ဂါဇာမှာ နိုင်ငံတကာဥပဒေ ချိုးဖောက်မှုများရှိဟု ကုလအတွင်းရေးမှူးချုပ် စွပ်စွဲပြစ်တင်

UN Security Council

ဂါဇာမှာ နိုင်ငံတကာဥပဒေကို ချိုးဖောက်တာတွေရှိတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က အင်္ဂါနေ့က စွပ်စွဲလိုက်ပြီး ချက်ချင်း အပစ်အခတ်ရပ်စဲဖို့ တိုက်တွန်းလိုက်ပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဆင်မြင့် အစည်းအဝေးမှာ မစ္စတာဂူတားရက်စ်ရဲ့ ဆွေးနွေးချက်ကို အစ္စရေးက ဒေါသတကြီးနဲ့ တုံ့ပြန်ခဲ့ပါတယ်။ ပါလက်စတိုင်း နိုင်ငံခြားရေးဝန်ကြီးကလည်း ပဋိပက္ခကို ဘာမှ အရေးမယူတာကို ပြောဆိုပြီး ရှုတ်ချလိုက်ပါတယ်။ အောက်တိုဘာလ ၇ ရက်က ဟားမတ်စ်ရဲ့ တုန်လှုပ်ချောက်ချားဖွယ် အကြမ်းဖက်မှုအပေါ် ခွင့်လွှတ်စရာမရှိပေမဲ့ ပါလက်စတိုင်းတွေအပေါ် အစုအပေါင်းသဘောနဲ့ အပြစ်ပေးဖို့ လုပ်နေတာကိုတော့ အစည်းအဝေးအဖွင့်မှာ မစ္စတာဂူတားရက်က သတိပေးလိုက်ပါတယ်။

ဂါဇာမှာ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားရေး ဥပဒေကို ရှင်းရှင်းကြီး ချိုးဖောက်နေကြတာ မျက်မြင်တွေ့နေရတဲ့အတွက် နက်နက်ရှိုင်းရှိုင်း ရတက်မအေးဖြစ်မိကြောင်း၊ လက်နက်ကိုင်ပဋိပက္ခရဲ့ ဘယ်အဖွဲ့ကမှ နိုင်ငံတကာ လူသားချင်း စာနာထောက်ထားရေး ဥပဒေအထက်မှာမရှိကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြောပါတယ်။ ဒါပေမဲ့ ဘယ်အဖွဲ့ရယ်လို့တော့ နာမည်ထုတ်ပြောမသွားပါဘူး။

Your browser doesn’t support HTML5

ဂါဇာမှာ နိုင်ငံတကာဥပဒေ ချိုးဖောက်မှုများရှိဟု ကုလအတွင်းရေးမှူးချုပ် စွပ်စွဲပြစ်တင်