ဒုတိယကမ္ဘာစစ် မတိုင်ခင်က ကမ္ဘာမှာ ခဲနဲ့ ငွေသတ္တု အများဆုံးထုတ်လုပ်တဲ့ နမ္မတူက ဘော်တွင်းမိုင်း၊ မုံရွာက ကြေးနီ၊ မော်ချီးနဲ့ ဟိန္ဒားက သံဖြူ-အဖြိုက်နက်မိုင်းတွေလို ကမ္ဘာ့အဆင့်မီ သတ္တုတွင်းတွေနဲ့ သတ္တုသိုက် ၃-၄၀ လောက်ကိုသာ စီးပွါးဖြစ်ထုတ်နိုင် သေးတယ်လို့ ပညာရှင်တွေကပြောပါတယ်။
မြေရှားသတ္တုလို ရှားပါးသတ္တုရနိုင်တဲ့ ကျောက်မျိုးရှိနေတဲ့ သတ္တုသယံဇာတတွေ ခိုအောင်းနိုင်တဲ့ ကျောက်သားဟာ မြန်မာ့မြေမျက်နှာပြင်ရဲ့ ၇၀ % ကျော်ရှိပြီးပြီး၊ လောင်စာသယံဇာတ ခိုအောင်းတဲ့ ကျောက်သားနဲ့ ပေါင်းရင် ၈၅ % ကို ဖုံးအုပ်နေတယ်လို့ Australia နိုင်ငံက ဘူမိဗေဒပညာရှင် ဒေါက်တာအောင်ပွါးက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ရေနံ သဘာဝဓါတ်ငွေ့ ၊ ရှားပါးကျောက်မျက်နဲ့ မြေရှားသတ္တုလို အဖိုးတန် သတ္တုတွင်းထွက် အမျိုးအစားပေါင်း ၆၀ ကျော်ရှိပြီး သူတို့ကိုတွေ့ရှိထားတဲ့ နေရာ ၂၀၀၀ ကျော်အပြင် မတွေ့ရသေးတဲ့ အလားအလာရှိတဲ့ သတ္တုသိုက်တွေပါ ရှိနေပါတယ်။
တစ်သျှူးငှက်ပျော ဆိုတာဘာပါလဲ။ ကချင်ပြည်နယ်ထဲ တရုတ်လုပ်ငန်းရှင်တွေ တစ်သျှူးငှက်ပျော လာစိုက်တဲ့အတွက် ပျက်စီးခဲ့ရတဲ့ မြန်မာ့သဘာဝ ဝန်းကျင်ကိုဘယ်လို ပြန်ကောင်းအောင် လုပ်နိုင်ပါသလဲ။ ဇီဝနည်းပညာရှင် ဒေါက်တာသန်းသန်းစိန်ကို ဒေါ်ခင်မျိုးသက်က မေးမြန်းတင်ပြထားပါတယ်။
ကချင်ပြည်နယ်မှာ သစ်တောပြုန်းတီးမှုတွေ၊ သတ္တုတူးဖေါ်မှုတွေ စည်းမဲ့ကမ်းမဲ့ စိုက်ပျိုးမှုတွေကြောင့် သဘာဝဝန်းကျင်နဲ့ ဂေဟစနစ် ပျက်သုဉ်းရတဲ့ အခြေနေနဲ့ ဒါတွေကို ဘယ်လိုပြန်ကုစား နိုင်မယ်ဆိုတာကို ကိုယ်တိုင်ပါဝင် ဆောင်ရွက်နေတဲ့ ဇီဝနည်းပညာရှင် ဒေါက်တာသန်းသန်းစိန်ကို ဒေါ်ခင်မျိုးသက်က မေးမြန်းထားပါတယ်။
မြန်မာနိုင်ငံအရှေ့ပိုင်းကထင်ရှားတဲ့ ကျောက်ကြမ်းပြတ်ရွေ့ဟာ အင်းလေးကန်အတွက် ငလျင်အန္တရာယ် ဘယ်လောက်စိုးရိမ်ရပါသလဲ။ အင်းလေး ရေရှည်တည်တံ့ရေးသုတေသနမှာ ဒီကျောက်ကြမ်းပြတ်ရွေ့ကိုပါ ထည့်သွင်းလေ့လာနေတဲ့ ဂျပန်အဏ္ဏဝါဘူမိသိပ္ပံနဲ့ နည်းပညာဌာန JAMSTEC က ဒေါက်တာမိုးကျော်သူကို ဒေါ်ခင်မျိုးသက်က မေးမြန်းတင်ပြထားပါတယ်။
ယူနက်စကို ဇီဝဝန်းကျင်ထိမ်းသိမ်းရေးတင်မကပဲ အာဆီယံယဉ်ကျေးမှု အမွေနှစ်စာရင်းပါ ဝင်နေတဲ့ အင်းလေးဒေသ ရေရှည်တည်တံ့ဖို့ သုတေသနပညာရှင်တွေ ဘာတွေလုပ်ဆောင်နေတယ် ဆိုတာကို ဂျပန်အဏ္ဏဝါဘူမိသိပ္ပံနဲ့ နည်းပညာဌာန (JAMSTEC) က ဒေါက်တာမိုးကျော်သူကို ဒေါ်ခင်မျိုးသက်က မေးမြန်းတင်ပြထားပါတယ်။
လက်နဲ့ကိုင်ရင် လျှောထွက်သွားတတ်တဲ့ ပြဒါးလို့ခေါ်တဲ့ မာကျူရီဟာ အဆိပ်သင့်စေပြီး၊ အခန်းအပူချိန်မှာ အရည်အဖြစ်နဲ့တွေ့ရတဲ့ တခုထဲသော သတ္တုဖြစ်သလို လက်ဖက်ရည်ဇွန်း ၂ ဇွန်းစာလောက်ဆိုရင် တပေါင်လောက်ကို လေးပါတယ်။ ဒီပြဒါးအကြောင်း ဓါတုပညာရှင် ဒေါက်တာခင်မောင်ညိုကို ဒေါ်ခင်မျိုးသက်က မေးမြန်း တင်ပြထားပါတယ်။
စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ နည်းလမ်းပေါင်းစုံနဲ့ အာဏာရှင်ကို တော်လှန်နေကြတဲ့အထဲ အကြမ်းမဖက်တဲ့နည်းလမ်းနဲ့ ပါဝင်နေသူတွေဟာ သူတို့ယုံကြည်ရာလမ်းကြောင်းနဲ့ အာဏာရှင်စနစ် အမြစ်ပြတ်ရေးမှာ ဆက်ပြီးပါဝင်သွားမယ်လို့ ပြောပါတယ်။
ပတ်ဝန်းကျင်ညစ်ညမ်းမှုသိပ်မရှိဘဲ တခြားနျူကလီယားဓါတ်ပေါင်းဖိုေတွနဲ့ ယှဉ်ရင် အန္တရာယ်ပိုနည်းတဲ့ သိုရီယံသုံး Breeder Reactor ခေါ် ရေရှည်ခံ နျူကလီယား လောင်စာသုံး ဓါတ်ပေါင်းဖိုအကြောင်း ဒေါက်တာခင်မောင်ညိုကို ဒေါ်ခင်မျိုးသက်က မေးမြန်းတင်ပြထားပါတယ်။
မြန်မာနိုင်ငံရဲ့ လာမယ့်ပွင့်လင်းရာသီမှာ ပြည်တွင်း၊ ပြည်ပခရီးသွား ဧည့်သည်တွေအတွက် သွားရောက်လည်ပတ်သင့်တဲ့ ဒေသ ၁၄ ခုကို ဟိုတယ်နဲ့ ခရီးသွားလာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
စိုက်ပျိုးရေးအပြင် Chanel N0. 5 လို ကမ္ဘာကျော်ရေမွှေးအပါအဝင် လူအသုံးအဆောင်တွေမှာ မြက်မြစ်မွှေးလို့ ခေါ်ကြတဲ့ ဗက်တီဗာကို ဘယ်လိုသုံးတယ်ဆိုတာ ဇီဝနည်းပညာရှင် ဒေါက်တာသန်းသန်းစိန်ကို ဒေါ်ခင်မျိုးသက်က ဆက်သွယ်မေးမြန်းတင်ပြ ထားပါတယ်။
လျှပ်စစ်ဓါတ် electricity ဆိုတဲ့ ဝေါဟာရဟာ ဂရိဘာသာနဲ့ elektron လို့ခေါ်တဲ့ ပယင်းကနေ စတင် ပေါက်ဖွားလာတာပါ။ ပယင်းမှာ စတွေ့တဲ့ static electricity လျှပ်ငြိမ်လျှပ်စစ်ဓါတ်ဟာ လူသားတွေကို တိုးတက်ပြောင်းလဲစေတဲ့ သိပ္ပွံပညာမှာ ဘယ်လိုအရေးပါတယ်ဆိုတာ ဒေါက်တာခင်မောင်ညိုကို မေးမြန်းပြီး ဒေါ်ခင်မျိုးသက် တင်ပြမှာပါ။
သိုရီယံနဲ့ ကျန်းမာရေးအန္တရာယ် အိမ်နီးချင်းအိန္ဒိယနဲ့ တရုတ်နိုင်ငံတွေမှာ လောင်စာစွမ်းအင်အတွက်သုံးနေတဲ့ ရေဒီယိုသတ္တိကြွ သိုရီယံကို မြန်မာတချို့က ဆေးဘက်ဝင်အသုံးအဆောင်အဖြစ် သုံးနေတာဟာ အန္တရာယ်ဘယ်လောက်ကြီးပါသလဲ ဓါတုပညာရှင် ဒေါက်တာခင်မောင်ညိုကို ဒေါ်ခင်မျိုးသက်က မေးမြန်းတင်ပြမှာပါ။
မျိုးဗီဇ DNA ဆိုတာ ဘာပါလဲ။ ဒီ DNA ပုံတူပွါးမှု စတင်တဲ့နေရာ အရင်းအမြစ်ကို ဘာ့ကြောင့် ရှာဖွေနေကြတာပါလဲ။ သိပ္ပံသုတေသနတွေထဲက DNA နဲ့ ပတ်သက်တဲ့ အရေးကြီးတဲ့အပိုင်းဖြစ်တဲ့ မျိုးဗီဇရဲ့ မူလအရင်းအမြစ်အတွက် Mississippi တက္ကသိုလ်မှာ သုတေသနလုပ်နေတဲ့ ဒေါက်တာရွှေစင်ဦးကို ဒေါ်ခင်မျိုးသက်က မေးမြန်းတင်ပြထားပါတယ်။
ကချင်ပြည်နယ် ရွှေကူမြို့နယ်က ကျောက်ကြီးရဲစခန်းကို သောကြာနေ့မနက်အစောပိုင်းမှာ KIA နဲ့ PDF ပူးပေါင်းတပ်တွေဝင်ရောက် တိုက်ခိုက်ခဲ့တဲ့ နောက်မှာ စစ်ကောင်စီဘက်က လေကြောင်းကနေ ၂ ကြိမ် တိုင်တိုင် ပြန်လည်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရူပဗေဒပညာရပ်ကို အသုံးချပြီး မျိုးဗီဇ DNA မျိုးဗီဇ အရင်းအမြစ်ဆန်းစစ်တာအပါအဝင် လူသားအကျိုးပြု သုတေသနတွေ လုပ်နေတဲ့ အမေရိကန်ပြည်ထောင်စု Mississippi တက္ကသိုလ်က မြန်မာသုတေသီ ဒေါက်တာရွှေစင်ဦးနဲ့ ဒေါ်ခင်မျိုးသက်က မိတ်ဆက်ပေးမှာပါ။
ခုတပတ်မှာတော့ ဆောက်ထားတဲ့ အဆောက်အအုံတွေ ဖြိုဖျက်တာ အပါအဝင် မြန်မာ့ဆောက်လုပ်ရေး လုပ်ငန်းခွင့် အန္တရာယ်ကင်းအောင် ဘာတွေ လုပ်သင့်တယ် ဆိုတာကို စင်္ကာပူ အလုပ်သမားဝန်ကြီးဌာနက ဘေးအန္တရာယ်ကင်းရေးဆိုင်ရာ အရာရှိ အင်ဂျင်နီယာ ဦးအေးငြိမ်းကို ဒေါ်ခင်မျိုးသက်က မေးမြန်းတင်ပြထားပါတယ်။
"တရားမဝင်ဆေးကို သုံးတာက တော်တော် အန္တရာယ်ရှိတယ်။ ကျနော် အကြံပေးချင်တာကတော့ register ပါတဲ့ဆေးကိုပဲ သေချာ သုံးစေချင်တယ်။ ဆေးတွေမှာ register နံပါတ်ပါတယ်။ ဗူးခွံတွေမှာ ပါတယ်။ သေချာလေး ရွေးဝယ်ဖို့ လိုအပ်တယ်။" (ဒေါက်တာကျော်မင်းထွန်း-အထွေထွေရောဂါကု)
စစ်ကိုင်းတိုင်း ခင်ဦးမြို့ပေါ်က မြကန်သာရပ်ကွက်ကို စစ်တပ်က ဝင်ရောက် စီးနင်းပစ်ခတ်ခဲ့လို့ ကလေးငယ်တဦးနဲ့ အမျိုးသားတဦး သေဆုံးသွားခဲ့ပြီး ပုလဲမြို့ပေါ်မှာတော့ စစ်တပ် တပ်စွဲထားတဲ့ ပုလဲ ရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်