[Zawgyi/Unicode]
အေမရိကန္သမၼတအျဖစ္ ျပန္အေရြးခံရေရး အႀကိတ္အနယ္ျဖစ္ေနတဲ့ ျပည္နယ္ ၂ ခုမွာ အေျခအေန သိပ္မေကာင္းလွတဲ့ သမၼတ Donald Trump က မဲေရတြက္မႈေတြ ရပ္ထားဖို႔ တရားေရး နည္းလမ္းေတြနဲ႔ ႀကိဳးစားေပမဲ့ အဲဒီျပည္နယ္ေတြကေတာ့ မဲေတြဆက္ၿပီးေရတြက္ေနပါတယ္။
“တရား၀င္မဲေတြကို ေရတြက္မယ္ဆိုရင္ က်ေနာ္အသာေလး အႏုိင္ရပါတယ္။ တရား၀င္မဟုတ္တဲ့ မဲေတြကို ေရတြက္မယ္ဆိုရင္ က်ေနာ္တို႔ဆီကေန ေရြေးကာက္ပြဲရလဒ္ကို ခုိးယူဖို႔ သူတို႔ ႀကိဳးစားလာႏုိင္ပါတယ္။" ဆိုၿပီး သမၼတ Trump ကအိမ္ျဖဴေတာ္သတင္းစာရွင္းလင္းပြဲမွာ မေန႔က ေျပာဆိုသြားတာပါ။
SEE ALSO: ကန္ ေရြးေကာက္ပြဲ မရုိးသားမႈ မေတြ႔ရေၾကာင္း ဥေရာပေစာင့္ၾကည့္ေရးအဖြဲ႔ေျပာဒီမိုကရက္သမၼတေလာင္း Joe Biden မဆိုစေလာက္ မဲအသာရေနတဲ့ နီဗားဒါးျပည္နယ္မွာေတာ့ သမၼတ Trump ရဲ ႔မဲဆြယ္စည္းရုံးေရးအဖြဲ႔က ဒီျပည္နယ္မွာ ေနထုိင္သူမဟုတ္တဲ့လူေပါင္း ၁၀,၀၀၀ ေလာက္ ဒီမွာ တရားမ၀င္မဲေပးခဲ့သလို သူတို႔မဲေတြကိုပါ ထည့္ၿပီးေရတြက္ထားတယ္ဆိုၿပီး ဒီကိစၥကို တရားေရးအရေဆာင္ရြက္မယ္လို႔ ေျပာပါတယ္။
နီဗားဒါးျပည္နယ္၊ Clark ခ႐ိုင္ မဲရုံတာ၀န္ခံ Joe Gloria က အဲဒီလိုအျဖစ္မ်ိဳး ေပၚေပါက္ခဲ့တာမရွိဘူးဆိုၿပီး စြပ္စြဲခ်က္ေတြကို ပယ္ခ်ခဲ့တာပါ။ သမၼတTrump အႏုိင္ရေရး အေရးႀကီးလွတဲ့ ပန္ဆယ္လ္ေဗးနီးယားျပည္နယ္မွာ မဲေရတြက္မႈေတြ ရပ္ထားဖို႔ တရားေရးအရ လုပ္ကိုင္ထားတယ္လို႔လည္း သမၼတ Trump ရဲ ႔ မဲဆြယ္စည္းရုံးေရးအဖြဲ႔က ဗုဒၶဟူးေန႔မွာ ေၾကျငာခဲ့ပါတယ္။
ေဂ်ာ္ဂ်ီယာနဲ႔ မီရွီဂန္ျပည္နယ္ေတြမွာ မဲေတြ ကိုင္တြယ္ေဆာင္ရြက္ပုံနဲ႔ ပတ္သက္လို႔ သမၼတ Trump ရဲ ႔ တရားစြဲဆိုမႈေတြကို သက္ဆုိင္ရာ တရား႐ုံးေတြက ပယ္ခ်လိုက္ခ်ိန္မွာပဲ နီဗားဒါးျပည္နယ္မွာ တရားစြဲဆို လိုက္တာပါ။ နီဗားဒါးျပည္နယ္မွာလည္း အခုခ်ိန္ထိ ဘယ္သူအႏုိင္ရတယ္ဆိုတာ မထုတ္ျပန္ႏုိင္ေသးပါဘူး။
Your browser doesn’t support HTML5
ကန္သမၼတေရြးေကာက္ပြဲ မဲေရတြက္မႈရပ္ဖို႔ သမၼတထရမ့္ပ္ႀကိဳးစားေပမဲ့ ဆက္ၿပီးေရတြက္ေနဆဲ
[Unicode Version]
ကန်သမ္မတရွေးကောက်ပွဲ မဲရေတွက်မှုရပ်ဖို့ သမ္မတထရမ့်ပ်ကြိုးစားပေမဲ့ ဆက်ပြီးရေတွက်နေဆဲ
အမေရိကန်သမ္မတအဖြစ် ပြန်အရွေးခံရရေး အကြိတ်အနယ်ဖြစ်နေတဲ့ ပြည်နယ် ၂ ခုမှာ အခြေအနေ သိပ်မကောင်းလှတဲ့ သမ္မတ Donald Trump က မဲရေတွက်မှုတွေ ရပ်ထားဖို့ တရားရေး နည်းလမ်းတွေနဲ့ ကြိုးစားပေမဲ့ အဲဒီပြည်နယ်တွေကတော့ မဲတွေဆက်ပြီးရေတွက်နေပါတယ်။
“တရားဝင်မဲတွေကို ရေတွက်မယ်ဆိုရင် ကျနော်အသာလေး အနိုင်ရပါတယ်။ တရားဝင်မဟုတ်တဲ့ မဲတွေကို ရေတွက်မယ်ဆိုရင် ကျနော်တို့ဆီကနေ ရွေေးကာက်ပွဲရလဒ်ကို ခိုးယူဖို့ သူတို့ ကြိုးစားလာနိုင်ပါတယ်။" ဆိုပြီး သမ္မတ Trump ကအိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲမှာ မနေ့က ပြောဆိုသွားတာပါ။
ဒီမိုကရက်သမ္မတလောင်း Joe Biden မဆိုစလောက် မဲအသာရနေတဲ့ နီဗားဒါးပြည်နယ်မှာတော့ သမ္မတ Trump ရဲ့မဲဆွယ်စည်းရုံးရေးအဖွဲ့က ဒီပြည်နယ်မှာ နေထိုင်သူမဟုတ်တဲ့လူပေါင်း ၁၀,၀၀၀ လောက် ဒီမှာ တရားမဝင်မဲပေးခဲ့သလို သူတို့မဲတွေကိုပါ ထည့်ပြီးရေတွက်ထားတယ်ဆိုပြီး ဒီကိစ္စကို တရားရေးအရဆောင်ရွက်မယ်လို့ ပြောပါတယ်။
SEE ALSO: ကန္ေရြးေကာက္ပြဲ အေရးႀကီးျပည္နယ္ ၂ ခု မဲေရတြက္မႈအေျခအေနနီဗားဒါးပြည်နယ်၊ Clark ခရိုင် မဲရုံတာဝန်ခံ Joe Gloria က အဲဒီလိုအဖြစ်မျိုး ပေါ်ပေါက်ခဲ့တာမရှိဘူးဆိုပြီး စွပ်စွဲချက်တွေကို ပယ်ချခဲ့တာပါ။ သမ္မတTrump အနိုင်ရရေး အရေးကြီးလှတဲ့ ပန်ဆယ်လ်ဗေးနီးယားပြည်နယ်မှာ မဲရေတွက်မှုတွေ ရပ်ထားဖို့ တရားရေးအရ လုပ်ကိုင်ထားတယ်လို့လည်း သမ္မတ Trump ရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့က ဗုဒ္ဓဟူးနေ့မှာ ကြေငြာခဲ့ပါတယ်။
ဂျော်ဂျီယာနဲ့ မီရှီဂန်ပြည်နယ်တွေမှာ မဲတွေ ကိုင်တွယ်ဆောင်ရွက်ပုံနဲ့ ပတ်သက်လို့ သမ္မတ Trump ရဲ့ တရားစွဲဆိုမှုတွေကို သက်ဆိုင်ရာ တရားရုံးတွေက ပယ်ချလိုက်ချိန်မှာပဲ နီဗားဒါးပြည်နယ်မှာ တရားစွဲဆို လိုက်တာပါ။ နီဗားဒါးပြည်နယ်မှာလည်း အခုချိန်ထိ ဘယ်သူအနိုင်ရတယ်ဆိုတာ မထုတ်ပြန်နိုင်သေးပါဘူး။