၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ (၁၀) ရက်နေ့မှာ စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်း ဥပဒေကို အမိန့်ထုတ်ပြန် လိုက်ရခြင်းမှာ ပြည်သူတွေလိုလားတဲ့ ဒီမိုကရေစီကို ကာကွယ်ဖို့ ဆိုတဲ့အကြောင်းအရင်းလည်း ပါဝင်တယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖေဖေါ်ဝါရီလ (၁၂) ရက်နေ့မှာ ပြောပါတယ်။
ဒီးမော့ဆိုမြို့နယ်အတွင်းက ကိုယ်ထူကိုယ်ထ ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်း (၂) ကျောင်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် (၅) ဦးသေဆုံးပြီး လူ ၂၀ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အကြောင်း သတင်းဓါတ်ပုံများအပါအဝင် မြေပြင်ကသူတွေရဲ့ ပြောဆိုချက်ကိုကိုးကားပြီး သတင်းမီဒီယာတွေက ဖေါ်ပြခဲ့ကြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နဲ့ CRPH ကိုယ်တိုင်က စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ အချို့သော လက်နက်ကိုင်တပ်ဖွဲ့တွေ လက်မခံဘူးလို့ ကြေညာခဲ့တာရှိတယ်လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုဝင်ဘာလ(၂၇) ရက်နေ့မှာ ပြောပါတယ်။
ပြည်ပဒီိမုကရေစီနိုင်ငံအချို့ကလည်း လက်နက်ကိုင်အကြမ်းဖက်တိုက်ခိုက်မှုတွေကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ အားပေးတာတွေ၊ မြှောက်ထိုးပင့်ကော် ပြုလုပ်နေတာကို တယ်လို့လည်း အာဏာသိမ်းစစ်ခေါင်းဆောင်က စွပ်စွဲပါတယ်။
စစ်ကောင်စီသတင်းထုတ်ပြန်ရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ဌာနချုပ်တွေကို တိုက်ခိုက်မှုမရှိဘူးဆိုတဲ့ ပြောဆိုမှုဟာ အချက်အလက်စစ်ဆေးမှုများအရ မှန်ကန်မှုမရှိတာကို တွေ့ရပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ စစ်အာဏာသိမ်းမှုကို လက်နက်ကိုင်တော်လှန်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် နိုင်ငံရေးအင်အားစုတွေကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ပြောဆိုနေပါတယ်။
၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမှာ ဖြစ်ပြီး သန်းခေါင်စာရင်းများ ကောက်ယူပြီးစီးပါက ရွေးကောက်ပွဲကျင်းပနိုင်မှာ ဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လားရှိုးတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနဲ့ တွေ့ဆုံစဉ်ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၃ ခုနှစ်မှာ အရပ်သားအစိုးရလက်ထက် ၂၀၁၉-၂၀၂၀ ခုနှစ်ကထက် ပြည်တွင်းအသားတင်ထုတ်ကုန် တန်ဖိုး (GDP) တိုးတက်မှု ၉ ရာခိုင်နူန်းရှိကြောင်း ၂၀၂၃ ခုနှစ် ဩဂုတ်လ (၂၅)ရက် နေပြည်တော်မှာ ပြုလုပ်တဲ့ စီးပွားရေးရာကော်မတီအစည်းအဝေးမှာ ပြောပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်အနေနဲ့ အရေးပေါ်သက်တမ်း(၂) ကြိမ် ပြည့်ပြီးဖြစ်ပေမယ့် နောက်ထပ် သက်တမ်းထပ်ယူထားတဲ့ (၆)လပြည့်မယ့် ၂၀၂၃ ခုနှစ် ဩဂုတ်လ မတိုင်ခင်မှာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မရေရာတော့တဲ့ စကားကို ထုတ်ဖေါ်ပြောဆိုလိုက်တာဖြစ်ပါတယ်။
တေးသံရှင်ဗျူဟာ သေဆုံးတဲ့ သတင်းအမှားကို Thae Ei Mon ဆိုတဲ့ အကောင့်ပိုင်ရှင်က ဖြန့်ဝေထားတာတွေ့ရပြီး အဆိုပါ အကောင့်ပိုင်ရှင်ဟာတေးသံရှင် ဗျူဟာနဲ့ ဆွေးမျိုးတော်စပ်သူ မိသားစုဝင် မဟုတ်တာကို တွေ့ရပါတယ်။ အဆိုပါသတင်းအမှားကို ထပ်ဆင့်မျှဝေမှု (ခုနှစ်ရာကျော်)ရှိတာတွေ့ရပါတယ်။