အမေရိကန်သမ္မတသက်တမ်းဝက်လွှတ်တော်ရွေးကောက်ပွဲတွေ ပြီးဆုံးသွားချိန်မှာ ၂၀၂၄ အမေရိကန်သမ္မတရွေးကောက်ပွဲဖက်ကို ပြည်သူတွေ အာရုံစိုက်လာကြပါတယ်။ VOA သတင်းထောက် Michelle Quinn ပေးပို့တဲ့ သတင်းလွှာကို မအိသန့်စင် တင်ဆက်ထားပါတယ်။
ရှမ်းနဲ့ကယားပြည်နယ် နယ်စပ် ဒီးမော့ဆိုမြို့နယ်နဲ့ဖယ်ခုံမြို့နယ်က စစ်ပြေးဒုက္ခသည်တွေ ခိုလှုံနေတဲ့ နေရာတွေမှာ ပြီးခဲ့တဲ့ ၂ ရက်က မြန်မာစစ်တပ် ဘက်က ပစ်ခတ်လိုက်တဲ့လက်နက်ကြီးတွေကြောင့် အရပ်သားကလေးငယ် ၁ ဦး သေဆုံးခဲ့ပြီး ၁၁ ဦးထိခိုက်ဒဏ်ရာရှိသွားတယ်လို့ ဒေသခံတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေ ပြောပါတယ်။
ကန်သက်တမ်းဝက် ရွေးကောက်ပွဲ နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပ၊ အာဆီယံဒေသတွင်း ငြိမ်းချမ်းရေး စာချုပ် TAC ကို ယူကရိန်းလက်မှတ်ထိုး၊ ကမ္ဘာ့ဥတုရာသီပြောင်းလဲမှုကိစ္စများ အီဂျစ် ကုလညီလာခံ COP27 မှာ ဆွေးနွေး၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက်နိုင်ငံတကာ သတင်းတွေကို မအိသန့်စင်နဲ့ ကိုငြိမ်းချမ်းတို့ တင်ဆက်ထားပါတယ်။
မကြာခင်တုန်းက အမေရိကန်အောက်လွှတ်တော်ဥက္ကဌ Nancy Pelosi ကို ပစ်မှတ်ထားပြီး သူ့အိမ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့သလိုပဲ အမေရိကန်ပြည်ထောင်စု သက်တမ်းဝက်ရွေးကောက်ပွဲ နီးလာလေလေ နိုင်ငံရေးအရ အကြမ်းဖက်မှုတွေဖြစ်လာမှာ စိုးရိမ်စရာရှိနေပါတယ်။ Anita Powell ပေးပို့တဲ့သတင်း မအိသန့်စင် ပြောပြပါမယ်။
အမေရိကန်မှာ ဒီမိုကရေစီ အတိုက်အခိုက်ခံနေရတယ်လို့ သက်တမ်းဝက်ရွေးကောက်ပွဲ မတိုင်ခင် သမ္မတဘိုင်ဒန်ပြော၊ မြောက်ကိုရီးယား ဒုံးကျည်အစင်းပေါင်းများစွာ ပစ်၊ တိုက်လေယာဉ်တွေ ပျံသန်းမှု ဒေသတွင်းတင်းမာမှုမြင့်၊ ဒီလို တပတ်အတွင်းထိပ်တန်းရောက်နိုင်ငံတကာ သတင်းတွေကို မအိသန့်စင်နဲ့ ကိုငြိမ်းချမ်းတို့ တင်ဆက်ထားပါတယ်။
ရှမ်းပြည်နယ်နဲ့ကယားပြည်နယ် နယ်စပ် လွိုင်ကော်မြို့နယ် ဆောင်ကန်း ကျေးရွာတဝိုက်မှာ နယ်မြေရှင်းလင်းရေး စစ်ကြောင်းထိုးလာတဲ့ မြန်မာစစ်တပ်တွေနဲ့ ဒေသခံကာကွယ်ရေး ပူးပေါင်းတပ်တွေကြား မနေ့ကအထိ ၅ ရက်ဆက်တိုက် တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လုပ်အားခ တိုးပေးရေးတောင်းဆိုတဲ့ ရွှေပြည်သာမြို့နယ် ပေါင်ချိန်ဘိနပ် စက်ရုံက အလုပ်သမား နှစ်ဒါဇင်ကျော် ပြီးခဲ့တဲ့ရက်ပိုင်းက အလုပ်ဖြုတ်ခံခဲ့ရတာကြောင့် အလုပ်သမားတချို့ ဆန္ဒပြခဲ့ကြပါတယ်။ အလုပ်သမား အခွင့်အရေး အခြေအနေ သတင်းပေးပို့ချက်ကို မအိသန့်စင် က တင်ပြပေးပါမယ်။
အမေရိကန်လွှတ်တော်မှာ ဒီမိုကရက် အများစု နေရာဆက်ယူထားမလား၊ ရီပါဘလစ်ကန်တွေ ပိုအားသန်လာမလားဆိုတာကို နိုဝင်ဘာလ ၈ ရက်နေ့ သက်တမ်းဝက် ရွေးကောက်ပွဲက အဆုံးအဖြတ်ပေးမှာပါ။ VOA သတင်းထောက် Arash Arabasadi ပေးပို့တဲ့သတင်းလွှာကို မအိသန့်စင် တင်ဆက်ထားပါတယ်။
ရုရှားက လျှပ်စစ်စက်ရုံတွေကို တိုက်ခိုက်တဲ့အတွက် ယူကရိန်းတနိုင်ငံလုံးမှာ ခွဲတန်းနဲ့ လျှပ်စစ်မီးပေး၊ တောင်နဲ့မြောက်ကိုရီးယား၂ နိုင်ငံကြား အပြန်အလှန် စစ်ရေးလေ့ကျင့် ပစ်ခတ်စမ်းသပ်မှုလုပ်၊ ဗြိတိန်မှာ ဝန်ကြီးချုပ်သစ် တက်၊ ဒီလိုသီတင်းပတ်တွင်း နိုင်ငံတကာသတင်းတွေကို မအိသန့်စင်နဲ့ ကိုအောင်အောင် ပြောပြပေးပါမယ်။
ကယား (ကရင်နီ) ပြည်နယ် လွိုင်ကော်မြို့နယ် အနောက်ဘက်ခြမ်း စစ်ရှောင်စခန်း တခုအတွင်း မနေ့ညက လက်နက်ကြီးကျလို့ မိသားစုသုံးဦးထဲက တဦးသေဆုံး၊ ၂ ဦးထိခိုက်ဒဏ်ရာရရှိထားတယ်လို့ စစ်ရှောင်တွေက VOA ကို ပြောပါတယ်။
ရုရှားလေကြောင်းတိုက်ခိုက်မှု ယူကရိန်းစွမ်းအင်ကုမ္ပဏီတွေ ထိခိုက်ပြီး နိုင်ငံတဝန်း မီးပျက်၊ ဗြိတိန်ဝန်ကြီးချုပ်သစ်တက်ပြီး သီတင်း ၆ ပတ် အကြာ ရာထူးကနေ နုတ်ထွက်ဖို့ ကြေညာ၊ ဒီလို တပတ်အတွင်း နိုင်ငံတကာ သတင်းတွေကို မအိသန့်စင်နဲ့ ကိုဉာဏ်ဝင်းအောင်တို့ တင်ဆက်ထားပါတယ်။
အာဏာသိမ်းစစ်ကောင်စီကို တော်လှန်ရာမှာ စစ်မြေပြင်ထိုးစစ်အပြင် စစ်ကောင်စီရဲ့ စီးပွားရေးလုပ်ငန်းပိုင်းပါအထိနာအောင် လုပ်သင့်တဲ့အချက်တွေကို ပါမောက္ခ Zach Abuza က ရှင်းပြသွားပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ကန်သံရုံးယာယီတာဝန်ခံဟောင်း Priscilla Clapp က ပါဝင်ဆွေးနွေးခဲ့ပါတယ်။မအိသန့်စင် သတင်းပေးပို့ထားပါတယ်။
အစားအသောက်တွေမှာ စားသုံးဖို့ရက်စွဲအညွှန်းတွေကြောင့် တချို့က အစားအသောက်တွေကို စောစောစီးစီးလွှင့်ပစ်လေ့ရှိပါတယ်။ တားမြစ်ချက်နဲ့ အကြံပြုချက်မကွဲပြားဘဲ အလွယ်တကူလွှင့်ပစ်တာကြောင့် နှစ်စဉ် ကမ္ဘာ့စားနပ်ရိက္ခာထုတ်လုပ်မှုရဲ့ ၁၇ ရာခိုင်နှုန်း အလေအလွင့်ဖြစ်ရတယ်လို့ ကုလ ခန့်မှန်းပါတယ်။ မအိသန့်စင်ပြောပြပါမယ်။
ဒီးမော့ဆိုမြို့နယ်က ကျေးရွာပေါင်း ၂၄ ရွာ နေရပ်ပြန်သူ လူဦး ၅,၀၀၀ ကျော်လောက်ကို အရေးပေါ်ကယ်ဆယ်ရေး ပစ္စည်းတွေဖြစ်တဲ့ စောင်၊ ခြင်ထောင်၊ မီးဖိုချောင်သုံးပစ္စည်းတွေနဲ့ ဆိုလာမီးအိမ်တွေကို ပြီးခဲ့တဲ့ စက်တင်ဘာလမှာ ကူညီထောက်ပံ့ထားကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ဒီနေ့ ထုတ်ပြန်ပါတယ်။
ယူကရိန်းမြို့တော်ကို ကာမီကာဇီဒရုန်းနဲ့ ရုရှားတိုက်ခိုက်ဟု ယူကရိန်းပြော၊ မလေးရှားမှာ လွှတ်တော် ဖျက်သိမ်းပြီး ရွေးကောက်ပွဲကို စောကျင်းပဖို့ရှိ၊ ဂျပန်၊ ထိုင်ဝမ်တို့မှာ လေကြောင်းသွားလာမှု ကိုဗစ်ကန့်သတ်ချက် ဖြေလျှော့၊ ဒီလို တပတ်အတွင်း နိုင်ငံတကာ သတင်းတွေကို မအိသန့်စင်နဲ့ ကိုအောင်အောင်တို့ တင်ဆက်ထားပါတယ်။
ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်ထဲက စစ်ပြေးဒုက္ခသည်တွေ ခိုလှုံနေတဲ့ နေရာတွေမှာ မြန်မာစစ်တပ်ဘက်က မကြာခဏပစ်ခတ်နေတဲ့ လက်နက်ကြီးတွေကြောင့် ဒေသခံတွေ ပြေးစရာမရှိအောင် လုံခြုံမှုကင်းမဲ့နေကြတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့နဲ့ ဒုက္ခသည်တွေက VOA ကိုပြောပါတယ်။
ရှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့နယ်အတွင်း မြန်မာစစ်တပ်က လက်နက်ကြီးနဲ့ တိုက်ခိုက်မှုကြောင့် စက်တင်ဘာလအတွင်းမှာ ကလေးငယ် ၃ ယောက် အပါအဝင် အပြစ်မဲ့ အရပ်သား ၅ ဦး သေဆုံးပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့က ကြေညာချက် ထုတ်ပြန်ပါတယ်။
ယူကရိန်းနိုင်ငံ Kyiv ဒေသက Irpin မြို့မှာ စစ်ပွဲကြောင့် အဆောက်အအုံ ၇၀ ရာခိုင်နှုန်းကျော် ပျက်စီးခဲ့ပါတယ်။ အခု ရုရှားတို့ အဲဒီနေရာကနေ ပြန်ပြီး ဆုတ်ခွာသွားတဲ့အတွက် မြို့ကို ပြန်ပြီးတည်ဆောက်ဖို့ မြို့ခံတော်တော်များများ ပြည်ပကနေပြန်လာနေကြပါတယ်။ Anna Kosstutschenko သတင်းပေးပို့ထားပါတယ်။
ရုရှားသိမ်းပိုက် လေးမန်းမြို့ကို ယူကရိန်း ပြန်သိမ်းယူနိုင်လိုက်၊ မြောက်ကိုရီးယား ဒုံးကျည်ပစ်လွှတ်မှုကြောင့် ဒေသတွင်းတင်းမာမှုမြင့်၊ ထိုင်းနိုင်ငံမှာ အလုပ်ပြုတ်ရဲ ပစ်ခတ်မှုနဲ့ မူကြိုကလေးအများစုနဲ့ လူ ၃၀ ကျော် သေဆုံး၊ ဒီလို တပတ်အတွင်း နိုင်ငံတကာသတင်းတွေကို မအိသန့်စင်နဲ့ ကိုအောင်အောင်တို့ တင်ဆက်ထားပါတယ်။
စစ်တပ်ကကျောထောက်နောက်ခံပေးထားတဲ့ပါတီအဖြစ် အများကသတ်မှတ်ပြောဆိုထားတဲ့ အဓိကပါတီကြီးတခုဖြစ်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီတွင်းမှာ ထိပ်ပိုင်းခေါင်းဆောင် အပြောင်းအလဲလုပ်ဖို့ ပြင်ဆင်နေကြောင်း ပါတီနဲ့နီးစပ်သူတွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်