ဟောင်ကောင် အမျိုးသားလုံခြုံရေးဥပဒေ ချိုးဖောက်တယ်လို့ အမေရိကန်နိုင်ငံသား စွပ်စွဲခံရ

Samuel Chu.

(Zawgyi / Unicode)

ဟောင်ကောင်မှာ အမျိုးသားလုံခြုံရေး ဥပဒေသစ်ကို သုံးပြီး ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေကို ဆက်လက်နှိမ်နင်းလာရာမှာ အခုတော့ အမေရိကန်နိုင်ငံသားတဦး အပါအဝင် လက်ရှိ နိုင်ငံခြားမှာ နေထိုင်နေတဲ့ တက်ကြွသူ ၆ ဦးကိုပါ ဖမ်းမိန့်ထဲ ထည့်လိုက်ပါပြီ။

အမေရိကန်နိုင်ငံသား Samuel Chu က ဒီဥပဒေသစ်အောက်မှာ ဖမ်းမိန့်ဝရမ်း ထုတ်ခံထားရတဲ့ ဒီမိုကရေစီရေးတက်ကြွသူ ၆ ဦးထဲမှာ သူလည်းပါပေမယ့် ဟောင်ကောင်ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်နေတာကိုတော့ ရပ်ဆိုင်းမှာ မဟုတ်ဘူးလို့ ဗွီအိုအေကို ပြောလိုက်ပါတယ်။

Your browser doesn’t support HTML5

တရုတ် အမျိုးသားလုံခြုံရေးဥပဒေနဲ့ ဟောင်ကောင်အနာဂတ်

တရုတ်နိုင်ငံတော် ရုပ်မြင်သံကြားဌာန အဆိုအရ ဟောင်ကောင်ကနေ အမေရိကန်ကို နှစ်ပေါင်း ၃၀ ကြာ ရွှေ့ပြောင်းနေထိုင်လာခဲ့တဲ့ Chu နဲ့ ဟောင်ကောင်ကနေ နိုင်ငံရေးကြောင့် ထွက်ပြေးနေတဲ့ အခြား ဟောင်ကောင်သား ၅ ဦးတို့ကို နိုင်ငံတော်လုံခြုံရေးအတွက် အန္တရာယ်ရှိတဲ့ ခွဲထွက်ရေး လှုံ့ဆော်မှု၊ နိုင်ငံခြားအင်အားစုတွေနဲ့ ပူးပေါင်းဖို့ ကြံစည်မှုတွေနဲ့ ရဲက အလိုရှိနေတယ်လို့ ဆိုထားပါတယ်။

အသက် ၄၂ နှစ်အရွယ် Chu ဟာ ဟောင်ကောင်ဒီမိုကရေစီ ထိခိုက်ကျဆင်းလာရတာအတွက် အမေရိကန်အစိုးရအနေနဲ့ တရုတ်အပေါ် အရေးယူပေးဖို့ စည်းရုံးလှုပ်ရှားနေတဲ့ ဝါရှင်တန်အခြေစိုက် ဟောင်ကောင်ဒီမိုကရေစီကောင်စီအဖွဲ့ ထူထောင်သူနဲ့ စီမံခန့်ခွဲရေး ညွှန်ကြားရေးမှူး ဖြစ်ပါတယ်။

ဟောင်ကောင်အစိုးရနဲ့ ရဲတပ်ဖွဲ့အနေနဲ့ကတော့ ဒီသတင်းကို အတည်ပြုမပေးသေးပါဘူး။

ဟောင်ကောင် ထိပ်ဆုံးခေါင်းဆောင် Carrie Lam ကတော့ ဒီ အမျိုးသားလုံခြုံရေးဥပဒေသစ် ကျင့်သုံးရတဲ့ အကြာင်းက ပြောရတာ မလွယ်ပေမယ့် ဟောင်ကောင်ကို ဆန့်ကျင်ပြီး တရုတ်အစိုးရကို ဆန့်ကျင်တဲ့နည်းနဲ့တော့ ဖြေရှင်းလို့ မရဘူးလို့ စနေနေ့က ဆိုပါတယ်။

Your browser doesn’t support HTML5

ဟောင်ကောင် အမျိုးသားလုံခြုံရေးဥပဒေ ချိုးဖောက်တယ်လို့ အမေရိကန်နိုင်ငံသား စွပ်စွဲခံရ

-------------------------------

(Unicode)





Your browser doesn’t support HTML5

ဟောင်ကောင်အရေးကြောင့် တရုတ် အမေရိကန် ဆက်ဆံရေးပိုမိုတင်းမာ


