ပုံမှန်ဆက်ဆံရေးစဖို့ အစ္စရေးနဲ့ ကန်အရာရှိတွေ UAE ကို ထွက်ခွာ

ကန်အရာရှိများကို အစ္စရေးနိုင်ငံ Tel Aviv မြို့ရှိ Ben Gurion လေဆိပ်ကနေ Abu Dhabi ကို မထွက်ခွာခင် တွေ့ရတဲ့ မြင်ကွင်း။ (သြဂုတ် ၃၁၊ ၂၀၂၀)

[Zawgyi/Unicode]

အစ္စရေးနဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) နိုင်ငံအကြား တရားဝင် ဆက်ဆံရေး ထူထောင်ရေး အပြီးသတ် လုပ်ငန်း တွေ လုပ်ဆောင်ဖို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ အစ္စရေးလ် ဝန်ကြီးချုပ် Benjamin Netanyahu တို့ရဲ့ အကြီးတန်း လက်ထောက် အရာရှိတွေ အစ္စရေးကနေ UAE ကို လေယာဉ်နဲ့ တနင်္လာနေ့က ထွက်ခွာသွားပြီ ဖြစ်ပါတယ်။

အစ္စရေး လေကြောင်းလိုင်းပိုင် လေယာဉ်က Tel Aviv ကနေ Abu Dhabi ကို ဆော်ဒီ လေယာဉ်ပိုင်နက်ကို ဖြတ်ကျော်ပြီး ပျံသန်းခဲ့တာကြောင့် ဆွေးနွေးမယ့် ကိုယ်စားလှယ်တွေကို သယ်ဆောင်သွားတဲ့ လေယာဉ်ခရီးစဉ်ဟာလည်း သမိုင်းဝင် လေယာဉ် ခရီးစဉ် တစ်ခု ဖြစ်လာတာပါ။

SEE ALSO: အီရန်လေကြောင်းလိုင်းကိုထောက်ပံ့ပေးနေတဲ့ UAE ကုမ္ပဏီကို ကန် ဒဏ်ခတ်အရေးယူ

ဒါဟာ ငြိမ်းချမ်းရေးအတွက် ငြိမ်းချမ်းရေးဆိုတာမျိုးပဲ လို့ အစ္စရေး ဝန်ကြီးချုပ် Netanyahu က တွစ်တာမှာ ရေးသားခဲ့ပါတယ်။ အစ္စရေးတို့ ၁၉၆၇ ခုနှစ်တုန်းက သိမ်းပိုက်ထားတဲ့ နယ်မြေတွေ ပြန်ပေးမှ ငြိမ်းချမ်းရေး ဆွေးနွေးမယ်ဆိုတဲ့ တောင်းဆိုချက်တွေ မလုပ်ဘဲ ငြိမ်းချမ်းရေး ရနိုင်တယ်ဆိုတာကို ရည်ညွှန်း ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။

၃ နာရီနဲ့ မိနစ် ၂၀ ကြာမြင့်တဲ့ Tel Aviv - Abu Dhabi လေယာဉ် ခရီးစဉ်ကို သမ္မတ ထရမ့်ရဲ့ အကြီးတန်း အကြံပေးလည်းဖြစ် သားမက်လည်း တော်စပ်သူ Jared Kushner နဲ့ အမေရိကန် အမျိုးသား လုံခြုံရေး အကြံပေး Robert O'Brien တို့က ဦးဆောင်သွားတာ ဖြစ်ပြီး အစ္စရေးဘက်ကလည်း အမျိုးသား လုံခြုံရေး အကြံပေး Meir Ben-Shabbat အတူ လိုက်ပါသွားတာ ဖြစ်ပါတယ်။ အဲဒီ ကိုယ်စားလှယ် အဖွဲ့တွေက အစ္စရေးနဲ့ UAE အကြား ကူးသန်းရောင်းဝယ်ရေးနဲ့ ခရီးသွားလုပ်ငန်းလို့ ကဏ္ဍတွေမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက် ရေး လုပ်ဆောင်ဖို့ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ အစ္စရေး ကာကွယ်ရေး ဝန်ကြီးဌာနက ကိုယ်စားလှယ်တွေကတော့ UAE ကို သီးခြား သွားရောက်မှာ ဖြစ်ပါတယ်။

အစ္စရေးနဲ့ UAE အကြား တရားဝင် ဆက်ဆံရေး ထူထောင်ဖို့ ရရှိခဲ့တဲ့ သဘောတူညီချက်ဟာ အစ္စရေးအနေနဲ့ အာရပ် နိုင်ငံ တစ်နိုင်ငံနဲ့နှစ် ၂၀ အတွင်း ပထမဆုံး ရရှိတဲ့ သဘောတူညီချက် ဖြစ်ပါတယ်။

Your browser doesn’t support HTML5

ပုံမှန်ဆက်ဆံရေးစဖို့ အစ္စရေးနဲ့ ကန်အရာရှိတွေ UAE ကို ထွက်ခွာ

[Unicode Version]



SEE ALSO: အစ္စရေးကန့်ကွက်မှုကြောင့် UAE နိုင်ငံကို တိုက်လေယာဉ်ရောင်းချရေး ကန်သမ္မတပြန်စဉ်းစားနေ



ကန်အရာရှိများကို အစ္စရေးနိုင်ငံ Tel Aviv မြို့ရှိ Ben Gurion လေဆိပ်ကနေ Abu Dhabi ကို မထွက်ခွာခင် တွေ့ရတဲ့ မြင်ကွင်း။ (သြဂုတ် ၃၁၊ ၂၀၂၀)

