ဗင်နီဇွဲလား နိုင်ငံ သမ္မတ Nicolás Maduro က အမေရိကန် ပြည်ထောင်စုနဲ့ သံအဆက်အသွယ် ဖြတ်တောက်လိုက်ပြီး အမေရိကန် သံအရာရှိတွေ သူ့တိုင်းပြည်က ထွက်ခွာသွားဖို့ ၇၂ နာရီ အချိန်ပေးထားပါတယ်။ သမ္မတ Donald Trump က Juan Guaido ကို ဗင်နီဇွဲလား နိုင်ငံရဲ့ ကြားဖြတ် ခေါင်းဆောင် အဖြစ် အသိအမှတ်ပြုခဲ့ပြီး Nicolás Maduro ကို ခပ်ပြတ်ပြတ် သတိပေးလိုက်ပြီး နာရီပိုင်း အတွင်းမှာဘဲ သမ္မတ Maduro က အခုလို ကြေညာလိုက်တာ ဖြစ်ပါတယ်။
ဗင်နီဇွဲလားမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ငြိမ်းငြိမ်းချမ်းချမ်း မရှိဘူးဆိုရင် နည်းလမ်းမျိုးစုံကို အသုံးပြု သွားမယ်လို့လည်း သမ္မတ Donald Trump က သတင်းထောက်တွေကို ပြောပါတယ်။ Nicolás Maduro ကို ဆန့်ကျင်တဲ့ တရက်တာ လူထုဆန္ဒပြပွဲ အတွင်း အတိုက်အခံ ခေါင်းဆောင်လည်းဖြစ် ဗင်နီဇွဲလား လွှတ်တော် ဥက္ကဌလည်း ဖြစ်တဲ့ Juan Guaido က သူ့ကိုယ်သူ သမ္မတ အဖြစ် ကြေညာပြီး မကြာခင်မှာဘဲ အမေရိကန် သမ္မတ Trump ရဲ့ ကြေညာချက် ထွက်လာခဲ့တာပါ။ အမေရိကန် အနေနဲ့ ချက်ချင်း လုပ်ဆောင်ဖွယ် ရှိတာကတော့ Maduro အစိုးရရဲ့ အဖွဲ့ဝင်တွေ အပေါ် ဒဏ်ခတ် အရေးယူတာတွေ တိုးမြှင့်ပြီး အခြေအနေ ကောင်းမွန်လာရင် ဗင်နီဇွဲလား ရေနံ လုပ်ငန်း အပေါ် အရေးယူ ဒဏ်ခတ်မှု အသစ်တွေ ချမှတ်မယ့် ကိစ္စဘဲ ဖြစ်ပါတယ်။
Your browser doesn’t support HTML5