Mpox လို့ လူသိများတဲ့ မျောက်ကျောက်ရောဂါ ကူးစက်ပြန့်နှံ့မှု အခြေနေဟာ စိုးရိမ်စရာ ဖြစ်လာတဲ့ အတွက် ကို သြဂုတ်လ ၁၄ ရက်နေ့မှာ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲက ကမ္ဘာ့ကျန်းမာရေးဆိုင်ရာ အရေးပေါ် အခြေအနေ အဖြစ် ကြေညာခဲ့ပြီး နိုင်ငံတကာက ပူးပေါင်းဆောင်ရွက်ဖို့ ပန်ကြားလိုက်ပါတယ်။
ဧရာဝတီမြစ်ဝကျွန်းပေါ်နဲ့ မော်လမြိုင်၊ စစ်တောင်းတို့လို ကုန်းတွင်းပိုင်း ချိုင့်ဝှမ်း တွေနဲ့ ရခိုင်- တနင်္သာရီ ကမ်းလွန်ဒေသ ရေနက်ပိုင်းတွေမှာလည်း ရေနံနဲ့သဘာဝဓါတ်ငွေ့ထူးဖော်နိုင်မဲ့အလားအလာ ရှိတဲ့အတွက် စူးစမ်းရှာဖွေမှုတွေ လုပ်ဖို့ လိုနေသေးတယ်လို့ ရေနံဘူမိပညာရှင် ဦးလှမိုင်းပြည့်က ပြောပါတယ်။
မြန်မာနိုင်ငံမှာ ရေနံနဲ့ သဘာဝဓါတ်ငွေ့ ခိုအောင်းဖို့အတွက် အရေးပါတဲ့ အနည်ကျချိုင့်ဝှမ်း ၁၇ ခုရှိပြီး အများအပြား တူးဖေါ်ထုတ်လုပ်မှုတွေ ရှိသလို အလားအလာရှိပြီး စူးစမ်းရှာဖွေမှု အပြည့်အဝ မလုပ်နိုင်သေးတာ တွေလည်းရှိနေတယ်လို့ ရေနံဘူမိပညာရှင် ဦးလှမိုင်းပြည့်က ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတာ ၄ နှစ်ထဲ ရောက်လာပါပြီ။ စစ်တပ်အာဏာသိမ်းတာကို လက်မခံတဲ့ မြန်မာလူငယ်တွေ နည်းပညာသုံး ပြန်တွန်းလှန်နေတဲ့ ထဲက ဒရုန်းနည်းပညာ နဲ့ ဆက်သွယ်ရေး နည်းပညာတွေဟာ ၃ နှစ် အတွင်း အတော်ကို တိုးတက်လာတယ်လို့ IT နည်းပညာ ကျွမ်းကျင်သူ ဦး Stanley ဇေယျ က ပြောပါတယ်။
ယူနက်စကို ဇီဝဝန်းကျင်ထိန်းသိမ်းရေးတင်မကဘဲ အာဆီယံယဉ်ကျေးမှု အမွေအနှစ်စာရင်းပါဝင်နေတဲ့ အင်းလေးဒေသ ရေရှည်တည်တံ့ဖို့ သုတေသနပညာရှင်တွေ ဘာတွေလုပ်ဆောင်နေတယ် ဆိုတာကို ဂျပန်အဏ္ဏဝါဘူမိသိပ္ပံနဲ့ နည်းပညာဌာန (JAMSTEC) က ဒေါက်တာမိုးကျော်သူကို ဒေါ်ခင်မျိုးသက်က မေးမြန်းတင်ပြထားပါတယ်။
သဘာဝဝန်းကျင်ထိန်းသိမ်းမှု ကောင်းကောင်းမလုပ်နိုင်သေးတဲ့ မြန်မာနိုင်ငံအတွက် မြေအောက်ရေနဲ့မြေဆီလွှာကို သဘာဝအလျှောက် ထိန်းနိုင်အောင် လုပ်နိုင်စွမ်းရှိတဲ့ Vetiver (ဗက်တီဗာ) မြက်ကိုမိတ်ဆက်ပေးနေတဲ့ မြန်မာဗက်တီဗာကွန်ယက်အဖွဲ့က ဇီဝနည်းပညာရှင် ဒေါက်တာသန်းသန်းစိန်ကို ဒေါ်ခင်မျိုးသက်က မေးမြန်းတင်ပြထားပါတယ်။
စစ်တွေမြို့အနီး ရိုဟင်ဂျာဒုက္ခသည်စခန်းတွေနဲ့ ရိုဟင်ဂျာကျေးရွာတွေ မှာ မိုခါမုန်တိုင်းကြောင့် သေဆုံးသူထပ်တိုးလာနေကြောင်းနဲ့ စစ်တွေမြို့အနီးက ဟိန္ဒူတွေနေထိုင်တဲ့ကျေးရွာတွေမှာလည်း ပျက်ဆီးဆုံရှုံးမှုတွေရှိနေပြီး ကယ်ဆယ်ရေးတွေ ရောက်မလာလို့ အခက်ကြုံနေရကြောင်း သွားရောက်ကူညီသူတွေက ဗွီအိုအေကိုပြောပါတယ်။
"၁၉၆၂ မှာ ရစ်ချ်တာစကေး ၆.၁ ရှိတဲ့ ငလျင်လှုပ်တယ်။ ငလျင်ဗဟိုချက် epicenter က ဆည်ရဲ့အောက် မီတာ ၁၀၀ မှာပဲဆိုတော့ သဘာဝငလျင်တွေက တိမ်မယ်ဆိုရင်တောင်မှ ကီလိုမီတာလောက် သွားနေတာ။ ဆိုတော့ အဲဒါက သေချာပေါက် ဆည်ကြောင့်ပဲ ဖြစ်ရမယ်ဆိုတဲ့ သဘော ရှိတာပေါ့။" (ဒေါက်တာ ချစ်ကိုကို)
ပြင်းထန်တဲ့မုန်တိုင်းနဲ့ ရာသီဥတုဖေါက်ပြန်မှုတွေဟာ သဘာဝဝန်းကျင်ပြောင်းလဲမှုတွေကြောင့် ပေါ်လာတာဖြစ်သလို ဒီလို ဥတုရာသီဖေါက်ပြန်တာကလည်း သဘာဝဝန်းကျင်ကို ထိခိုက်စေတယ်လို့ သဘာဝဝန်းကျင်အင်ဂျင်နီယာ ဒေါ်အေးအေးကြည်က ပြောပါတယ်။
ကိုဗစ်လိုကပ်ရောဂါမျိုး နောက်ထပ်မကြုံရအောင် ကာကွယ်တဲ့အနေနဲ့ အပူပိုင်းဒေသတွေမှာ လူတွေနဲ့ တောရိုင်းတိရိစ္ဆာန်တွေကြား ကူးစက်ပြန့်နှံ့တတ်တဲ့ Zoonoses ကူးစက်ရောဂါတွေကိုလေ့လာဖို့ ပြင်သစ်-မက္ကဆီကို ၂ နိုင်ငံသိပ္ပံပညာရှင်တွေကြိုးပမ်းနေကြတဲ့အကြောင်း AFP သတင်းတပုဒ်ကိုအခြေခံပြီး ဒေါ်ခင်မျိုးသက်ကတင်ပြပေးထားပါတယ်။
ကမ္ဘာ့ငလျင်ရပ်ဝန်းကြီး ၂ ခုထဲက တခုပေါ်ရှိနေတဲ့ မြန်မာနိုင်ငံမှာ ဧရာဝတီမြစ်ကြောင်းဟာ စစ်ကိုင်းပြတ်ရွေ့နဲ့အပြိုင် ရှိနေတာကြောင့် ငလျင်အန္တရာယ်ရှိနေပြီး မြစ်ကြောင်းတလေ ျှာက်က မြို့ကြီးတွေအတွက် ဘယ်လို သက်ရောက်မှု ရှိနိုင်သလဲဆိုတာသိရဖို့ ဘူမိနည်းပညာအင်ဂျင်နီယာ ဒေါက်တာချစ်ကိုကို-ကို မေးမြန်းတင်ပြထားပါတယ်။
အနှစ်တရာမှာ ၂ မိုင်ခွဲလောက် မြန်မာ့မြေတိုးလာနေတဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသအတွက် မြစ်ညာမှာတည်ဆောက်မယ့် ဆည်တွေက ပျက်စီးစေနိုင်တယ်လို့ ဘူမိနည်းပညာ အင်ဂျင်နီယာ ဒေါက်တာချစ်ကိုကိုက ပြောပါတယ်။ ဆည်အောက်ပိုင်း မြစ်ကြောင်းတလျှောက် ကြုံရနိုင်တဲ့ အခြေအနေတွေကို ဒေါ်ခင်မျိုးသက်က မေးမြန်းတင်ပြထားပါတယ်။
အနှစ်တရာမှာ ၂ မိုင်ခွဲလောက် မြန်မာ့မြေတိုးလာနေတဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသအတွက် မြစ်ညာမှာတည်ဆောက်မယ့် ဆည်တွေက ပျက်စီးစေနိုင်တယ်လို့ ဘူမိနည်းပညာ အင်ဂျင်နီယာ ဒေါက်တာချစ်ကိုကိုကပြောပါတယ်။
မတ်လ ၁၄နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာ မြစ်ချောင်းများနေ့မှာ သီပေါမြို့နယ်ထဲက ဒေသခံတွေက နမ်းမမြစ်ကြောင်းမှာ ဆည်တည်ဆောက်မယ့် စီမံကိန်းကို ကန့်ကွက်ကြပါတယ်။ ဆည်တည်ဆောက်ရင် ကြုံလာနိုင်တာနဲ့ ရလာမယ့် အကျိုး၊ အပြစ်တွေအကြောင်း ဘူမိနည်းပညာအင်ဂျင်နီယာ ဒေါက်တာချစ်ကိုကိုကို ဒေါ်ခင်မျိုးသက်က မေးမြန်းတင်ပြထားပါတယ်။
ဆည်တည်ဆောက်မှာကို ဒေသခံတွေ ဘာကြောင့် ကန့်ကွက်ကြတာပါလဲ။ ဆည်တည်ဆောက်ရင် ကြုံလာနိုင်တာနဲ့ ရလာမယ့်အကျိုး၊ အပြစ်တွေကို ဘူမိနည်းပညာအင်ဂျင်နီယာ ဒေါက်တာချစ်ကိုကို - ကိုဒေါ်ခင်မျိုးသက်က မေးမြန်းတင်ပြထားပါတယ်။
လွန်ခဲ့တဲ့ ၁၂ နှစ်က ဂျပန်နိုင်ငံ ဖူကူရှိမနျူကလီယား ဓါတ်ပေါင်းဖိုပျက်စီးပြီး ဝန်းကျင်တခုလုံး နျူကလီယားအဆိပ်သင့်ခဲ့ရပါတယ်။ အခု ဒီဓါတ်ပေါင်းဖိုက ရေဒီယိုသတ္တိကြွအဆိပ်သင့် ရေဆိုးတွေကို သန့်စင်ပြီး ပင်လယ်ထဲ စွန့်ပစ်ဖို့ လုပ်နေတဲ့အကြောင်း အေပီသတင်းတပုဒ်ပေါ်အခြေခံပြီး ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။
လွန်ခဲ့တဲ့ ၁၂ နှစ်က ဂျပန်နိုင်ငံ Fukushima နျူကလီယား ဓါတ်အားပေးစက်ရုံ ဓါတ်ပေါင်းဖိုပျက်စီးလို့ ဝန်းကျင်တခုလုံး နျူကလီယားအဆိပ်သင့်ခဲ့ရပြီး စက်ရုံထဲက အရည်ပျော်နေတဲ့ နျူကလီယား လောင်စာတွေဖယ်ရှားဖို့ စမလုပ်ရသေးပေမဲ့ ရေဒီယိုသတ္တိကြွအဆိပ်သင့် ရေဆိုးတွေကိုသန့်စင်ပြီး ပင်လယ်ထဲစွန့်ပစ်ဖို့ လုပ်နေပါပြီ။
ကမ္ဘာ့အကြီးဆုံး 3D Printer ရုပ်လုံးကြွ ပုံထုတ်စက်နဲ့ ထုတ်လုပ်ထားတဲ့ ရော့ကက်ဒုံးပျံကို ဖလော်ရီဒါဒုံးပျံလွှတ်တင်စခန်းကနေ ပစ်လွှတ်ဖို့ စီစဉ်နေပါတယ်။ ဒီဒုံးပျံကို ဖန်တီးတဲ့ ကယ်လီဖိုးနီးယား အခြေစိုက် Relativity Space ကုမ္ပဏီကတော့ ဒါဟာ အာကာသ စူးစမ်းရေး ခေတ်သစ်အတွက် ခြေလှမ်းတရပ်ဖြစ်လာမယ်လို့ မျှော်လင့်နေပါတယ်။
]ကိုယ့်နည်းကိုယ့်ဟန်နဲ့ထုတ်တဲ့ အလျူမီနီယံသတ္တုစပ်တွေနဲ့ ကမ္ဘာ့အကြီးဆုံး သတ္တု 3D ပုံနှိပ်စက်အတွက် ကိုယ့်စက်ရုံကိုလည်းကိုယ်တိုင်ပဲတည်ဆောက်ခဲ့တာပါ။ ဒီရော့ကက်ကို NASA ရဲ့ Stennis အာကာသစူးစမ်းရေးဌာနမှာရှိတဲ့ ကျနော်တို့ရဲ့စမ်းသပ်ဌာနမှာ အကြိမ်ကြိမ်စမ်းသပ်ခဲ့ပါတယ်။”(Tim Ellis-အမှုဆောငျအရာရှိRelativity Space)
ကမ္ဘာ့ငလျင်ရပ်ဝန်းကြီး ၂ ခုအနက် Alpide ရပ်ဝန်းမှာရှိတဲ့ ဧရာဝတီမြစ်ကြောင်းဟာ စစ်ကိုင်းပြတ်ရွေ့နဲ့အပြိုင်ရှိနေတာကြောင့် ငလျင်အန္တရာယ်ရှိနေပြီး ဒီငလျင်ကြောင့် မြေဆီလွှာအင်အားပျက်သုဉ်းမှု (liquefaction) ဟာ မြစ်ကြောင်းတလျှောက်က မြို့ကြီးတွေအတွက် ဘယ်လို သက်ရောက်မှုရှိနိုင်ပါသလဲ။
နောက်ထပ်ကြည့်ရှုရန်