ရုရှား Kursk ဒေသကို ရေရှည်ထိန်းချုပ်ဖို့မရှိဟု ယူကရိန်းပြောဆို

ရုရှား-ယူကရိန်းနယ်စပ်မှာ Kursk ဒေသရဲ့မိုင်တိုင်မှတ်တိုင်ကိုတွေ့ရစဥ်။ (သြဂုတ်လ ၁၃၊ ၂၀၂၄)

ရုရှားရဲ့ Kursk ဒေသကို ရေရှည်ထိန်းထားဖို့ စိတ်မဝင်စားကြောင်း ယူကရိန်းက အင်္ဂါနေ့ကပြောပါတယ်။ ဒါပေမဲ့ ခုအချိန်မှာ ဒါကြောင့် ယူကရိန်းအရှေ့ပိုင်းကို ရုရှားတပ်တွေပိုပြီးပို့ဖို့ ကြိုးစားနေတာတွေ ခက်ခဲသွားနိုင်တယ် လို့ ယူကရိန်းက ပြောပါတယ်။

“ရုရှားလိုမဟုတ်ဘဲ ယူကရိန်းက တခြားသူတွေရဲ့ပစ္စည်းဥစ္စာ မလိုပါဘူး” လို့ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Georgiy Tykhy က ကိဗ်မြို့မှာ သတင်းထောက်တွေကို ပြောပါတယ်။ ကိုယ့်လူထုကိုသာ အကာအကွယ်ပေးလိုတာ ဖြစ်ပါတယ်လို့ သူကဆိုပါတယ်။ “တရားမျှတတဲ့ငြိမ်းချမ်းရေးပြန်လည်ရရှိဖို့ ရုရှားက သဘောတူတာနဲ့ ယူကရိန်းတပ်ဖွဲ့တွေက ရုရှားထဲ စီးနင်းတိုက်ခိုက်တာတွေ ရပ်မှာပါ” လို့ သူက သတင်းထောက်တွေကို ပြောပါတယ်။

ဒါပေမဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲက ခုအထိတော့ မမြင်ရသေးပါဘူး။

Kursk ဒေသကိုစစ်ဆင်တာကြောင့် ရုရှား ဟာ ယူကရိန်းရဲ့ Donetsk ဒေသကို နောက်ထပ် တပ်တွေမပို့နိုင်တဲ့ အတွက် စစ်ရေးထောက်ပံ့မှု ခက်ခဲသွားစေတာကို အထူးပြု ပြောသင့်ပါတယ်လို့ ယူကရိန်း သမ္မတ Volodymyr Zelenskyy က ပြောပါတယ်။ ဇွန်လကတည်းက ယူကရိန်းနယ်ထဲကို ရုရှားက Kursk ဒေသကနေ လက်နက်ကြီး ပစ်ခတ်မှု ၂,၀၀၀ ကျော် ရှိခဲ့တယ်လို့လည်းZelenskyy က ဆိုပါတယ်။ အဲဒီနေရာတွေကို ယူကရိန်းက သိမ်းလိုက်တာဖြစ်တယ်လို့ ပြောပါတယ်။

အနောက်နိုင်ငံတွေရဲ့ စုပေါင်းပံ့ပိုးမှုနဲ့ ယူကရိန်းက ခုလို တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ရုရှား FSB လုံခြုံရေးဌာန အကြီးအကဲ Alexander Bortnikov က ကြေညာချက်မှာ ပြောပါတယ်။

Your browser doesn’t support HTML5

ရုရှား Kursk ဒေသကို ရေရှည်ထိန်းချုပ်ဖို့မရှိဟု ယူကရိန်းပြောဆို