ထိုင်းဘုန်းကြီးတပါးကို လိင်ရာဇဝတ်မှုနဲ့ ပြည်နှင် လွဲှပြောင်း

အသက်မပြည့်သေးတဲ့ မိန်းကလေးငယ် တဦးနဲ့ လိင်ဆက်ဆံမှု အပါအဝင် ပြစ်မှုဆိုင်ရာ စွဲချက် အများအပြားနဲ့ ရင်ဆိုင်နေရဲ့ ထိုင်း ဗုဒ္ဓဘာသာ ရဟန်းတပါး ဖြစ်ခဲ့သူကို အမေရိကန် ပြည်ထောင်စုက လွှဲပြောင်းပေးလိုက်ပါတယ်။

အမေရိကန် ပြည်ထောင်စုကနေ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော် နိုင်ငံတကာ လေဆိပ်ကို ဆိုက်ရောက်လာတဲ့ Wirapon Sukphon ကို မနေ့ ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းမှာ ဖမ်းဆီးလိုက်တာပါ။

၂၀၁၃ ခုနှစ်က ကိုယ်ပိုင်လေယာဉ် ပေါ်မှာ နာမည်ကျော် တံဆိပ် နေကာမျက်မှန်တပ်၊ထိပ်တန်း ဖက်ရှင်တံဆိပ် Louis Vuitton လက်ဆွဲအိတ်နဲ့ ဘုန်းတော်ကြီး Wirapon Sukphon ရဲ့ ဗီဒီယို တခု ထွက်ပေါ်လာပြီး နောက်မှာတော့ သူ့အပေါ် အများက အာရုံစိုက်ခဲ့ကြတာပါ။

နောက်ပိုင်း စုံစမ်းစစ်ဆေးမှုအတွင်း သူနာမည်နဲ့ ဒေါ်လာသန်းနဲ့ချီ ပိုင်ဆိုင်မှုတွေကို တွေ့ရှိပြီးနောက်မှာတော့ ဘုန်းတော်ကြီး Wirapon Sukphon လူဝတ်လဲခဲ့ရပါတယ်။ အဲဒီနှစ်မှာဘဲ ငွေကြေးခဝါချမှု၊ လူထုထံက ငွေကြေး လိမ်ညာရယူမှု၊ ကွန်ပျူတာ ရာဇဝတ်မှု၊ ကလေးသူငယ် ပြန်ပေးဆွဲမှု၊ နောက် ကလေးငယ်တွေနဲ့ လိင်ဆက်ဆံမှု ဆိုင်ရာ စွဲချက်တွေ တင်ခံခဲ့ရပေမယ့် သူက အမေရိကန် ပြည်ထောင်စုကို ထွက်ပြေးခဲ့တာပါ။

ဘုန်းတော်ကြီး Wirapon Sukphon ရဲ့ အမှုကတော့ လတ်တလော နှစ်ပိုင်းတွေ အတွင်း ထိုင်းနိုင်ငံရဲ့ ဗုဒ္ဓဘာသာ သံဃာတွေရဲ့ ပုံရိပ်ကို ကျဆင်းစေတဲ့ အမှုအခင်းတွေထဲက တခုဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ အလားတူ ငွေညှစ်ရယူမှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှု၊ မအပ်စပ်တဲ့ လိင်ဆက်ဆံမှု တို့လို ရာဇဝတ်မှုတွေနဲ့ စွဲဆိုခံရတဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး တချို့ကိုလည်း လူဝတ်လဲခဲ့ပါတယ်။

Your browser doesn’t support HTML5

ထိုင်းဘုန်ကြီးတပါးကို လိင်ရာဇဝတ်မှုနဲ့ ပြည်နှင် လွဲှပြောင်း