ဘရာဇီးနဲ့ ခရိုအေးရှား ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်တက်
{{Zawgyi/Unicode}}
ကာတာနိုင်ငံမှာ ကျင်းပနေတဲ့ ကမ္ဘာ့ဖလား ဘောလုံးပွဲ တနင်္လာနေ့ ပွဲစဉ်တွေမှာ ဘရာဇီး နဲ့ ခရိုအေးရှား အသင်းတို့ ကွာတာဖိုင်နယ် တက်သွားပါတယ်။
ဘရာဇီးအသင်းက ပထမပိုင်း ၆ မိနစ်ကစ ၄ ဂိုး ဆက်တိုက် ရခဲ့ပြီး၊ တောင်ကိုရီးယားက ဒုတိယပိုင်းကျမှ ၁ ဂိုးရခဲ့တာကြောင့် ၄ ဂိုး၊ ၁ ဂိုးနဲ့ အဆုံးသတ်ခဲ့တာပါ။ ဘရာဇီးအတွက် ဒုတိယဂိုးကိုတော့ ခြေကျင်းဝတ်ဒဏ်ရာကြောင့် အရင်ပွဲစဉ် ၂ ခုမှာ မပါခဲ့တဲ့၊ Neymar က ပယ်နယ်တီ ပြစ်ဒဏ်ဘောကိုသွင်းပြီး ရခဲ့တာဖြစ်ပါတယ်။ Neymar ရဲ့ အခုနောက်ဆုံး ဂိုးနဲ့ပါဆိုရင် ဘရာဇီးအမျိုးသား ဘောလုံးသင်းအတွက် စုစုပေါင်း ဂိုး ၇၆ ဂိုး သွင်းခဲ့ပြီး ဖြစ်တာကြောင့် နာမည်ကျော် ဘောလုံးသမား ပီလီ ရဲ့ စံချိန်ကိုမှီဖို့ နောက်ထပ် ၁ လုံးပဲ လိုပါတော့တယ်။
တနင်္လာနေ့က အစောပိုင်း ကစားခဲ့ကြတဲ့ ခရိုအေးရှား နဲ့ ဂျပန် ပွဲစဉ်မှာတော့ ၁ ဂိုးစီ သရေကျခဲ့ပြီးနောက် အချိန်ပို ၁၅ မိနစ်စီ ကစားခဲ့ကြပေမဲ့ ဘယ်ဖက်ကမှ ဂိုးမသွင်းနိုင်ပဲ ပယ်နယ်တီနဲ့ ဆုံးဖြတ်ခဲ့ရတာပါ။ ပယ်နယ်တီ ၅ လုံး ကန်ကြရာမှာ ခရိုအေးရှား ဂိုးသမားက ၃ လုံးကို ကာကွယ်နိုင်ခဲ့ပြီး၊ ဂျပန်ဂိုးသမားကတော့ ၁ လုံးသာ ကာကွယ်နိုင်တာကြောင့် ၃ ဂိုး၊ ၁ ဂိုးနဲ့ အဆုံးသတ်ခဲ့ပါတယ်။
တနင်္လာနေ့က အနိုင်ရခဲ့ကြတဲ့ ဘရာဇီးနဲ့ ခရိုအေးရှား အသင်းတို့ကတော့ လာမယ့်သောကြာနေ့ ကွာတာဖိုင်နယ်ပွဲစဉ်မှာ တွေ့ကြမှာပါ။
ဒီကနေ့ အင်္ဂါနေ့ ရှုံးထွက်ပွဲစဉ်တွေမှာတော့ မော်ရိုကိုနဲ့ စပိန်၊ ပေါ်တူဂီနဲ့ ဆွစ်ဇာလန် အသင်းတွေ ကစားကြမှာ ဖြစ်ပါတယ်။
Your browser doesn’t support HTML5
ဘရာဇီးနဲ့ ခရိုအေးရှား ကမ်ဘာ့ဖလား ကှာတားဖိုငျနယျတကျ
{{Zawgyi/Unicode}}