ဗြိတိန်ဝန်ကြီးချုပ်သစ်နဲ့ ယူကရိန်းသမ္မတ NATO အပြင်ပန်း တွေ့ဆုံ 

ဗြိတိန်ဝန်ကြီးချုပ်သစ် Keir Starmer (ဝဲအစွန်) ကို နေတိုး ၇၅ နှစ်ပြည့်အခမ်းအနားမှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (လယ်) နဲ့နေတိုးအတွင်းရေးမှူးချုပ် Jens Stoltenberg (ယာအစွန်) တို့နဲ့အတူ တွေ့ရစဥ်။ (ဇူလိုင် ၁၀၊ ၂၀၂၄)

ဗြိတိန်ဝန်ကြီးချုပ်သစ် ကီးယား စတန်းမားနဲ့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လင်န်စကီးတို့ဟာ ဗုဒ္ဓဟူးနေ့က ဝါရှင်တန်ဒီစီမှာကျင်းပနေတဲ့ မြောက်အတ္တလန်တိတ် စစ်ရေးစာချုပ်အဖွဲ့ နေတိုးရဲ့ ထိပ်သီးအစည်းဝေးဘေးပန်းမှာ တွေ့ဆုံကြပါတယ်။

ယူကေအစိုးရပြောင်းသွားပေမဲ့ ယူကရိန်းကိုပေးနေတဲ့ထောက်ခံပံ့ပိုးမှု အပြောင်းအလဲမရှိဘူးဆိုတာကို အလေးထားပြောကြားခဲ့ကြောင်း စတန်းမားက ပြောပါတယ်။ ဒီ ထိပ်သီးအစည်းအဝေးကို ယူကေ ကာကွယ်ရေးဝန်ကြီး John Healey နဲ့ နိုင်ငံခြားရေးဝန်ကြီး David Lammy တို့လည်း အခြားဗြိတိန်နဲ့ ယူကရိန်းတာဝန်ရှိသူတွေနဲ့အတူ တက်ရောက်နေကြပါတယ်။ နေတိုး ထိပ်သီးအစည်းအဝေးကို အကြောင်းပြုပြီး ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ ဆက်ဆံရေးကိုပြန်စပြီဖြစ်ကြောင်း ရုရှားသမ္မတပူတင်ကို သတင်းစကားပါးလိုတယ်လို့ ဗြိတိန်ဝန်ကြီးချုပ်က ဆိုပါတယ်။

ယူကရိန်းဟာ နေတိုးအဖွဲ့ဝင်ဖြစ်ဖို့ ပြန်လှည့်လို့မရတဲ့လမ်းပေါ် ရောက်နေပါပြီ လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အင်န်ထော်နီ ဘလင်ကန်က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။ ဒါပေမဲ့ ရုရှားနဲ့စစ်ပွဲပြီးဆုံးသွားတဲ့အခါမှသာ အဖွဲ့ဝင်ဖြစ်ဖို့ ခွင့်ပြုမှာ ဖြစ်ပါတယ်လို့ ဘလင်ကန်က ဆိုပါတယ်။ အဖွဲ့ဝင်အသစ် ဆွီဒင်နိုင်ငံကလည်း ခုထိပ်သီးအစည်းအဝေးကို ပထမဆုံးအကြိမ် တက်ရောက်လာပါတယ်။

Your browser doesn’t support HTML5

ဗြိတိန်ဝန်ကြီးချုပ်သစ်နဲ့ ယူကရိန်းသမ္မတ NATO အပြင်ပန်း တွေ့ဆုံ