တရုတ်နဲ့ ကုန်သွယ်ရေးဆွေးနွေးဖို့ အမေရိကန်လမ်းဖွင့်

ဇူလိုင်လတုန်းက အမေရိကန်နဲ့ တရုတ်တာဝန်ရှိသူတွေ ဆွေးနွေးစဉ်

သမ္မတ Donald Trump အစိုးရအဖွဲ့က တရုတ်ဟာ ငွေးကြေးဆိုင်ရာ အမြတ်ထုတ်မှုတွေလုပ်နေသူ လို့ကြေညာပြီး သိသာတဲ့အရေးယူမှုတွေ လုပ်ခဲ့ပြီးတဲ့နောက်မှာ တရုတ်နဲ့ ကုန်သွယ်ရေး စစ်ပွဲကို နောက်ထပ် အရှိန်မြှင့်ဖို့ နည်းလမ်းရှာတော့မှာ မဟုတ်ကြောင်း သမ္မတအိမ်ဖြူတော်က အရိပ်အခြေ ပြသလိုက်ပါတယ်။

ကုန်သွယ်ရေး ဆိုင်ရာ တရုတ်ညှိနှိုင်းရေးမှူးတွေက သူတို့အရင်က ပေးထားတဲ့ကတိကို မတည်တဲ့အပြင် တိုးတက်မှု တစုံတရာ မပြနိုင်ခဲ့ပေမယ့် အမေရိကန်အမျိုးသား စီးပွါးရေးကောင်စီအကြီးအကဲ Larry Kudlow ကတော့ ကောင်းမွန်တဲ့ ယုံကြည်ချက်ထားပြီး အမေရိကန်ဘက်က တရုတ်နဲ့ ညှိနှိုင်းမှုတွေ လုပ်ခဲ့သလို ဆက်ပြီးလည်း လုပ်ဆောင်ချင်ကြောင်း အင်္ဂါနေ့က ပြောပါတယ်။

နောက်ဆက်တွဲ ညှိနှိုင်းမှုတွေအတွက် တံခါးဖွင့်ထားကြောင်းနဲ့ တရုတ်ကိုယ်စားလှယ်အဖွဲ့ စက်တင်ဘာလောက်မှာ အမေရိကန် ပြည်ထောင်စုကို လာရောက်နိုင်ဖို့ စီစဉ်နေတယ်လို့လည်း ပြောပါတယ်။ ၂ နိုင်ငံ ကုန်သွယ်ရေး ဆွေးနွေးပွဲကို ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ တရုတ်နိုင်ငံ ရှန်ဟိုင်းမှာ ကျင်းပခဲ့တာ ဖြစ်ပြီး ရလဒ်ကောင်းတော့ မရခဲ့ပါဘူး။

သမ္မတ Trump ကတော့ တကယ်လို့ တရုတ်နဲ့ ဆွေးနွေးမှုတွေမှာ သဘောတူညီချက် ဒါမှမဟုတ် တိုးတက်မှုရခဲ့ရင် တရုတ်ထွက်ကုန်တွေ အပေါ် အခွန်တိုးကောက်ထားတာကို ပြန်လျှော့တာ လိုမျိုး သူ့ရဲ့ အရေးယူမှုတချို့အတွက် ပြန်ပြီး စဉ်းစားမှုတွေ လုပ်လာနိုင်တယ်လို့လည်း သမ္မတရဲ့ စီးပွားရေးအကြံပေး Kudlow ကပြောပါတယ်။ တကယ်လို့ တိုးတက်မှု အစုံတရာ မရခဲ့ရင်တော့ သမ္မတ Trump က တရုတ်အပေါ် နောက်ထပ်အရေးယူမှုတွေ လုပ်လာနိုင်တယ်လို့လည်း Kudlow က သတိပေးလိုက်ပါတယ်။ သမ္မတဟာ အမေရိကန်စီးပွားရေးအတွက် ခုခံကာကွယ်မှုတွေ လုပ်နေတာလို့လည်း Kudlow ကပြောပါတယ်။

Your browser doesn’t support HTML5

တရုတ်နဲ့ ကုန်သွယ်ရေးဆွေးနွေးဖို့ အမေရိကန်လမ်းဖွင့်