မြန်မာစစ်တပ်က စစ်တိုင်း ၅ တိုင်းမှာ အပစ်ရပ်ကြေညာထားပေမဲ့ ရခိုင်နဲ့ ဒေသတချို့မှာ တိုက်ပွဲတွေဖြစ်နေဆဲပါ။ ဒီလိုဖြစ်နေတာတွေက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဘယ်လိုသွားရိုက်ခတ်ပါလဲ။ ABSDF ဗဟိုဦးဆောင်ကော်မတီဝင် မိဆူးပွင့်၊ မြန်မာ့နိုင်ငံရေးသုံးသပ်သူ ဦးစည်သူအောင်မြင့်တို့နဲ့ မခင်ဖြူထွေး ဆွေးနွေးထားပါတယ်။
ရန်ကုန် အမေရိကန်သံရုံးက ၂၀၁၉ ခုနှစ်အတွက် Women of Change အပြောင်းအလဲအတွက် အမျိုးသမီးများဆုကို ကချင်ပြည်နယ်က ထွယ်ဂျန်ဖောင်ဒေးရှင်းတည်ထောင်သူ ဒေါ်နန်ပူနဲ့ မှတ်တမ်းရုပ်ရှင်ဖန်တီးသူ၊ မြန်မာအမျိုးသမီး သတင်းထောက်များအဖွဲ့ ပူးတွဲတည်ထောင်သူ မစိုးစံထိုက်တို့ ရရှိပါတယ်။ ဒီအကြောင်း မခင်ဖြူထွေး တင်ပြပေးပါမယ်။
အပြောင်းအလဲအတွက် အမျိုးသမီးများ ဆုကို ကချင်ပြည်နယ်က ထွယ်ဂျန်ဖောင်ဒေးရှင်းကို တည်ထောင်သူ ဒေါ်နန်ပူနဲ့ မှတ်တမ်း ရုပ်ရှင်ဖန်တီးသူ တဦးလည်းဖြစ်၊ မြန်မာအမျိုးသမီး သတင်းထောက်များအဖွဲ့ ပူးတွဲ တည်ထောင်သူလည်း ဖြစ်တဲ့ မစိုးစံထိုက်တို့က ရရှိခဲ့ပါတယ်။
မတ် ၁၁၊ ၂၀၁၉ - ဒီလိုအဖွဲ့အစည်းတွေထဲကမှ အလှူဒါနလုပ်ငန်းတွေနဲ့ ကျော်ကြားတဲ့ လေးကျွန်းသူ ပရဟိတ ဖောင်ဒေးရှင်းအကြောင်း အထူးအစီအစဉ်အဖြစ် မခင်ဖြူထွေး က တင်ဆက်ထားပါတယ်။
မြန်မာ့လူ့အဖွဲ့အစည်းအတွက် အကျိုးပြုလုပ်ငန်းတွေ အများအပြားလုပ်ဆောင်တဲ့ အမျိုးသမီး စွမ်းဆောင်ရှင်တွေ၊ အဖွဲ့အစည်းတွေ အများအပြား ရှိပါတယ်။ ဒီလိုအဖွဲ့အစည်းတွေထဲကမှ အလှူဒါနလုပ်ငန်းတွေနဲ့ ကျော်ကြားတဲ့ လေးကျွန်းသူ ပရဟိတ ဖောင်ဒေးရှင်း အကြောင်း အထူးအစီအစဉ်အဖြစ် မခင်ဖြူထွေးတင်ဆက်ထားပါတယ်။
အစိုးရဦးဆောင်ကျင်းပနေတဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ အမျိုးသမီးတွေ ပါဝင်မှု အားနည်းရတာဟာ အမျိုးသမီးတွေရဲ့ အရည်အချင်း မရှိတာကြောင့်မဟုတ်ဘဲ သူတို့အတွက် အခွင့်အလမ်းတွေ နည်းပါးပြီး နေရာပေးမခံရတာကြောင့်သာ ဖြစ်တယ်ဆိုတာကို Nonviolence Peaceforce အဖွဲ့ အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။
မြန်မာနိုင်ငံ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေအတွင်းက လုပ်ငန်းဆောင်ရွက်ချက်တွေ ကို လေ့လာစမ်းစစ်ထားတဲ့ အစီရင်ခံစာ တစောင်ကို ဒီကနေ့ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP) က ထုတ်ပြန်လိုက်ပါတယ်။
မြန်မာနိုင်ငံ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေအတွင်းက လုပ်ငန်းဆောင်ရွက်ချက်တွေကို လေ့လာစမ်းစစ်ထားတဲ့ အစီရင်ခံစာ တစောင်ကို ဒီကနေ့ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP) က ထုတ်ပြန်လိုက်ပါတယ်။ ဒီကနေ့ အစီရင်ခံစာ မိတ်ဆက်အခမ်းအနားကို ကိုယ်တိုင်သွားရောက် သတင်းယူထားတဲ့ မခင်ဖြူထွေးက အပြည့်စုံ တင်ပြပေးပါမယ်။
မြန်မာနိုင်ငံရဲ့ စီးပွားရေးအချက်အချာ မြို့တော်ဟောင်း ရန်ကုန်မှာ နည်းပညာတိုးတက်မှုတွေနဲ့အတူ ကွန်ပြူတာကို တွင်ကျယ်စွာ သုံးနေကြပေမဲ့၊ လက်နှိပ်စက်သုံးသူတွေလည်း ရှိနေဆဲပါ။ အရင်လို လုပ်ငန်းမတွင်ကျယ်ပေမဲ့ ဒီအလုပ်နဲ့ ရပ်တည်စားသောက်နေသူတွေ ရှိနေသေးတဲ့အကြောင်း အေပီသတင်းကို အခြေခံပြီး မခင်ဖြူထွေးက တင်ပြပါမယ်။
"နိုင်ငံတကာအသိုက်အဝိုင်းအနေနဲ့ ရခိုင်ပြည်နယ် ငြိမ်းချမ်းပြီး သာယာဝပြောရေး ဆောင်ရွက်နိုင်တဲ့ အလားအလာကောင်းတွေ အများကြီးရှိ နေတာကို ဖြန့်ကျက် ကြည့်ရမယ့်အစား ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့ ပြဿနာတွေနဲ့ ဆက်စပ်ပြီး အမြင်ကျဉ်းကျဉ်းနဲ့ အဆိုးမြင်နေတာ ကြာပါပြီ။” (ဒေါ်အောင်ဆန်းစုကြည်)
အမေရိကန်ပြည်ထောင်စုမှာ ထူးထူးခြားခြား ဖန်တီးထားတဲ့ အိမ်မွေးတိရစ္ဆာန် စက်ရုပ်လေးတွေက မှတ်ဉာဏ်အား နည်းလာတဲ့ အသက်အရွယ် ကြီးရင့်သူတွေအတွက် ဖြေသိမ့်စရာ ကုသနည်းတမျိုး ဖြစ်လာနေပါတယ်။ Arash Arabasadi ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပေးပါမယ်။
အမေရိကန်ပြည်ထောင်စုမှာ အစိုးရလုပ်ငန်းတချို့ ယာယီရပ်ဆိုင်းထားတာကြောင့် အစိုးရဝန်ထမ်း ၈ သိန်းလောက်ဟာ ဒီဒဏ်ကို တိုက်ရိုက် ခံစားနေကြရသလို မြို့တော် ဝါရှင်တန်ဒီစီမှာရှိတဲ့ စီးပွားရေး လုပ်ငန်းငယ် တချို့အပေါ်မှာလည်း ရိုက်ခတ်မှုတွေ ရှိနေတဲ့အကြောင်း Anna Kook ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပေးပါမယ်။
၂၀၂၀သမ္မတရွေးကောက်ပွဲမှာပါဝင်ယှဉ်ပြိုင်ခွင့်ရဖို့သမ္မတလောင်းစိစစ်ရေးကော်မတီဖွဲ့စည်းလိုက်တဲ့အကြောင်းဒီမိုကရက်အထက်လွှတ်တော်အမတ်Elizabeth Warrenကကြေညာထားပါတယ်။နိုင်ငံသားအားလုံးအတွက်အခွင့်အလမ်းတွေဖန်တီးပေးနိုင်တဲ့နိုင်ငံတခုဖြစ်စေလိုတယ်လို့သူကပြောပါတယ်။Zlatica Hokeပေးပို့တဲ့သတင်းကိုမခင်ဖြူထွေးတင်ပြပေးပါမယ်။
ဒီနှစ်၂၀၁၈ခုနှစ်ဟာကိုရီးယား၂နိုင်ငံအကြားထိပ်သီးတွေ့ဆုံမှုတွေနဲ့သံတမန်ဆက်ဆံရေးတိုးတက်ခဲ့တဲ့သမိုင်းဝင် နှစ်တနှစ်ဖြစ်ခဲ့ပါတယ်။ အင်ဒိုနီးရှားမှာအင်အားပြင်းငလျင်နဲ့ ဆူနာမီရေလှိုင်းကြီးဒဏ် ခံခဲ့ရပါတယ်။၂၀၁၈အတွင်းကြုံခဲ့ရတဲ့ကမ္ဘာတဝှမ်းအဖြစ်အပျက်တွေကို ကိုသိန်းထိုက်ဦးနဲ့ မခင်ဖြူထွေးတို့က စုစည်းတင်ပြထားပါတယ်။
ဒုတိယကမ္ဘာ စစ်နောက်ပိုင်းကာလ ကမ္ဘာ့အခြေအနေ အခင်းအကျင်းကို လှုပ်ခတ်သွားစေတဲ့ မူဝါဒတွေနဲ့ အမေရိကန်သမ္မတ Donald Trump ဟာ “အမေရိကန်ပြည်ထောင်စုသာ ပထမဦးစားပေး ဖြစ်ရမယ်” ဆိုတဲ့ နိုင်ငံရေးအယူဝါဒကို ဒီနှစ် ၂၀၁၈ ခုနှစ်အတွင်း လုပ်ဆောင်ခဲ့ပါတယ်။ Cindy Saine ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပေးပါမယ်။
အာဖဂန်နစ္စတန်နိုင်ငံ အလယ်ပိုင်း တောင်ထူထပ်တဲ့ Bamyan ပြည်နယ်မှာ ရှေးဟောင်း Gholgholah မြို့ တည်ရှိမှုကို ဖော်ထုတ်ဖို့ အာဖဂန်နဲ့ပြင်သစ် ပူးတွဲ ရှေးဟောင်းသုတေသန အဖွဲ့ရဲ့ ကြိုးပမ်းမှုတွေ ပိုလို့ နီးစပ်လာနေပါတယ်။ ဗွီအိုအေ အာဖဂန်ဌာန သတင်းထောက် Zafar Bamyani ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပေးပါမယ်။
ကမ္ဘာလုံးဆိုင်ရာဒုက္ခသည်အရေးကိုတစုံတရာကူညီထောက်ပံ့ပေးနိုင်ဖို့ မင်နီဆိုးတားပြည်နယ် မင်နီယာပိုးလစ်မြို့ကလူငယ်တဦးကြိုးစားနေပါတယ်။ဒုက္ခသည်တွေနဲ့အထူးတလည်ဆက်စပ်ပေးနိုင်တဲ့အသုံးအဆောင်ပစ္စည်းတွေကိုပြုလုပ်ရောင်းချတဲ့ဖက်ရှင်ကုမ္ပဏီကိုစလုပ်နေပါတယ်။ June Soh သတင်းပေးပို့ထားတာကိုတော့ မခင်ဖြူထွေးက တင်ပြပေးပါမယ်။
Spelling Bee လို့ခေါ်တဲ့ စာလုံးပေါင်းပြိုင်ပွဲ အစီအစဉ်တခုကို အိန္ဒိယနိုင်ငံ ဘန်ဂလိုဒေသမှာ ဆင်းရဲသားကလေးငယ်တွေအတွက် စလုပ်ခဲ့သူက T.V. Ramakrishna ပါ။ ဒီအစီအစဉ်ကို အခြေခံပြီး “Bee the Future” ဆိုတဲ့ မှတ်တမ်းရုပ်ရှင် ရိုက်ကူးထားလည်း ရှိပါတယ်။ Faiza Elmasry ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပေးပါမယ်။
ထိုင်းနိုင်ငံမှာ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၁၄ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ပြင်ဆင် ဆောင်ရွက်နေတာနဲ့အမျှ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ဖြစ်စေဖို့ အတိုက်အခံ နိုင်ငံရေးပါတီတွေက လိုလားကြပါတယ်။ Steve Sandford ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပေးပါမယ်။
မြန်မာနိုင်ငံမှာ ကမ္ဘာပေါ်က ရှားပါးလိပ်မျိုးစိတ်တချို့ ကျန်နေသေးတယ် ဆိုပေမဲ့၊ ဒီရှားပါးလိပ်တွေ မျိုးတုံးပျောက်ကွယ်မယ့်အန္တရာယ် ကြုံနေရတဲ့အကြောင်း လိပ်တွေကို ထိန်းသိမ်းကာကွယ်နေသူတွေက ပြောပါတယ်။ AFP သတင်းတပုဒ်ကို အခြေခံပြီး မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်