[Zawgyi/Unicode]
အေမရိကန္သမၼတေရြးေကာက္ပဲြ က်င္းပဖို႔ ရက္ပိုင္းသာလိုေတာ့တဲ့အခ်ိန္မွာပဲ သမၼတေလာင္း ႏွစ္ ေယာက္ဟာ ဒီေန႔မွာေတာ့ ႏုိင္ငံအေရွ႕ေတာင္ပိုင္းမွာရွိတဲ့ ဖေလာ္ရီဒါျပည္နယ္မွာ မဲဆြယ္စည္း႐ုံးေရးေတြကို အဓိက အာ႐ုံစိုက္လုပ္ဖို႔ရွိေနၾကပါတယ္။
၁၉၉၆ ခုႏွစ္ကစၿပီး သမၼတေရြးေကာက္ပဲြတုိင္းမွာ ဖေလာ္ရီဒါျပည္နယ္ကို အႏုိင္ရတဲ့သူက သမၼတေရြးေကာက္ပဲြကို အနုိင္ရလာခဲ့တာပါ။ အေမရိကန္သမၼတေရြးေကာက္ပဲြမွာ အနုိင္ရဖို႔အတြက္ စုစုေပါင္း ကိုယ္စားလွယ္မဲ ၂၇၀ ရဖို႔လိုအပ္ၿပီး ဖေလာ္ရီဒါျပည္နယ္ကုိ အနုိင္ရတဲ့သူက ကိုယ္စားလွယ္မဲ ၂၇ မဲ ရရွိတာျဖစ္ပါတယ္။
သမၼတထရမ့္ကေတာ့ ဒီေန႔မွာ ဖေလာ္ရီဒါျပည္နယ္ Tampa ၿမိဳ႕မွာ မဲဆြယ္စည္း႐ုံေရးေတြ စတင္လုပ္ေဆာင္သြားမွာျဖစ္ၿပီး ညေနပိုင္းမွာေတာ့ သူဟာ ေျမာက္ကယ္႐ုိလိုင္းနားျပည္နယ္ကို သြားမွာျဖစ္ပါတယ္။
ဒီမုိကရက္တစ္သမၼတေလာင္း ဂ်ိဳးဘိုင္ဒန္ကေတာ့ ေန႔လယ္ပိုင္းမွာ Broward ခ႐ုိင္မွာရွိတဲ့ ေထာက္ခံသူေတြနဲ႔ ေတြ႔ဆုံ စကားေျပာဆုိမွာျဖစ္ၿပီး အဲဒီေနာက္ ညေနပိုင္းမွာ Tampa ၿမိဳ႕ကို သြားေရာက္မွာျဖစ္ပါတယ္။
SEE ALSO: ကန္ ျပည္သူ သန္း ၇၀ ေက်ာ္ ႀကိဳတင္မဲေပးၿပီးReal Clear Politics ဆုိတဲ့ အင္တာနက္စာမ်က္ႏွာက စုစည္းထားတဲ့ အဓိကက်တဲ့ လူထုစစ္တမ္းေတြကို ပ ွ်မ္းမ ွ်ျခင္းခ်ထားတာမွာေတာ့ Michigan, Pennsylvania နဲ႔ Wisconsin ျပည္နယ္ေတြမွာ သမၼတထရမ့္ဟာ ဂ်ိဳးဘိုင္ဒန္ ေနာက္မွာရွိေနၿပီး ဖေလာ္ရီဒါနဲ႔ ေျမာက္ကယ္႐ုိလိုင္းနားျပည္နယ္ေတြမွာေတာ့ သူတုိ႔ ၂ ေယာက္ဟာ အတူတူေလာက္ျဖစ္ေနတယ္လို႔ ေျပာပါတယ္။
ဗုိင္းရပ္စ္ကူးစက္မႈေတြေၾကာင့္ လာမယ့္ ႏုိ၀င္ဘာ ၃ ရက္ အဂၤါေန႔မွာ လုပ္မယ့္ သမၼတေရြးေကာက္ပဲြအတြက္ အေမရိကန္ႏုိ္င္ငံသားေတြ ႀကိဳတင္မဲေတြေပးေနၾကၿပီး ဒီကေန႔ထိဆုိရင္ အေမရိကန္ႏုိင္ငံသား ၇၆ သန္းေက်ာ္ ႀကိဳတင္မဲေပးၿပီးသြားၿပီျဖစ္ပါတယ္။ ဒါဟာ ၿပီးခဲ့တဲ့ ၂၀၁၆ ေရြးေကာက္ပဲြတခုလုံးနဲ႔ ႏႈိင္းယွဥ္ရင္ ထက္၀က္ေက်ာ္ေက်ာ္ေလာက္ရွိေနၿပီး အဲဒီတုန္းကေတာ့ စုစုေပါင္း အေမရိကန္ႏုိင္ငံသား ၁၃၈.၈ သန္း မဲေပးခဲ့ၾကတာျဖစ္ပါတယ္။
Your browser doesn’t support HTML5
သမၼတထရမ့္ပ္နဲ႔ Joe Biden တို႔ ဖေလာ္ရီဒါမွာ အၿပိဳင္မဲဆြယ္မယ္
[Unicode Version]
သမ္မတထရမ့်ပ်နဲ့ Joe Biden တို့ ဖလော်ရီဒါမှာ အပြိုင်မဲဆွယ်မယ်
အမေရိကန်သမ္မတရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပိုင်းသာလိုတော့တဲ့အချိန်မှာပဲ သမ္မတလောင်း နှစ် ယောက်ဟာ ဒီနေ့မှာတော့ နိုင်ငံအရှေ့တောင်ပိုင်းမှာရှိတဲ့ ဖလော်ရီဒါပြည်နယ်မှာ မဲဆွယ်စည်းရုံးရေးတွေကို အဓိက အာရုံစိုက်လုပ်ဖို့ရှိနေကြပါတယ်။
၁၉၉၆ ခုနှစ်ကစပြီး သမ္မတရွေးကောက်ပွဲတိုင်းမှာ ဖလော်ရီဒါပြည်နယ်ကို အနိုင်ရတဲ့သူက သမ္မတရွေးကောက်ပွဲကို အနိုင်ရလာခဲ့တာပါ။ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ အနိုင်ရဖို့အတွက် စုစုပေါင်း ကိုယ်စားလှယ်မဲ ၂၇၀ ရဖို့လိုအပ်ပြီး ဖလော်ရီဒါပြည်နယ်ကို အနိုင်ရတဲ့သူက ကိုယ်စားလှယ်မဲ ၂၇ မဲ ရရှိတာဖြစ်ပါတယ်။
သမ္မတထရမ့်ကတော့ ဒီနေ့မှာ ဖလော်ရီဒါပြည်နယ် Tampa မြို့မှာ မဲဆွယ်စည်းရုံရေးတွေ စတင်လုပ်ဆောင်သွားမှာဖြစ်ပြီး ညနေပိုင်းမှာတော့ သူဟာ မြောက်ကယ်ရိုလိုင်းနားပြည်နယ်ကို သွားမှာဖြစ်ပါတယ်။
ဒီမိုကရက်တစ်သမ္မတလောင်း ဂျိုးဘိုင်ဒန်ကတော့ နေ့လယ်ပိုင်းမှာ Broward ခရိုင်မှာရှိတဲ့ ထောက်ခံသူတွေနဲ့ တွေ့ဆုံ စကားပြောဆိုမှာဖြစ်ပြီး အဲဒီနောက် ညနေပိုင်းမှာ Tampa မြို့ကို သွားရောက်မှာဖြစ်ပါတယ်။
SEE ALSO: ကန္ေရြးေကာက္ပဲြမတိုင္ခင္ ၆ ရက္အလို မဲဆြယ္စည္းရံုးေရးခရီးမ်ားReal Clear Politics ဆိုတဲ့ အင်တာနက်စာမျက်နှာက စုစည်းထားတဲ့ အဓိကကျတဲ့ လူထုစစ်တမ်းတွေကို ပ ျှမ်းမ ျှခြင်းချထားတာမှာတော့ Michigan, Pennsylvania နဲ့ Wisconsin ပြည်နယ်တွေမှာ သမ္မတထရမ့်ဟာ ဂျိုးဘိုင်ဒန် နောက်မှာရှိနေပြီး ဖလော်ရီဒါနဲ့ မြောက်ကယ်ရိုလိုင်းနားပြည်နယ်တွေမှာတော့ သူတို့ ၂ ယောက်ဟာ အတူတူလောက်ဖြစ်နေတယ်လို့ ပြောပါတယ်။
ဗိုင်းရပ်စ်ကူးစက်မှုတွေကြောင့် လာမယ့် နိုဝင်ဘာ ၃ ရက် အင်္ဂါနေ့မှာ လုပ်မယ့် သမ္မတရွေးကောက်ပွဲအတွက် အမေရိကန်နိုင်ငံသားတွေ ကြိုတင်မဲတွေပေးနေကြပြီး ဒီကနေ့ထိဆိုရင် အမေရိကန်နိုင်ငံသား ၇၆ သန်းကျော် ကြိုတင်မဲပေးပြီးသွားပြီဖြစ်ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ၂၀၁၆ ရွေးကောက်ပွဲတခုလုံးနဲ့ နှိုင်းယှဉ်ရင် ထက်ဝက်ကျော်ကျော်လောက်ရှိနေပြီး အဲဒီတုန်းကတော့ စုစုပေါင်း အမေရိကန်နိုင်ငံသား ၁၃၈.၈ သန်း မဲပေးခဲ့ကြတာဖြစ်ပါတယ်။