(Zawgyi / Unicode)
အမေရိကန် ဆိုင်ဘာလုံခြုံရေး ကျိုးပေါက်မှုကြီးနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာဌာနတွေရဲ့ တင်ပြချက်ကို နားထောင်ခဲ့ရတဲ့ လွှတ်တော်အမတ်တွေက ဒါဟာ ရုရှားလက်ချက်ဆိုတာ ခုချိန်ထိရထားတဲ့ အထောက်အထားတွေ အားလုံးက ပြနေတယ်လို့ သတိပေးပြီး လက်တုံ့ပြန်ဖို့ တောင်းဆိုကြပါတယ်။
ဒီ ဆိုင်ဘာလုံခြုံရေး ကျိုးပေါက်မှုမှာ အစိုးရဌာနတွေရော ပုဂ္ဂလိကကဏ္ဍပါ ထိခိုက်ခဲ့တာပါ။
SEE ALSO: တရုတ်၊ ရုရှားနဲ့ အီရန်တို့ဟာ ကနေဒါကို ဆိုင်ဘာခြိမ်းခြောက်မှုပေးတဲ့ အဓိကနိုင်ငံတွေဖြစ်ဆိုင်ဘာ ထွင်းဖောက်ဝင်ရောက်မှုရဲ့ ပမာဏဟာ မူလကထင်ထားတာထက် အများကြီး ပိုကြီးမားနိုင်ဖွယ်ရှိတယ်လို့ ဆိုင်ဘာလုံခြုံရေးဆိုင်ရာ တာဝန်ရှိသူတွေက သတိပေးပြီးတဲ့နောက် ရီပတ်ဘလစ်ကန်နဲ့ ဒီမိုကရက် ပါတီနှစ်ရပ်စလုံးက လွှတ်တော်အမတ်တွေရဲ့ တောင်းဆိုချက် ထွက်လာတာပါ။
"ဒါဟာ တတိယဆော့ဖ်ဝဲ အပိုင်းအစတခုကိုသုံးပြီး အမေရိကန်အစိုးရရဲ့ ကွန်ပြူတာစနစ်ထဲမှာ Code တွေထည့်သွင်းဖို့ ထင်ရှားတဲ့ ကြိုးပမ်းချက်တခုပါပဲ" လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က The Mark Levin ရုပ်သံအစီအစဉ်မှာ သောကြာနေ့က ပြောခဲ့တဲ့အကြောင်း AFP သတင်းဌာနရဲ့ သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
ထောက်လှမ်းရေးဆိုင်ရာ အထက်လွှတ်တော်ကော်မတီ ယာယီဥက္ကဋ္ဌ Marco Rubio က "ဆိုင်ဘာတိုက်ခိုက်မှုရဲ့ အတိုင်းအတာပမာဏ အပြည့်အဝကို မသိရသေးပေမယ့်လည်း ဒီလောက်အတိုင်းအတာ ပမာဏမျိုး ဘယ်တုန်းကမှ မဖြစ်ဖူးသေးဘူး ဆိုတာတော့ ကျနော်တို့ သိထားပါပြီ" လို့ သောကြာနေ့က တွစ်တာမှာ ရေးခဲ့ပါတယ်။
Your browser doesn’t support HTML5
------------------------
(Unicode)
ဒီ ဆိုငျဘာလုံခွုံရေး ကြိုးပေါကျမှုမှာ အစိုးရဌာနတှရေော ပုဂ်ဂလိကကဏ်ဍပါ ထိခိုကျခဲ့တာပါ။