--- [ Zawgyi ] ---
တရုတ် ယွမ်ငွေကို ၂ နိုင်ငံ နယ်စပ်ကုန်သွယ်ရေးမှာ တရားဝင်သုံးခွင့်ပြု
တရုတ်ယွမ်ငွေကို တရုတ်မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာ တရားဝင်ပေးချေနိုင်တဲ့ ငွေကြေးအဖြစ် လက်ခံ သတ်မှတ်သွားမှာဖြစ်ကြောင်း မြန်မာဗဟိုဘဏ်က ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ ကြေငြာတယ်လို့ တရုတ်အစိုးရအာဘော် Global Time သတင်းစာမှာရော မြန်မာပြည်တွင်းက သတင်းစာ တချို့မှာပါ ဖေါ်ပြထားပါတယ်။
ပေးချေခွင့်ပြုတဲ့ ငွေပမာဏကို အမေရိကန်ဒေါ်လာ ၃၁၄ သန်းနဲ့ညီမျှတဲ့ ယွန်ငွေ ၂ ဘီလီယ ံ(ယွမ်သန်း ၂၀၀၀)အထိ ခွင့်ပြုဖို့ သတ်မှတ်ထားပါတယ်။ ဒီငွေကြေးပမာဏဟာ နှစ်နိုင်ငံအကြား ကုန်းလမ်းကနေ တင်ပို့တဲ့ ကုန်စည်ပမာဏ တန်ဘိုးရဲ့ ၅ ပုံ ၁ ပုံရှိပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံရေးမတည်ငြိမ်မှုတွေ ၊ စီးပွားရေး ကျဆင်းလာမှုတွေကြောင့် ဒေါ်လာ အပါအဝင် နိုင်ငံခြားငွေ လိုအပ်ချက်ကို ဖြေရှင်းတဲ့အနေနဲ့ အခုလိုလုပ်တာ ဖြစ်နိုင်တယ်လို့ လေ့လာသူတွေက ပြောဆိုပါတယ်။
အမေရိကန်ဒေါ်လာငွေ ကြီးစိုးမှုကို တန်ပြန်လိုပြီး၊ ယွမ်ငွေကို နိုင်ငံတကာသုံးငွေအဖြစ် အသုံးပြုဖို့ တွန်းအားပေးနေတဲ့ တရုတ်အတွက်တော့ အခုလို အိမ်နီးချင်းနိုင်ငံမှာ ယွမ်ငွေကို လက်ခံ အသုံးပြုတာဟာ အရေးပါတဲ့ ကိစ္စတခုဖြစ်ပါတယ်။
တရုတ်ယွမ်ငွေနဲ့ ဂျပန်ယမ်းငွေတွေကို တရားဝင် အသုံးပြုနိုင်တဲ့ငွေကြေးအဖြစ် ဗဟိုဘဏ်ကနေ ၂၀၁၉ ခုနှစ် ကတည်းကသတ်မှတ် ထားခဲ့တာဖြစ်ပါတယ်။
Your browser doesn’t support HTML5
--- { Unicode } ---