ရုရှားလူ့အခွင့်အရေး စုံစမ်းရေးမှူးခန့်ထားဖို့ ကုလဆုံးဖြတ်

  • ဗွီအိုအေမြန်မာပိုင်း

Riot police detain a demonstrator during a protest against mobilization in Moscow, Russia, Sept. 21, 2022.

ရုရှားလူ့အခွင့်အရေး စုံစမ်းရေးမှူးခန့်ထားဖို့ ကုလဆုံးဖြတ်

{{Zawgyi/Unicode}}
ရုရှားနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်ပြီး လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ကျွမ်းကျင်သူတဦး ခန့်အပ်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ UNHRC ကနေ သောကြာနေ့က ဆုံးဖြတ်လိုက်ပါတယ်။ ရုရှားနိုင်ငံဟာ ဖိနှိပ်ချုပ်ချယ်မှု အကြမ်းဖက်မှုတွေကတဆင့် သူ့အခေါ် "climate of Fear" ကြောက်မက်ဖွယ် ရာသီကာလ တခု ဖန်တီးနေတယ် လို့လဲစွပ်စွဲထားပါတယ်။

အခုဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး UNHRC ရဲ့ အလှည့်ကျ ဥက္ကဌ အာဂျင်တီးနား သံအမတ်ကြီး Federico Villegas က အခုလို ကြေညာလိုက်ပါတယ်။

“ ထောက်ခံတာက ၁၇ နိုင်ငံ ၊ ကန့်ကွက်တာက ၆ နိုင်ငံ နဲ့ ၂၄ နိုင်ငံကတော့ ကြားနေမဲပေးပါတယ်။ အဲဒီကြောင့် ရုရှား ဖက်ဒရေးရှင်းနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိတယ်ဆိုတဲ့ ဆုံးဖြတ်ချက် မှုကြမ်းကို လူအခွင့်အရေးးကောင်စီ UNHRC က အတည်ပြုလိုက်တယ်လို” ပြောကြားလိုက်တာပါ။

Belarus နိုင်ငံက အကျဉ်းကျနေတဲ့ လူ့အခွင့်အရေး လှုပ်ရှားသူ Ales Byalyatski၊ ယူကရိန်း Civil Liberties စင်တာ ၊ ရုရှားလူ့အခွင့်အရေးအဖွဲ့ Memorial တို့ကို ဒီနှစ်အတွက် နိုဘယ်လ်ငြိမ်းချမ်းရေးဆု ပေးအပ်လိုက်ကြောင်း ကြေညာအပြီး မီနစ်အနည်းငယ်အတွင်းမှာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ ရဲ့ ဆုံးဖြတ်ချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။

ဒါဟာဆိုရင် လုံခြုံရေးကောင်စီ အမြဲတန်း Veto အာဏာပိုင်ဆိုင်တဲ့ ၅ နိုင်ငံထဲက တနိုင်ငံအပေါ်ကို လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူး ထားရှိဖို့ ပထမအကြိမ် ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

အဲဒီလို မဲခွဲဆုံးဖြတ်အပြီးမှာ ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ UNHRC ဆိုင်ရာ ရုရှား ကိုယ်စားလှယ် Gennady Gatilov ကတော့ ဒီလို နိုင်ငံရေး ရည်ရွယ်ချက်ရှိတဲ့ ဆုံးဖြတ်ချက်မျိုးကို ပြည်သူတွေက မထောက်ခံပါဘူးလို့ သူကပြောပါတယ်။

Your browser doesn’t support HTML5

ရုရှားလူ့အခွင့်အရေး စုံစမ်းရေးမှူးခန့်ထားဖို့ ကုလဆုံးဖြတ်

....................................................


{{Zawgyi/Unicode}}

အခုဆုံးဖွတျခကြျနဲ့ ပတျသကျပွီး UNHRC ရဲ့ အလှည့ျကြ ဥက်ကဌ အာဂငြျတီးနား သံအမတျကွီး Federico Villegas က အခုလို ကွညောလိုကျပါတယျ။



