အမေရိကန်ရေတပ် တပ်ဖွဲ့ဝင်တွေနဲ့ မြန်မာပြည်သူတွေကြားမှ ရင်းနှီးမှု ပိုပြီးခိုင်မာဖို့ နဲ့ ယဉ်ကျေးမှုဖလှယ်ဖို့အတွက် အမေရိကန်ရေတပ် အမြန်ပို့ဆောင်ရေးသင်္ဘော USNS Fall River (T-EPF-4) သင်္ဘောဟာ ရန်ကုန်ဆိပ်ကမ်းကို ဒီကနေ့ မတ်လ ၂၁ ရက် အင်္ဂါနေ့မှာ ရောက်လာမှာဖြစ်ပါတယ်။
၂၅ ရက်နေ့အထိချစ်ကြည်ရေးခရီးစဉ်အတွင်း USNS Fall River သင်္ဘောနဲ့ပါလာကြမယ့်အမှုထမ်းတွေဟာ မြန်မာ့ရေတပ်နဲ့ တွေ့ဆုံမှုတွေလုပ်မှာ ဖြစ်သလို ရန်ကုန်မြို့အတွင်း လေ့လာရေးခရီးထွက်ကြမှာဖြစ်တယ်လို့ အမေရိကန်သံရုံးရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
USNS Fall River (T-EPF-4)U.S. Embassy Rangoon
ဂီတဖလှယ်ရေး အစီအစဉ်အရ အမေရိကန်ရေတပ်မဟာ ၇ တီးဝိုင်းဟာ အမေရိကန်သံရုံး အမေရိကန်စင်တာမှာ ဖျော်ဖြေပွဲလုပ်မှာဖြစ်သလို မြန်မာနိုင်ငံက ဂီတပညာရှင်တွေနဲ့ တေ့ွဆုံသွားမှာဖြစ်ပါတယ်။
USNS Fall River အနေနဲ့ မြန်မာနိုင်ငံကို လာခွင့်ရတဲ့အတွက် ဂုဏ်ယူကြောင်းနဲ့ ဒီသမိုင်းဝင်ခရီးစဉ်ကနေ မြန်မာပြည်သူတွေနဲ့ ရေရှည်ချစ်ကြည်ရင်းနှီးမှုတွေ တည်ဆောက်နိုင်ဖို့ မျှော်လင့်ကြောင်း အမေရိကန်ရေတပ် အမှတ် ၇၃ ရေယာဉ်စုရဲ့ တပ်မှူးကြီး ရေတပ်ဗိုလ်ချုပ် Don Gabrielson ကပြောပါတယ်။
အမေရိကန်ရေတပ် အမြန်ပို့ဆောင်ရေးသင်္ဘော USNS Fall River ဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း မြန်မာနိုင်ငံကို တရားဝင်လာရောက်တဲ့ ပထမဆုံးအမေရိကန် ရေတပ်သင်္ဘောဖြစ်ပါတယ်။ အာရှ Pacific ဒေသထဲက နိုင်ငံတွေနဲ့ အမေရိကန်ကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်တဲ့အစီအစဉ်အဖြစ် နိုင်ငံစုံပါဝင်တဲ့ လူသားချင်းစာနာမှု အကူအညီပေးရေးနဲ့ သဘာဝဘေးဒဏ်တုံ့ပြန်ရေး နှစ်ပတ်လည်ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုအတွက် USNS Fall River သင်္ဘောဟာ သီရိလင်္ကာနဲ့ မလေးရှားနိုင်ငံတို့ဆီကို အသွား မြန်မာနိုင်ငံကို ဝင်ရောက်တာဖြစ်ပါတယ်။
Your browser doesn’t support HTML5
အမေရိကန်ရေတပ် ယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ် မြန်မာကိုလာမည်