ကန်ဒီမိုကရက်တစ်ကိုယ်စားလှယ်လောင်းများ နီးဗားဒါးပြည်နယ်မှာ စကားစစ်ထိုး

ကန်ဒီမိုကရက်တစ်ကိုယ်စားလှယ်လောင်းများ (ဖေော်ဝါရီ၊ ၁၉၊ ၂၀၂၀)

(Zawgyi/Unicode)

၂၀၂၀ ပြည့် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီကိုယ်စားပြု သမ္မတလောင်းဖြစ်ဖို့ ယှဉ်ပြိုင်မဲဆွယ်နေ သူတွေရဲ့ ဗုဒ္ဓဟူးနေ့ည နီးဗားဒါးပြည်နယ် စကားစစ်ထိုးပွဲမှာ ကိုယ်စားလှယ်လောင်း ခြောက်ဦးကြား တယောက်ပေါ်တယောက် အခြေအတင် ထိုးနှက် ဝေဖန်ခဲ့ကြပါတယ်။

အဲဒီထဲမှာမှ နယူးယောက်မြို့တော်ဝန်ဟောင်း Mike Bloomberg ကို ကျန်တဲ့ သမ္မတကိုယ်စားလှယ်လောင်းတွေ အဓိက ဝေဖန် ထိုးနှက်ကြပါတယ်။ အခုစကားစစ်ထိုးပွဲဟာ မစ္စတာ Bloomberg ပထမဆုံးပါဝင်တဲ့ စကားစစ်ထိုးပွဲလည်း ဖြစ်ပါတယ်။

နယူးယောက်မြို့တော်ဝန်ဟောင်း Mike Bloomberg (ဖေဖော်ဝါရီ၊ ၁၉၊ ၂၀၂၀)

ကမ္ဘာပေါ်က အချမ်းသာဆုံး လူပုဂ္ဂိုလ်တွေထဲ နံပါတ် ၁၂ အဆင့်မှာရှိတဲ့ မြို့တော်ဝန်ဟောင်း Bloomberg ဟာ မဲဆွယ်စည်းရုံးရေးအတွက် သူ့ကိုယ်ပိုင်ငွေထဲကနေ ရန်ပုံငွေ ဒေါ်လာ သန်း ၄၀၀ နီးပါး သုံးစွဲထားပြီးတော့ ဒီမိုကရက်တစ်ပါတီကိုယ်စားပြု သမ္မတလောင်း ဖြစ်အောင် ငွေနဲ့ဝယ်ယူနေတယ်လို့ အထက်လွှတ်တော်အမတ်တွေဖြစ်ကြတဲ့ Bernie Sanders နဲ့ Amy Klobuchar တို့က ဝေဖန် ထိုးနှက်ကြပါတယ်။

မစ္စတာ Bloomberg က သူဟာ သမ္မတထရမ့်ပ်လို အမွေရလို့ ချမ်းသာလာတာ မဟုတ်ဘဲ ကိုယ်တိုင် စီးပွားရေးလုပ် ချမ်းသာလာတာဖြစ်ပြီးတော့ တိုင်းပြည်မှာ သမ္မတ ဖြစ်ခဲ့ဖူးသူတွေထဲ အဆိုးဆုံးသမ္မတဖြစ်တဲ့ ဒေါ်နယ်လ်ဒ် ထရမ့်ပ်ကို ဖြုတ်ချဖို့ အခု ဒီငွေတွေကို သုံးနေတာလို့ ပြန်ချေပပါတယ်။

လက်ရှိမှာ ထောက်ခံမှု အများဆုံးရနေတဲ့ အထက်လွှတ်တော်အမတ် Bernie Sanders က သူသာလျှင် သမ္မတထရမ့်ပ်ကို အနိုင်ယူနိုင်မယ့်သူ ဖြစ်တယ်လို့ ပြောတာကိုလည်း မစ္စတာ Bloomberg က ချက်ခြင်းတုံ့ပြန်ပြီး မစ္စတာ Sanders ဟာ သမ္မတထရမ့်ပ်ကို အနိုင်ရမယ့်အခွင့်အလန်း လုံးဝမရှိဘူးလို့ ပြောပါတယ်။

ဒီမိုကရက်တစ်ပါတီတွင်း Caucus နဲ့ Primary အကြိုရွေးကောက်ပွဲတွေလုပ်ပြီး ပါတီကိုယ်စားပြု သမ္မတလောင်းကို ရွေးချယ်နေတာမှာ ပထမဆုံး Iowa Caucus ၊ အဲဒီနောက် New Hampshire Primary အကြိုရွေးကောက်ပွဲတွေ ပြီးသွားပြီဖြစ်ပြီး Nevada Caucus ကို ဖေဖော်ဝါရီလ ၂၂ ရက် စနေနေ့မှာ လုပ်ဖို့ရှိပါတယ်။ အဲဒီနောက် တပတ်အကြာ ဖေဖော်ဝါရီလ ၂၉ ရက်နေ့မှာ တောင် ကာရိုလိုင်းနားပြည်နယ် Primary ရွေးကောက်ပွဲလုပ်မှာဖြစ်ပါတယ်။

Your browser doesn’t support HTML5

ကန်ဒီမိုကရက်တစ်ကိုယ်စားလှယ်လောင်းများ နီးဗားဒါးပြည်နယ်မှာ စကားစစ်ထိုး

[Unicode Version]





မစ်စတာ Bloomberg က သူဟာ သမ်မတထရမ့ျပျလို အမှရေလို့ ခမြျးသာလာတာ မဟုတျဘဲ ကိုယျတိုငျ စီးပှားရေးလုပျ ခမြျးသာလာတာဖွဈပွီးတော့ တိုငျးပွညျမှာ သမ်မတဖွဈခဲ့ဖူးသူတှထေဲ အဆိုးဆုံးသမ်မတဖွဈတဲ့ ဒေါျနယျလျဒျ ထရမ့ျပျကို ဖွုတျခဖြို့ အခု ဒီငှတှေကေို သုံးနတောလို့ ပွနျခြပေပါတယျ။

