WHO အတွက် ပြင်သစ်နဲ့ ဂျာမနီ ရန်ပုံငွေ ထောက်ပံ့မယ်

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတွေ့ရတဲ့ ဂျာမနီ ကျန်းမာရေးဝန်ကြီး Jens Spahn နဲ့ WHO ရဲ့ အကြီးအကဲ Dr. Tedros Ghebreyesus (ဇွန် ၂၅၊ ၂၀၂၀)

[Zawgyi/Unicode]

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) က ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကို တိုက်ဖျက်နေတာနဲ့အမျှ WHO ကို ရန်ပုံငွေတွေ နောက်ထပ် ထောက်ပံ့သွားမယ်လို့ ပြင်သစ်နဲ့ ဂျာမနီနိုင်ငံတွေက ကြာသပတေးနေ့က ကတိပြုလိုက်ပါတယ်။

WHO ရဲ့ အကြီးအကဲ Dr. Tedros Ghebreyesus

WHO ရဲ့ အကြီးအကဲ Dr. Tedros Ghebreyesus နဲ့ ပြင်သစ်နဲ့ ဂျာမနီက ကျန်းမာရေးဝန်ကြီးတွေ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ဒီကပ်ရောဂါနဲ့ ကပ်ရောဂါအပေါ် ကမ္ဘာကြီးအနေနဲ့ ဘယ်လိုတုံ့ပြန်မလဲဆိုတာကို တွေ့ဆုံဆွေးနွေးခဲ့ကြပြီးတဲ့နောက် အခုလို ရန်ပုံငွေတွေ ထပ်ပေးသွားမယ်လို့ ကတိပြုခဲ့ကြတာဖြစ်ပါတယ်။

ဥရောပတဝန်းမှာ ဗိုင်းရပ်စ်ကူးစက်မှုတွေ သိသိသာသာ ပြန်ဖြစ်လာနေတယ်လို့ WHO ရဲ့ ဥရောပဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Hans Kluge က ကြေငြာလိုက်ချိန်မှာပဲ ကြာသပတေးနေ့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။

SEE ALSO: အိန္ဒိယမှာ COVID-19 ကူးစက်သူ ၅ သိန်းနီးပါး ရှိသွားပြီ

ဂျာမနီနိုင်ငံဟာ ဥရောပသမဂ္ဂ ဥက္ကဋ္ဌ ဖြစ်လာတာနဲ့အမျှ၊ ဂျာမနီအနေနဲ့ WHO ကို အခုနှစ်အတွင်းမှာ အမေရိကန်ဒေါ်လာ သန်း ၅၆၀ နဲ့ တခြား ပစ္စည်းကိရိယာတွေ ထောက်ပံ့ပေးသွားဖို့ ရည်မှန်းထားတယ်လို့ ဂျာမနီ ကျန်းမာရေးဝန်ကြီး Jens Spahn က ပြောပါတယ်။ ဒါပေမဲ့ WHO ကို အခုနောက်ထပ်ပေးသွားမယ့် အကူအညီတွေကိုတော့ အရင်ဆုံး ဂျာမနီပါလီမန်က အတည်ပြုပေးရမှာဖြစ်ပြီး ဇူလိုင်လဆန်းလောက်မှာဖြစ်လာဖို့ မျှော်လင့်ထားကြောင်း သူက ပြောပါတယ်။

ပြင်သစ်နိုင်ငံကတော့ လီယွန်မြို့မှာရှိတဲ့ WHO ရဲ့ သုတေသနဌာနအတွက် ဒေါ်လာ သန်း ၁၀၀ လှူဒါန်းသွားမှာဖြစ်ပြီး နောက်ထပ်လည်း ဒေါ်လာ ၅၆ သန်းလှူသွားမှာဖြစ်တယ်လို့ ပြောပါတယ်။

Your browser doesn’t support HTML5

WHO အတွက် ပြင်သစ်နဲ့ ဂျာမနီ ရန်ပုံငွေ ထောက်ပံ့မယ်

[Unicode Version]




WHO ရဲ့ ဥရောပဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Hans Kluge



SEE ALSO: လက်တင်အမေရိကဒေသ ကမ္ဘာ့ COVID-19 ကူးစက်မှု ဗဟိုချက်ဖြစ်လာ
