ကန္အထက္လႊတ္ေတာ္ ဒီမိုကရက္ထိန္းခ်ဳပ္ခြင့္ရဖို႔ ေမွ်ာ္လင့္ခ်က္နည္း

ၿမိဳ႕ေတာ္ Washington ရွိ လႊတ္ေတာ္အေဆာက္အဦး၊ Capitol Hill။

[Zawgyi/Unicode]

အေမရိကန္သမၼတေရြးေကာက္ပြဲနဲ႔အတူ က်င္းပတဲ့ ကြန္ဂရက္လႊတ္ေတာ္ေရြးေကာက္ပြဲေတြမွာ ေအာက္လႊတ္ေတာ္ကို ဒီမိုကရက္ေတြက လူမ်ားစုနဲ႔ ဆက္ထိန္းထားႏုိင္မယ့္ အလားအလာရွိေနၿပီး အထက္လႊတ္ေတာ္ကို ထိန္းခ်ဳပ္ႏုိင္ဖို႔ ေမ ွ်ာ္လင့္ခ်က္ကေတာ့ ေမွးမွိန္ေနပါတယ္။

အက်ိတ္အနယ္ၿပိဳင္ရတဲ့ အထက္လႊတ္ေတာ္ေနရာ အေတာ္မ်ားမ်ားမွာ လက္ရွိ ရီပတ္ဘလီကန္ အထက္လႊတ္ေတာ္အမတ္ေတြက ၿပိဳင္ဘက္ ဒီမိုကရက္ အမတ္ေလာင္းေတြကို အႏုိင္ရေနပါတယ္။

SEE ALSO: ကန္ေရြးေကာက္ပဲြရလဒ္ မဲေရတြက္ေနဆဲ

ဒီလို အႏုိင္ရတဲ့ထဲမွာ အထက္လႊတ္ေတာ္ ရီပတ္ဘလီကန္ေခါင္းေဆာင္ ကန္တပ္ကီျပည္နယ္၊ အထက္လႊတ္ေတာ္အမတ္ Mitch McConnell လည္းပါဝင္ပါတယ္။

အထက္လႊတ္ေတာ္ အမတ္အေရအတြက္ ၁၀၀ ထဲမွာ ၃၅ ေနရာအတြက္ ယွဥ္ၿပိဳင္ၾကရတာျဖစ္ၿပီး အဲဒီထဲမွာ ၇ ေနရာက အက်ိတ္အနယ္ၿပိဳင္ရတဲ့ေနရာေတြပါ။

အခုေရြးေကာက္ပြဲမတိုင္မီအထိကေတာ့ အထက္လႊတ္ေတာ္မွာ ရီပတ္ဘလီကန္အမတ္ ၅၃ ဦး၊ ဒီမိုကရက္ ၄၇ ဦးနဲ႔ ရီိပတ္ဘလီကန္ဘက္က အမ်ားစုလႊမ္းမိုးထားတာပါ။ ဒီမိုကရက္ေတြအေနနဲ႔ အထက္လႊတ္ေတာ္ကို ထိန္းခ်ဳပ္ႏုိင္ဖို႔ဆိုရင္ ၄ ေနရာအႏုိင္ရဖို႔လုိပါတယ္။

သမၼတေရြးေကာက္ပြဲ အႏုိင္ရသူက အေကာင္အထည္ေဖာ္ လုပ္ေဆာင္ခ်င္တာေတြကို လုပ္ႏုိင္ဖို႔အတြက္ သူ႔ရဲ႕ပါတီက အထက္လႊတ္ေတာ္ကို ထိန္းခ်ဳပ္ႏုိင္ဖို႔လိုပါတယ္။

တရား႐ံုးခ်ဳပ္ တရားသူႀကီးေတြ၊ ဖက္ဒရယ္ တရားသူႀကီးေတြကို ခန္႔ထားဖို႔ကိုလည္း အထက္လႊတ္ေတာ္မွာ လူမ်ားစုရထားတဲ့ ပါတီကပဲ အဆံုးအျဖတ္ေပးတာျဖစ္ပါတယ္။

Your browser doesn’t support HTML5

ကန္အထက္လႊတ္ေတာ္ ဒီမိုကရက္ထိန္းခ်ဳပ္ခြင့္ရဖို႔ ေမွ်ာ္လင့္ခ်က္နည္း

[Unicode Version]

ကန်အထက်လွှတ်တော် ဒီမိုကရက်ထိန်းချုပ်ခွင့်ရဖို့ မျှော်လင့်ချက်နည်း

အမေရိကန်သမ္မတရွေးကောက်ပွဲနဲ့အတူ ကျင်းပတဲ့ ကွန်ဂရက်လွှတ်တော်ရွေးကောက်ပွဲတွေမှာ အောက်လွှတ်တော်ကို ဒီမိုကရက်တွေက လူများစုနဲ့ ဆက်ထိန်းထားနိုင်မယ့် အလားအလာရှိနေပြီး အထက်လွှတ်တော်ကို ထိန်းချုပ်နိုင်ဖို့ မေ ျှာ်လင့်ချက်ကတော့ မှေးမှိန်နေပါတယ်။

အကျိတ်အနယ်ပြိုင်ရတဲ့ အထက်လွှတ်တော်နေရာ အတော်များများမှာ လက်ရှိ ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ်တွေက ပြိုင်ဘက် ဒီမိုကရက် အမတ်လောင်းတွေကို အနိုင်ရနေပါတယ်။

ဒီလို အနိုင်ရတဲ့ထဲမှာ အထက်လွှတ်တော် ရီပတ်ဘလီကန်ခေါင်းဆောင် ကန်တပ်ကီပြည်နယ်၊ အထက်လွှတ်တော်အမတ် Mitch McConnell လည်းပါဝင်ပါတယ်။

SEE ALSO: ေရြးေကာက္ပဲြျပည္ပဝင္ေႏွာက္မႈမ်ား ကန္လံုျခံဳေရးတာဝန္ရွိသူေတြ ကာကြယ္ခဲ့

အထက်လွှတ်တော် အမတ်အရေအတွက် ၁၀၀ ထဲမှာ ၃၅ နေရာအတွက် ယှဉ်ပြိုင်ကြရတာဖြစ်ပြီး အဲဒီထဲမှာ ၇ နေရာက အကျိတ်အနယ်ပြိုင်ရတဲ့နေရာတွေပါ။

အခုရွေးကောက်ပွဲမတိုင်မီအထိကတော့ အထက်လွှတ်တော်မှာ ရီပတ်ဘလီကန်အမတ် ၅၃ ဦး၊ ဒီမိုကရက် ၄၇ ဦးနဲ့ ရီပတ်ဘလီကန်ဘက်က အများစုလွှမ်းမိုးထားတာပါ။ ဒီမိုကရက်တွေအနေနဲ့ အထက်လွှတ်တော်ကို ထိန်းချုပ်နိုင်ဖို့ဆိုရင် ၄ နေရာအနိုင်ရဖို့လိုပါတယ်။

သမ္မတရွေးကောက်ပွဲ အနိုင်ရသူက အကောင်အထည်ဖော် လုပ်ဆောင်ချင်တာတွေကို လုပ်နိုင်ဖို့အတွက် သူ့ရဲ့ပါတီက အထက်လွှတ်တော်ကို ထိန်းချုပ်နိုင်ဖို့လိုပါတယ်။

တရားရုံးချုပ် တရားသူကြီးတွေ၊ ဖက်ဒရယ် တရားသူကြီးတွေကို ခန့်ထားဖို့ကိုလည်း အထက်လွှတ်တော်မှာ လူများစုရထားတဲ့ ပါတီကပဲ အဆုံးအဖြတ်ပေးတာဖြစ်ပါတယ်။