မြန်မာနိုင်ငံမှာ ဒီကနေ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ စီးပွါးရေးအကြပ်အတည်း၊နိုင်ငံရေးအကြပ်အတည်းနဲ့ စစ်ရေးပဋိပက္ခတွေကြောင့် ဖြစ်ပေါ်လာရတဲ့ မလုံခြုံမှုနဲ့ မငြိမ်းချမ်းမှုတွေဟာ ၂၀၂၁၊ဖေဖော်ဝါရီ ၁ ရက် စစ်တပ်ကအာဏာသိမ်းတာကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေဆိုတာကတော့ အထူးပြောနေဖို့ လိုမယ်မထင်ပါဘူး။
မြန်မာနိုင်ငံနေရာအနှံ့မှာ လတ်တလောအသစ်ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ထွက်ပြေးရသူတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီအရောက်ပို့ပေးနိုင်ရေး အထူးခက်ခဲနေပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေနဲ့ တော်လှန်ရေးအင်အားစုတွေကြား ညှိနှိုင်း ပူးပေါင်းဆောင်ရွက်မှုရဲ့ အကျိုးသက်ရောက်မှုတွေဟာ ပိုမိုကျယ်ပြန့်တဲ့ တော်လှန်ရေးလှုပ်ရှားမှုတွေ ဖြစ်ပေါ်လာစေနိုင်တယ်လို့ ကမ္ဘာ့မီဒီယာတွေက သုံးသပ်ရေးသားကြပါတယ်။
ရှမ်းမြောက်ဒေသ ညီနောင်သုံးဖွဲ့နဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ ညှိနှိုင်း ပူးပေါင်းဆောင်ရွက်မှုရဲ့ အကျိုးသက်ရောက်မှုတွေဟာ ပိုမိုကျယ်ပြန့်တဲ့ တော်လှန်ရေးလှုပ်ရှားမှုတွေ ဖြစ်ပေါ်လာစေနိုင်တယ်လို့ ကမ္ဘာ့မီဒီယာတွေက သုံးသပ်ရေးသားကြပါတယ်။
စစ်ကောင်စီရဲ့ စစ်စခန်းကြီးငယ် စုစုပေါင်း စခန်း ၉၀ ဝန်းကျင် သိမ်းယူလိုက်နိုင်တဲ့ ၁၀၂၇ စစ်ဆင်ရေးကို ကြည့်မယ်ဆိုရင် စစ်ကောင်စီဟာ လက်ရှိအချိန်မှာ နိုင်ငံရေး စီးပွားရေးအကြပ်အတည်းတွေနဲ့အတူ စစ်ရေးအရပါ ဖိအားတွေ ရင်ဆိုင်နေရပြီလို့ သုံးသပ်ကြပါတယ်။ ကမ္ဘာ့၊မြန်မာမာ့မီဒီယာမြင်ကွင်းမှာ သုံးသပ် တင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းကတည်းက နိုင်ငံရေးပဋိပက္ခအကျပ်အတည်းတွေနဲ့အတူ လူထုမှာ နေ့စဉ်စားဝတ်နေရေး၊ စီးပွားကုန်သွယ်မှု၊ နေထိုင်ရပ်တည်ရေးတွေ ပိုမို ကျပ်တည်းလာကြပါတယ်။
စစ်ကောင်စီက ပို့ကုန်ရငွေကို ထိန်းချုပ်တာ၊ သွင်းကုန်တွေကို ကန့်သတ်တာ၊ ကုန်ဈေးနှုန်းတွေ သတ်မှတ်တာ လုပ်ပြီး စီးပွားရေးကိုကိုင်တွယ်ထိန်းချုပ်ဖို့ ကြိုးစားပါတယ်။ အမိန့်ပေးစီးပွားရေးစနစ်နဲ့သွားနေတဲ့ မြန်မာ့စီးပွားရေးအခြေအနေကို စာရေးသူ ပြည်သွေးနိုင်က အလိမ္မာနဲ့အတူ တင်ဆက်ထားပါတယ်။
NCA စာချုပ်ဟာ အစိုးရ၊လွှတ်တော်၊စစ်တပ်(တပ်မတော်)နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေပါဝင်လက်မှတ်ရေးထိုးကြတာပါ။ခုချိန်မှာ ပြည်သူကရွေးချယ်ထားတဲ့ တရားဝင်အစိုးရ၊တရားဝင်လွှတ်တော် မရှိပါဘူး။စစ်တပ်က အာဏာသိမ်းထားချိန်ဖြစ်ပါတယ်။
နိုင်ငံမှာ ပြည်သူတရားဝင်တင်မြှာက်ထားတဲ့ အစိုးရမရှိပဲ အာဏာသိမ်းစစ်ကောင်စီက ကျင်းပတဲ့ NCA ၈ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားရဲ့ တရားဝင်မှုအပေါ် ဆန်းစစ်မှုတွေ ရှိပါတယ်။ ကမ္ဘာ့၊ မြန်မာ့ မီဒီယာမြင်ကွင်း သုံးသပ်ချက်ကို ဆောင်းပါးရှင် ပြည်သွေးနိုင်နဲ့အတူ အလိမ္မာ တင်ဆက်ပေးထားပါတယ်။
မြန်မာနိုင်ငံတွင်းက စစ်ဘေးဒုက္ခသည်တွေအတွက် နိုင်ငံတကာက လူသားချင်းစာနာမှုအကူအညီတွေပေးနေပေမယ့်လည်း၊ ဒီထက် ထိရောက်တဲ့အကူအညီတွေ ပိုလိုအပ်နေတယ်လို့ ဒုက္ခသည်တွေကိုကူညီနေသူတွေကပြောပါတယ်။ ဒီတပတ် ကမ္ဘာ့၊ မြန်မာ့ မီဒီယာမြင်ကွင်း သုံးသပ်ချက်ကို ဆောင်းပါးရှင် ပြည်သွေးနိုင်နဲ့အတူ အလိမ္မာ တင်ဆက်ပေးထားပါတယ်။
NUG အနေနဲ့ ပြည်တွင်းအင်အားစုတွေနဲ့ ဟန်ချက်ညီ ချိန်ညှိလုပ်ဆောင်သလို ပြည်ပရောက် မြန်မာတိုင်းရင်းသားပေါင်းစုံနဲ့ လက်တွဲကြိုးပမ်းပြီး နိုင်ငံတကာရဲ့ ထောက်ခံမှုရယူနိုင်ဖို့လိုအပ်ပါတယ်။ ကမ္ဘာ့၊မြန်မာ့ မီဒီယာမြင်ကွင်း သုံးသပ်ချက်ကို ဆောင်းပါးရှင် ပြည်သွေးနိုင်နဲ့အတူ အလိမ္မာ တင်ဆက်ပေးထားပါတယ်။
ပြီးခဲ့တဲ့နှစ်နှစ်အတွင်းမှာ နိုင်ငံတကာရောက်မြန်မာတွေထံက အလှူငွေ အမေရိကန်ဒေါ်လာ ၁၅၆ သန်းရရှိခဲ့တယ်။ဒါဟာ အလွန်အရေးပါပြီး ကြီးမားထင်ရှားတဲ့ ပမာဏဖြစ်တယ်လို့ NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောတဲ့အကြောင်းကိုလည်း Aljazeera ဆောင်းပါးမှာ ဖော်ပြထားတာတွေ့ရပါတယ်။
အာရှတလွှား အွန်လိုင်းကနေ လိမ်လည်နေတဲ့ ရာဇဝတ်ဂိုဏ်းတွေဟာ မြန်မာနိုင်ငံမှာ ပိုအခြေစိုက်လာနေတယ်လို့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာသစ်က ဖော်ပြလိုက်ပါတယ်။ မြန်မာနိုင်ငံကို အာဏာသိမ်းအုပ်ချုပ်နေတဲ့ စစ်ကောင်စီရဲ့ ကိုင်တွယ်ဖြေရှင်းမှု ဘယ်လိုရှိပါလဲ။
အစီရင်ခံစာကို UNODC ကထုတ်ပြန်ခဲ့တာဖြစ်ပြီး တရုတ်နဲ့ ထိုင်ဝမ်က ရာဇဝတ်ဂိုဏ်းတွေဟာ မဲခေါင်ဒေသနိုင်ငံတွေအပြင် ဖိလစ်ပိုင်နိုင်ငံမှာပါ အခြေစိုက်ပြီး၊ အင်တာနက်ကနေ လူမှုရေး အရှုပ်အထွေးတွေနဲ့ ခြိမ်းခြောက် လိမ်လည်တာ၊ ငွေညစ်တာတွေ ၊ ရင်းနှီးမြှုပ်နှံမှုတွေမှာလည်း လိမ်လည်မှုတွေ ကျုးလွန်နေတယ်။
ပြောရရင် စစ်တပ်ကအာဏာသိမ်းလိုက်ချိန်ကစလို့ လူမှုရေး၊ စီးပွါးရေး၊ နိုင်ငံရေးအထိုင် အားလုံးပျက်စီး သွားခဲ့ပါပြီ။ ဒါကြောင့်လည်း USIP ဆောင်းပါးက စစ်ကောင်စီဟာ ဒီအကျပ်အတည်းကနေရုန်းထွက် နိုင်မလား။ စစ်ကောင်စီဟာ ဒီအကြပ်အတည်းကို ကျော်နိုင်မလားလို့ မေးခွန်းထုတ်ထားတာပါ။
မြန်မာ့အရေးဖြေရှင်းမယ်ဆိုရင် နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ အခြေအနေသစ်နဲ့ကိုက်ညီတဲ့ နည်းလမ်းကိုရှာဖွေ၊ တော်လှန်ရေးအင်အားစုတွေကြားမှာလည်း အခုထက် ပူးပေါင်းဆောင်ရွက်မှု အားကောင်းအောင် ဆွေးနွေးညှိနှိုင်းမှုတွေလုပ်ဖို့လိုအပ်တယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပါတယ်။
မြန်မာနိုင်ငံမှာ ဆင်းရဲ၊ ချမ်းသာကွာဟမှု အထူးကြီးမားပြီး အကျပ်အတည်းကို ဖြေရှင်းဖို့အတွက် နိုင်ငံရေးဘောဂစနစ်ဖွဲ့တည်မှုကို အခြေခံကျကျ ပြုပြင်ပြောင်းလဲမှ ရမယ်လို့ ပညာရှင်တွေက သုံးသပ်ပါတယ်။ ကမ္ဘာ့၊ မြန်မာ့ မီဒီယာမြင်ကွင်း သုံးသပ်ချက်ကို ဆောင်းပါးရှင် ပြည်သွေးနိုင်နဲ့အတူ အလိမ္မာ တင်ဆက်ပေးထားပါတယ်။
" ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ သူ့သားသမီးတွေရော ကင်းလို့လား။ ပိုတောင်ဆိုးသေးတယ်လို့ပြောရမယ်။ ခုဟာက တိုင်းပြည်စီးပွါးရေးအခြေအနေက ပိုဆိုးလာတယ်။ ဒီတော့ စီးပွါးရေးလုပ်ကွက်၊စီးပွါးရေးခွင်က ကျဉ်းလာတယ်။အဲဒီတော့ စီးပွါးရေးဝေစုကနည်းလာတယ်။စားကျက်လုရင်းက ခုလို ဖြုတ်ထုတ်၊ဖမ်းဆီးတာတွေ ဖြစ်လာတာနေမှာပေါ့”
မြန်မာနိုင်ငံမှာ လူထုကိုနှိပ်ကွပ် ထင်ရာလုပ်နေတဲ့ စစ်အာဏာရှင်တွေကို ဒီတိုင်းစောင့်ကြည့်မနေဘဲ မြန်မာနိုင်ငံ စစ်အာဏာရှင်လက်အောက်က လွတ်မြောက်ရေးကြိုးပမ်းဖို့ အာဆီယံနိုင်ငံတွေရဲ့ လူထုက လိုလားနေပါတယ်။
မြန်မာနိုင်ငံမှာ လူထုကိုနှိပ်ကွပ် ထင်ရာလုပ်နေတဲ့ စစ်အာဏာရှင်တွေကို ဒီတိုင်းစောင့်ကြည့်မနေဘဲ မြန်မာနိုင်ငံ စစ်အာဏာရှင်လက်အောက်က လွတ်မြောက်ရေးကြိုးပမ်းဖို့ အာဆီယံနိုင်ငံတွေရဲ့ လူထုက လိုလားနေပါတယ်။ ဒီအကြောင်း ပြည်သွေးနိုင်က သုံးသပ်ပြီး အလိမ္မာနဲ့အတူ တင်ဆက်ပေးထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်