မြန်မာအကြမ်းဖက်မှုရပ်အောင်မလုပ်နိုင်လို့ အာဆီယံကြားဝင် မစွက်ဖက်ရေးမူ ပြင်ဖို့ အစည်းအဝေးမှာ တောင်းဆို၊ ပဇီကြီးလေကြောင်းတိုက်ခိုက်မှု စစ်ကောင်စီက သာမိုဘားရစ် အားပြင်း လေဟာဗုံးတွေ သုံးလို့ HRW ပြော၊ ဒီလို တပတ်အတွင်းထိပ်တန်းရောက်မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင် တင်ဆက်ထားပါတယ်။
မြန်မာနယ်စပ်က အွန်လိုင်း ရာဇဝတ်ဂိုဏ်းတွေကို နှိမ်နင်းဖို့ တရုတ်က စစ်ကောင်စီကို တိုက်တွန်း၊ မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့်တွေ ပိုမိုကျဆင်းမှု RSF အစီရင်ခံ၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေကို နန်းလောင်ဝ် တင်ပြထားပါတယ်။
"စစ်ကောင်စီက တော်တော်လေးကို အကျပ်အတည်းတော့ ရင်ဆိုင်နေရတာဖြစ်မယ်လေ..နော်။ နိုင်ငံရေးအကျပ်အတည်း၊ စီးပွါးရေးအကျပ်အတည်းတွေ ရင်ဆိုင်နေရတယ်။ အဲဒီတော့ သူ့အတွက် ထွက်ရာလမ်းက စစ်ရေးအရ ပြည်သူလူထုကို ပိုပြီးသတ်ပြမယ်၊ ပိုပြီးဖိနှိပ်ပြမယ်ဆိုတဲ့ဟာ၊ အဲဒီဟာကိုတားဆီးဖို့အတွက် ကြိုးစားကြတယ်ထင်တယ်။" (ဒေါက်တာလှကျော်ဇော)
ကုလအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်း မြန်မာနိုင်ငံကိုက ပြန်သွားအပြီး စစ်ကောင်စီတပ်က ပြည်သူ့ဆေးရုံတရုံ တိုက်ခိုက်၊ မြန်မာ့အရေး တရုတ်နိုင်ငံပါ တက်ရောက်လာတဲ့ ဆွေးနွေးပွဲတရပ် အိန္ဒိယနိုင်ငံမှာ ကျင်းပ၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေကို နန်းလောင်ဝ် တင်ပြထားပါတယ်။
ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် နောက်တနှစ် တာဝန်ဆက်ထမ်းဆောင်ဖို့ သက်တမ်းတိုး၊ ထိုင်းနယ်စပ်အပါအဝင် တိုင်းရင်းဒေသတွေမှာ စစ်ကောင်စီလေကြောင်းထိုးစစ်၊ ထိုင်းဘက် စစ်ပြေးပြီး ဒုက္ခသည်တွေ နေ့စဉ်ထပ်ရောက်ရှိ အပါအဝင် တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင်တို့ တင်ပြထားပါတယ်။
NLD အပါအဝင် နိုင်ငံရေးပါတီ ၄၀ ဖျက်သိမ်းခံရတဲ့အပေါ် နိုင်ငံတကာက သတိပေး၊ အိန္ဒိယနိုင်ငံသား ၃ ဦး သေဆုံးမှုကြောင့် မြန်မာနဲ့နယ်စပ်ဂိတ်တွေ မီဇိုရမ်အာဏာပိုင်တွေ ပိတ်၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေကို နန်းလောင်ဝ် စုစည်း တင်ပြထားပါတယ်။
ကမ္ဘာ့မျက်နှာပြင်၇၅ ရာခိုင်နှုန်းလောက် ရေထုကလွှမ်းမိုးထားပေမယ့် ရေချိုကတော့ ၁ ရာခိုင်နှုန်းတောင်မရှိပါဘူး။ကမ္ဘာ့လူဦးရေတိုးလာပြီးစီးပါွးရေးကဏ္ဍပေါင်းစုံမှာ ရေလိုအပ်ချက်မြင့်တက်လာချိန် ဥတုရာသီဖောက်ပြန်မှုကြောင့် ရေအရင်းအမြစ်တွေထိခိုက်လာပါတယ်။ ဥတုရာသီနဲ့အနာဂတ်ကမ္ဘာအစီအစဉ်မှာ နန်းလောင်ဝ် တင်ပြထားပါတယ်။
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေသစ်အရ မှတ်ပုံတင်နိုင်ဖို့ နောက်ဆုံးသတ်မှတ်ထားတဲ့ရက်ရောက်လာပြီးတဲ့နောက် အဓိက နိုင်ငံရေးပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် ပါတီပေါင်း ၄၀ ကို စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီအဖြစ်က ပယ်ဖျက်လိုက်ပါတယ်။
မြန်မာစစ်တပ်လုပ်ရပ်တွေ ပံ့ပိုးနေသူတွေကို အမေရိကန်က အရေးယူပိတ်ဆို့မှု အသစ်တွေထပ်ချမှတ်၊ စစ်ရေးပဋိပက္ခတွေ ပိုဆိုးရွားလာလို့ ဒေသခံတွေ ပိုမိုထိခိုက်သေကြေ၊ ဒေသတွင်းနိုင်ငံတွေမှာ မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းတိုးရေး ခက်ခဲ၊ ဒီလို တပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
New South Wales ပြည်နယ်မြစ်တခုမှာသန်းချီတဲ့ ငါးတွေသေဆုံးရတာဟာသဘာဝပတ်ဝန်းကျင် ပြောင်းလဲမှုကြောင့်ဖြစ်မယ်လို့တာဝန်ှရိသူတွေ ခန့်မှန်းပါတယ်။ နိုင်ငံရဲ့ဒုတိယအရှည်ဆုံး Darling River မြစ်ထဲမှာပြီးခဲ့တဲ့နှစ်ပိုင်းကလည်း ငါးကောင်ရေတသန်းလောက်သေဆုံးခဲ့ရတာပါ။ ဥတုရာသီနဲ့ အနာဂတ်အစီအစဉ်မှာနန်းလောင်ဝ်တင်ပြထားပါတယ်။
မဲခေါင်မြစ်ထဲကဧရာဝတီလင်းပိုင်တွေဟာရေလှောင်တမံတွေ၊တရားမဝင်ငါးဖမ်းလုပ်ငန်းတွေ၊ ပလတ်စတစ်အမှိုက်တွေကြောင့်မျိုးတုန်းပျောက်ကွယ်နေပါပြီ။ကျန်လင်းပိုင် ၇၀%ကလည်းမျိုးမပွါးနိုင်ကြတော့တဲ့အတွက်ကမ္ဘောဒီးယားအစိုးရက ဥပဒေသစ်နဲ့ ထိန်းသိမ်းဖို့ကြိုးပမ်းနေပါတယ်။ဥတုရာသီနဲ့အနာဂတ်ကမ္ဘာအစီအစဉ်မှာနန်းလောင်ဝ်တင်ပြထားပါတယ်။
မြန်မာ့အရေး ကုလလုံခြုံရေးကောင်စီ တံခါးပိတ်ဆွေးနွေး၊ မြန်မာ့အကျပ်အတည်းကို အာဆီယံနဲ့ တကွ နိုင်ငံတကာနဲ့ပါ ပူးပေါင်းဖြေရှင်းဖို့ စင်္ကာပူဝန်ကြီးချုပ် ကတိပြု၊ ပင်လောင်း လူသတ်မှုကိစ္စ တိုင်းရင်းသားအဖွဲ့တွေနဲ့ NUG ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်၊ ဒီလို တပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ် တင်ပြထားပါတယ်။
သမုဒ္ဒရာထဲကဇီဝမျိုးကွဲတွေကိုကာကွယ်ရေး မဖြစ်မနေလိုက်နာရမယ့် နိုင်ငံတကာသဘောတူညီချက်ကိုကုလအဖွဲ့ဝင် နိုင်ငံပေါင်း ၁ ရာကျော်က တညီတညွှတ်ထဲ သဘောတူညီလိုက်ပါပြီ။ကုလသမဂ္ဂရဲ့ရေရှည်ခံတဲ့ ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်တွေလည်း ပြည့်မှီနိုင်ပါတော့မယ်။ ဥတုရာသီနဲ့အနာဂတ်အစီအစဉ်မှာ နန်းလောင်ဝ် တင်ပြထားပါတယ်။
စစ်ကောင်စီတပ်တွေ စစ်ကိုင်းတိုင်းအတွင်းသတ်ဖြတ်မှုတွေ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ရှုတ်ချ၊ တရုတ်ကြေးနီစီမံကိန်းတွေ ပြန်စတင်ရေး စစ်ကောင်စီ တပ်အင်အားတိုးချ၊ ဒီလို တပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
စစ်ကောင်စီ ထိုးစစ်တွေ စစ်ကိုင်းတိုင်းထဲက ကျေးရွာတွေ မီးရှို့လို့ ဒေသခံတွေ ထွက်ပြေးနေရ၊ အိန္ဒိယလက်နက်စက်ရုံက မြန်မာစစ်တပ်အတွက် အမြောက်ပြောင်းတွေ တင်ပို့၊ မြန်မာကို အာဆီယံကနေ ခဏဖယ်ထားဖို့မလေးရှား တိုက်တွန်း ဒီလို တပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
အမြဲစိမ်းတောတွေထက်ကာဗွန်ဓာတ်ငွေ့ ၂ ဆစုပ်ယူသိုလှောင်ပေးတဲ့စိမ့်မြေတောတွေ ကမ္ဘာတဝှမ်းတဖြည်းဖြည်းပျောက်ကွယ်နေပြီး ဗြိတိန်က Wicken Fen စိမ့်မြေကတော့တိုးချဲ့နေပါတယ်။ ဇီဝမျိုးစုံ၊မျိုးကွဲတွေနဲ့သဘာဝပတ်ဝန်းကျင်အတွက်အရေးကြီးလှတဲ့စိမ့်မြေတောတွေအကြောင်းဥတုရာသီနဲ့ အနာဂတ်အစီအစဉ်မှာ နန်းလောင်ဝ်က တင်ပြထားပါတယ်။
စစ်တပ်ကတပ်စွဲထားတဲ့ မန္တလေးတိုင်း မြင်းခြံမြို့ လေးရွာစုံ ကျေးရွာက ဒေသခံ ၄ ဦးကို လက်နက်ကိုင်လူတစုက ဖမ်းဆီးသတ်ဖြတ်သွားတယ်လို့ သတ်ဖြတ်ခံရသူတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
အာရှတိုက်ရဲ့ဆန်အိုးကြီးလို့တင်စားကြတဲ့ မဲခေါင်မြစ်ဝှမ်းကြီးရဲ့ မြစ်အထက်ပိုင်းမှာ ရေလှောင်တမံတွေတိုးချဲ့ဆောက်လုပ်နေတာကြောင့် မြစ်ဝှမ်းတလေ ျှာက်ဇီဝဂေဟစနစ်တွေကိုရော ပြည်သူတွေရဲ့စားဝတ်နေရေးကိုပါ ထိခိုက်နေပါတယ်။ ဥတုရာသီနဲ့ အနာဂတ်အစီအစဉ်မှာ နန်းလောင်ဝ်တင်ပြထားပါတယ်။
မြန်မာစစ်ကောင်စီကို ဥရောပသမဂ္ဂက ထပ်ပြီးပိတ်ဆို့ဒဏ်ခတ်၊ မြန်မာမှာ ထမင်းနပ်မမှန်သူများပြား၊ လူ ၁၈ သန်းလောက် အကူညီ လိုအပ်လို့ ကုလခန့်မှန်း၊ နိုင်ငံကူးလက်မှတ် အွန်လိုင်းစနစ်သစ်နဲ့ ထုတ်ပေးမယ်လို့ စစ်ကောင်စီ ကြေညာ၊ ဒီလို တပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
တရုတ်နိုင်ငံနဲ့ကောင်းမွန်တဲ့ကုန်သွယ်ရေးတည်ဆောက်နေကြတဲ့ အရှေ့တောင်အာရှနိုင်ငံတွေဟာ တောင်တရုတ်ပင်လယ်ပြင်အတော်များများကို သူပိုင်အဖြစ်ပြောဆိုနေတဲ့ကိစ္စမှာတော့ တရုတ်နိုင်ငံကိုသတိနဲ့ ရေရှည်ဆက်ဆံနေကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်