၂၀၂၀ မှာ ကလေးငယ် ၈၅၀၀ ကျော် စစ်သားစုဆောင်းမှု ခံရ (ကုလသမဂ္ဂ)

အာဖဂန်နစ္စတန်မှ ကလေးစစ်သားများ (မှတ်တမ်းပုံဟောင်း)

[ Zawgyi ]

ပြီးခဲ့တဲ့နှစ်အတွင်း ကမ္ဘာတလွှား ပဋိပက္ခမျိုးစုံ အတွက် စစ်သားအဖြစ်အသုံးချခံရတဲ့ ကလေးငယ်ပေါင်း ၈၅၀၀ ကျော်ရှိနေပြီး သေဆုံးရသူပေါင်းက ၂၇၀၀ နီးပါး ရှိနေတယ်လို့ ကုလသမဂ္ဂက တနင်္လာနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ကုလအတွင်းရေးမှုးချုပ် Antonio Guterres ရဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကို တင်သွင်းတဲ့ ကလေးငယ်တွေနဲ့ လက်နက်ကိုင်ပဋိပက္ခ ဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာ ထဲမှာ ကလေးငယ်တွေအသတ်ခံရတာ၊ သေရာပါဒဏ်ရာရစေတာ၊ လိင်ပိုင်းဆိုင်ရာ အစော်ကားခံရတာနဲ့ စစ်သားအဖြစ် လူသစ်စုဆောင်းတာ အပြင် ဆေးကုသခွင့် ကျောင်းပညာသင်ယူခွင့် မရတာတွေကိုပါ ထည့်သွင်း ဖေါ်ပြထားပါတယ်။

ပဋိပက္ခပေါင်း ၂၁ ခုမှာ ကလေးငယ်ပေါင်း ၂ သောင်းနီးပါး ကလေးသူငယ်အခွင့်ရေးဆိုင်ရာ ချိုးဖေါက်မှုတွေ ခံခဲ့ရပြီး ၂၀၂၀ ထဲမှာ အဖြစ်အများဆုံး နိုင်ငံတွေကတော့ ဆိုမာလီယာ၊ ကွန်ဂို၊ အာဖဂန်နစ်စတန်၊ ဆီးရီးယားနဲ့ ယီမင်နိုင်ငံတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီအစီရင်ခံစာထဲမှာ အမည်မည်းစားရင်း ကိုပါ ထည့်သွင်းထားပြီး ဒီလိုစာရင်းအသွင်းခံရတဲ့ အဖွဲ့အစည်းတွေ အနေနဲ့ သူတို့ရဲ့ လုပ်ရပ်ကိုအရှက်ရပြီး ကလေးငယ်တွေကို အကာကွယ်ပေးရေး လုပ်ဆောင်လာစေဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

တနင်္လာနေ့ ထုတ်ပြန်တဲ့ ဒီအစီရင်ခံစာထဲမှာ မြန်မာစစ်တပ်ကို အမည်မည်းစာရင်းဝင် အဖွဲ့အစည်းတွေထဲ ထည့်သွင်းထားပြီး မြန်မာ စစ်တပ်ဟာ ကလေးငယ်တွေကို သတ်ဖြတ်တာ၊ သေရာပါဒဏ်ရာရစေတာနဲ့ လိင်မှုဆိုင်ရာ အကြမ်းဖက်မှုတွေ ရှိနေတယ်လို့ ဖေါ်ပြထားပါတယ်။

Your browser doesn’t support HTML5

၂၀၂၀ မှာ ကလေးငယ် ၈၅၀၀ ကျော် စစ်သားစုဆောင်းမှု ခံရ (ကုလသမဂ္ဂ)

[ Unicode ]

၂၀၂၀ မှာ ကလေးငယျ ၈၅၀၀ ကြောျ စဈသားစုဆောငျးမှု ခံရ (ကုလသမဂ်ဂ)






Your browser doesn’t support HTML5

၂၀၂၀ မှာ ကလေးငယ် ၈၅၀၀ ကျော် စစ်သားစုဆောင်းမှု ခံရ (ကုလသမဂ္ဂ)