စစ်ရေးစွမ်းရည် တိုးမြှင့်ရေး ပိုလန် နဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီးချင်း ဆွေးနွေး
{{Zawgyi/Unicode}}
ပိုလန်ကာကွယ်ရေးဝန်ကြီး Mariusz Blaszczak ရဲ့ အမေရိကန် ခရီးစဉ်အတွင်း ပိုလန်နိုင်ငံရဲ့ ကာကွယ်ရေး စွမ်းရည် တိုးမြှင့်မယ့် အစီအစဉ်တွေကို အလေးထား ပြောကြားခဲ့ပါတယ်။
ပိုလန်ကာကွယ်ရေးဝန်ကြီးနဲ့ ပင်တဂွန်စစ်ဌာနချုပ်မှာ တွေ့ဆုံခဲ့တဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin ကတော့ ကျုးကျော်သူ ရုရှားတပ်ဖွဲ့တွေကို အောင်အောင်မြင်မြင် ခုခံတွန်းလှန်နိုင်အောင် ယူကရိန်း စစ်တပ်အတွက် အရေးတကြီး လိုအပ်နေတဲ့ ကာကွယ်ရေးဆိုင်ရာ အကူအညီတွေ သာမက၊ စာနာမှု အကူအညီတွေ ပေးအပ်ခဲ့တဲ့ ပိုလန်နိုင်ငံကို ချီးကျုးစကား ပြောကြားခဲ့တာပါ။
အမေရိကန်၊ NATO မဟာမိတ်တွေနဲ့ ကမ္ဘာတလွှားက တခြားမိတ်ဆွေနိုင်ငံတွေက လုံခြုံရေးဆိုင်ရာ အကူအညီတွေ ယူကရိန်းအတွက် ပေးအပ်ရာမှာ ပိုလန်နိုင်ငံရဲ့ အခမ်းကဏ္ဍဟာ အရေးပါကြောင်း ပြောပါတယ်။
အကြမ်းဖက်ခံရမှု အန္တရာယ်က ထွက်ပြေးလာကြတဲ့ သန်းနဲ့ချီတဲ့ ယူကရိန်းနိုင်ငံသားတွေကို ပိုလန်ပြည်သူတွေက လှိုက်လှိုက်လှဲလှဲ လက်ခံကြိုဆိုခဲ့ကြတယ်လို့လည်း ပြောပါတယ်။
လွန်ခဲ့တဲ့ ၂ လလောက်က ယူကရိန်းကို ရုရှားက ကျုးကျော်တိုက်ခိုက်ခဲ့ချိန်ကစလို့ ယူကရိန်း နိုင်ငံသား ၃ သန်းနီးပါး ပိုလန်နိုင်ငံကို ထွက်ပြေးခဲ့ကြတာပါ။ ပိုလန် ကာကွယ်ရေး ဝန်ကြီးကတော့ အမေရိကန်ရဲ့ ကာကွယ်ရေးဆိုင်ရာ မူဝါဒနဲ့ ဦးဆောင်မှုဟာ အရေးကြီးတယ်လို့ ခံယူထားကြောင်းနဲ့ အမေရိကန်တပ်ဖွဲ့တွေကို ပိုလန်မှာ လက်ခံထားရတာ ဂုဏ်ယူကြောင်းလည်း ပြောဆိုခဲ့ပါတယ်။
၂ နိုင်ငံကြား နိုင်ငံရေး၊ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေဟာ ကုန်ထုတ်လုပ်မှုနဲ့ စီးပွားရေးမှာလည်း အကျိုးအမြတ်တွေ ခံစားရလိမ့်မယ်လို့ ပြောပါတယ်။
Your browser doesn’t support HTML5
.....................................................
{{Zawgyi/Unicode}}