ကန်ဒီမိုကရက် သမ္မတလောင်း ဘယ်သူဖြစ်လာမလဲ

(Zawgyi/Unicode)

အမေရိကန် ဒီမိုကရက်ပါတီရဲ့ သမ္မတလောင်း ဖြစ်ရေး ယှဉ်ပြိုင်နေကြသူတွေ လနဲ့ချီ စည်းရုံးရေး ဆောင်ရွက်ခဲ့ပြီးနောက်မှာတော့ တနလာၤနေ့ ညမှာ စပြီး ပါတီဝင်တွေက စတင်ပြီး မဲပေး ရွေးချယ်နေကြပါပြီ။

ဒီမိုကရက်ကိုယ်စားလှယ်လောင်းတွေရဲ့ နောက်ဆုံးစကားစစ်ထိုးပွဲသတင်းကို ဖတ်ရှုနိုင်ပါပြီ။

လာမယ့် နိုဝင်ဘာလမှာ ရီပတ်ပလီကန် သမ္မတ Donald Trump နဲ့ ယှဉ်ပြိုင်မယ့် ဒီမိုကရက် ပါတီ သမ္မတလောင်းကို အိုင်အိုဝါ ပြည်နယ်မှာ စတင်မဲပေးနေကြတာပါ။ ဒီမိုကရက်ပါတီ သမ္မတလောင်း ဖြစ်ရေး ယှဉ်ပြိုင်နေသူ ကိုယ်စားလှယ် ၁၁ ဦးထဲက ဘယ်သူ အနိုင်ရမလဲ ဆိုတဲ့ ရလဒ်ကတော့ မရေမရာ ရှိနေဆဲပါ။

ပြည်နယ်တဝန်းက ဒီမိုကရက်တွေကို ကောက်ယူထားတဲ့ သဘောထား စစ်တမ်း အရတော့ အများဆုံး ထောက်ခံမှုရထားတဲ့ ဗာမောင့် အထက်လွှတ်တော် အမတ် Bernie Sanders နဲ့ ဒုတိယ သမ္မတဟောင်း Joe Biden တို့ကြားမှာ ထောက်ခံမှု မတိမ်းမယိမ်း ဖြစ်နေပါတယ်။

ထောက်ခံမှု အများဆုံးရထားတဲ့ ကိုယ်စားလှယ်လောင်း နှစ်ဦးရဲ့ နောက်က ကပ်ပြီး လိုက်နေတာကတော့ Harvard ဥပဒေ ပါမောက္ခဟောင်း အထက်လွှတ်တော် အမတ် Elizabeth Warren ၊ နောက် တဦးတည်းသော Gay ကိုယ်စားလှယ်လောင်း ဖြစ်တဲ့ အင်ဒီးယားနား ပြည်နယ် South Bend မြို့တော်ဝန်ဟောင်း Pete Buttigieg ၊ နောက် အထက်လွှတ်တော် အမတ် Amy Klobuchar တို့ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

ကန်ဒီမိုကရက် သမ္မတလောင်း ဘယ်သူဖြစ်လာမလဲ


......................


(Unicode)




