နေတဲ့ ကြေးစားတပ်တွေနဲ့ အာဖရိကတိုက်မှာ ရုရှားနိုင်ငံ အကျိုးစီးပွားအတွက် စီမံကိန်းတွေကို ဘဏ္ဍာရေးအရ အထောက်အကူ ဖြစ်စေဖို့ အသုံးချခဲ့ပြီး Wagner ကြေးစားတပ်ဖွဲ့အပြင်၊ အဖွဲ့ခါင်းဆောင် Yevgeny Prigozhin နဲ့ပါ ဆက်နွယ်နေတဲ့ ကုမ္ပဏီ ၄ ခုကိုလည်း ဒဏ်ခတ်အရေးယူလိုက်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက မနေ့ကပဲ ကြေညာချက် ထုတ်ခဲ့တာပါ။
ဒါပေမဲ့လည်း အရေးယူဒဏ်ခတ်မှုတွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ရုရှားသမ္မတ Vladimir Putin ကို ခေတ္တပုန်ကန်ခဲ့တဲ့ ဖြစ်ရပ်နဲ့ရော ရုရှားက ယူကရိန်းကို ကျုးကျော်နေတဲ့ ကိစ္စနဲ့ပါ ဆက်နွယ်မှု မရှိဘူးလို့လည်း အမေရိကန် နိုင်ငံခြားရေးဌာနက ပြောပါတယ်။

"ပိတ်ဆို့ဒဏ်ခတ်မှုတွေနဲ့ Wagner အဖဲ့ွရဲ့ ကျုးလွန်မှုတွေအတွက် တာဝန်ခံမှုရှိအောင် အမေရိကန်က နောက်ထပ် အရေးယူဆောင်ရွက်လိုက်တာပါ။" လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Matthew Miller က အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။ ပိတ်ဆို့ဒဏ်ခတ်ခံရတဲ့ ကုမ္ပဏီတွေအနေနဲ့ အမေရိကန်မှာ ပိုင်ဆိုင်မှုတွေ ရှိတယ်ဆိုရင်တော့ သိမ်းဆည်းခံရမှာဖြစ်ပြီး၊ အမေရိကန်မှာ လုပ်ငန်းသစ်တွေ လုပ်ကိုင်ခွင့်လည်း ရှိမှာမဟုတ်တော့ပါဘူး။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG