[Zawgyi/Unicode]
အေမရိကန္ျပည္ေထာင္စုမွာ သမၼတေ႐ြးေကာက္ပဲြေတြကို အေမရိကန္အေရွ႕ျခမ္းေဒသေတြမွာ စတင္မဲေပးေနပါၿပီ။ လက္႐ွိသမၼတ Donald Trump ကို ေနာက္ထပ္ သမၼတသက္တမ္းခြင့္ျပဳမလား၊ ၿပိဳင္ဘက္ Democratic ပါတီသမၼတေလာင္းျဖစ္တဲ့ ဒုသမၼတေဟာင္း Joe Biden ကို ေ႐ြးခ်ယ္မလားဆိုတာ ဒီေ႐ြးေကာက္ပဲြက အဆံုးအျဖတ္ေပးမွာျဖစ္ပါတယ္။ Virginia ျပည္နယ္ထဲက မဲဆႏၵ႐ွင္တေယာက္က သူ႔မဲ႐ံုစ မဖြင့္ခင္ကတည္းက တန္းအ႐ွည္ႀကီးျဖစ္ေနၿပီလို႔ ခုလိုေျပာျပပါတယ္။
"အခုက်ေနာ္ မနက္ကို မနက္ ၆ နာရီလာၿပီးေတာ့ မဲထည့္တာ ၁၀ မိနစ္ပဲရွိေသးတယ္။ မဲရံုရဲ႕ အတန္းကေတာ့ အေတာ္ရွည္ေနၿပီ။ လူလာၿပီးေတာ့ မဲထည့္တဲ့ လူေတြေပါ့ေနာ္။ ေတာ္ေတာ္ၾကီးကို မဲလာထည့္တာ မ်ားပါတယ္။ ဆိုေတာ့ က်ေနာ္အဓိက လာထည့္ရတဲ့ အေၾကာင္းရင္းကေတာ့ ဒီ ဒီမိုကေရစီစနစ္ကို ဆက္ၿပီးေတာ့ တည္ရွိေနဖို႔အတြက္၊ ၿပီးေတာ့ ဂုဏ္သိကၡာရွိတဲ့ လူသားတေယာက္အေနနဲ႔ ေနဖို႔အတြက္ ဂုဏ္သိကၡာရွိတဲ့ ႏိုင္ငံေခါင္းေဆာင္တေယာက္ကို ရဖို႔အတြက္ မလိမ္မညာတဲ့လူမ်ိဳး ဦးေဆာင္ႏိုင္ဖို႔အတြက္ကို က်ေနာ့္သားေတြ၊ က်ေနာ္တို႔အတြက္ေတြအတြက္ လာၿပီးေတာ့ မဲေပးတာ ျဖစ္ပါတယ္ခင္ဗ်။"
SEE ALSO: ကန္ေရြးေကာက္ပဲြအခ်က္အလက္ လူမႈကြန္ယက္မီဒီယာေတြေစာင့္ၾကပ္မည္ကိုဗစ္ကပ္ေရာဂါျဖစ္ေနခ်ိန္အတြင္း က်င္းပေနတဲ့ ေ႐ြးေကာက္ပဲြျဖစ္တာမို႔ ႀကိဳတင္မဲေပးထားတဲ့ မဲဆႏၵ႐ွင္ကလည္း ၉ ၈ သန္းေက်ာ္ ႐ွိပါတယ္။ ၂၀၁၆ သမၼတေ႐ြးေကာက္ပြဲတုန္းက မဲေပးခဲ့သူစုစုေပါင္းရဲ႕ ၃ ပံု ၂ ပံုေက်ာ္ျဖစ္ပါတယ္။ ခုလိုႀကိဳတင္မဲေပးသူ အေျမာက္အမ်ားအပါအဝင္ အခု ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ စုစုေပါင္းမဲေပးသူ သန္း ၁၅၀ ထက္မနည္း စံခ်ိန္တင္မ်ားမယ္လို႔ ခန္႔မွန္းထားၾကပါတယ္။
စာတိုက္ကေန ေပးပို႔တဲ့ မဲရလဒ္ေတြကို စတင္ေရတြက္ဖို႔ သတ္မွတ္ခ်ိန္ ျပည္နယ္တခုနဲ႔တခု မတူတာေၾကာင့္ ေ႐ြးေကာက္ပြဲ အဆံုးသတ္ရလဒ္ကို ဒီေန႔ညမွာ ခ်က္ခ်င္းသိႏိုင္မွာေတာ့ မဟုတ္ပါဘူး။ တခ်ဳိ႕ျပည္နယ္ေတြမွာ မဲရလဒ္သိႏိုင္ဖုိ႔ ရက္နဲ႔ခ်ီ ၾကာႏိုင္ပါတယ္။ ႀကိဳတင္မဲေတြထဲမွာ ၃ ပံု ၂ ပံုက စာတိုက္ကေပးပို႔တဲ့ မဲေတြျဖစ္ၿပီး က်န္တာက ႀကိဳတင္ဖြင့္တဲ့မဲ႐ံုေတြမွာ ကိုယ္တိုင္သြား မဲေပးထားၾကတာျဖစ္ပါတယ္။
Your browser doesn’t support HTML5
အေမရိကန္ေရြးေကာက္ပဲြမ်ား စတင္မဲေပး
[Unicode Version]
အမေရိကန်ရွေးကောက်ပွဲများ စတင်မဲပေး
အမေရိကန်ပြည်ထောင်စုမှာ သမ္မတရွေးကောက်ပွဲတွေကို အမေရိကန်အရှေ့ခြမ်းဒေသတွေမှာ စတင်မဲပေးနေပါပြီ။ လက်ရှိသမ္မတ Donald Trump ကို နောက်ထပ် သမ္မတသက်တမ်းခွင့်ပြုမလား၊ ပြိုင်ဘက် Democratic ပါတီသမ္မတလောင်းဖြစ်တဲ့ ဒုသမ္မတဟောင်း Joe Biden ကို ရွေးချယ်မလားဆိုတာ ဒီရွေးကောက်ပွဲက အဆုံးအဖြတ်ပေးမှာဖြစ်ပါတယ်။ Virginia ပြည်နယ်ထဲက မဲဆန္ဒရှင်တယောက်က သူ့မဲရုံစ မဖွင့်ခင်ကတည်းက တန်းအရှည်ကြီးဖြစ်နေပြီလို့ ခုလိုပြောပြပါတယ်။
"အခုကျနော် မနက်ကို မနက် ၆ နာရီလာပြီးတော့ မဲထည့်တာ ၁၀ မိနစ်ပဲရှိသေးတယ်။ မဲရုံရဲ့ အတန်းကတော့ အတော်ရှည်နေပြီ။ လူလာပြီးတော့ မဲထည့်တဲ့ လူတွေပေါ့နော်။ တော်တော်ကြီးကို မဲလာထည့်တာ များပါတယ်။ ဆိုတော့ ကျနော်အဓိက လာထည့်ရတဲ့ အကြောင်းရင်းကတော့ ဒီ ဒီမိုကရေစီစနစ်ကို ဆက်ပြီးတော့ တည်ရှိနေဖို့အတွက်၊ ပြီးတော့ ဂုဏ်သိက္ခာရှိတဲ့ လူသားတယောက်အနေနဲ့ နေဖို့အတွက် ဂုဏ်သိက္ခာရှိတဲ့ နိုင်ငံခေါင်းဆောင်တယောက်ကို ရဖို့အတွက် မလိမ်မညာတဲ့လူမျိုး ဦးဆောင်နိုင်ဖို့အတွက်ကို ကျနော့်သားတွေ၊ ကျနော်တို့အတွက်တွေအတွက် လာပြီးတော့ မဲပေးတာ ဖြစ်ပါတယ်ခင်ဗျ။"
SEE ALSO: ေရြးေကာက္ပဲြေနာက္ရက္ မဲေရတြက္မႈ အၾကမ္းဖက္မႈေတြ ရွိလာႏိုင္ Trump သတိေပးကိုဗစ်ကပ်ရောဂါဖြစ်နေချိန်အတွင်း ကျင်းပနေတဲ့ ရွေးကောက်ပွဲဖြစ်တာမို့ ကြိုတင်မဲပေးထားတဲ့ မဲဆန္ဒရှင်ကလည်း ၉ ၈ သန်းကျော် ရှိပါတယ်။ ၂၀၁၆ သမ္မတရွေးကောက်ပွဲတုန်းက မဲပေးခဲ့သူစုစုပေါင်းရဲ့ ၃ ပုံ ၂ ပုံကျော်ဖြစ်ပါတယ်။ ခုလိုကြိုတင်မဲပေးသူ အမြောက်အများအပါအဝင် အခု ၂၀၂၀ ရွေးကောက်ပွဲမှာ စုစုပေါင်းမဲပေးသူ သန်း ၁၅၀ ထက်မနည်း စံချိန်တင်များမယ်လို့ ခန့်မှန်းထားကြပါတယ်။
စာတိုက်ကနေ ပေးပို့တဲ့ မဲရလဒ်တွေကို စတင်ရေတွက်ဖို့ သတ်မှတ်ချိန် ပြည်နယ်တခုနဲ့တခု မတူတာကြောင့် ရွေးကောက်ပွဲ အဆုံးသတ်ရလဒ်ကို ဒီနေ့ညမှာ ချက်ချင်းသိနိုင်မှာတော့ မဟုတ်ပါဘူး။ တချို့ပြည်နယ်တွေမှာ မဲရလဒ်သိနိုင်ဖို့ ရက်နဲ့ချီ ကြာနိုင်ပါတယ်။ ကြိုတင်မဲတွေထဲမှာ ၃ ပုံ ၂ ပုံက စာတိုက်ကပေးပို့တဲ့ မဲတွေဖြစ်ပြီး ကျန်တာက ကြိုတင်ဖွင့်တဲ့မဲရုံတွေမှာ ကိုယ်တိုင်သွား မဲပေးထားကြတာဖြစ်ပါတယ်။