အမေရိကန်ပြည်ထောင်စုမှာ ကျောင်းလာတက်ရင်း ကွန်ပြူတာနဲ့ ဘွဲ့ရခဲ့ပေမယ့် စက်ပြင်လုပ်ငန်းကို ဝါသနာအရလုပ်ကိုင်ရင်း ကားပြင်ဆိုင် ဖွင့်ဖြစ်လာတာလို့ ကိုမင်းဂေါင်ထွန်းက ပြောပါတယ်။ မေရီလန်းပြည်နယ် ဘော်တီမိုးဧရိယာမှာဖွင့်လှစ်ထားတဲ့ မင်း ကားပြင်လုပ်ငန်းအကြောင်း ကိုအောင်အောင် စီစဉ်ရိုက်ကူးတင်ပြထားပါတယ်။
အခု ဒီမှာ ဖားကန့်မှာဆိုရင် ဆန်ဆိုရင်လည်း တစ်သိန်းဖြစ်နေပြီ။ ဆန်ကြမ်းနော် ဆန်ကြမ်း။ ရိုးရိုးဆန်ကြမ်း။ အဲဒါ တစ်သိန်းပေါက်နေပြီ။ ဓါတ်ဆီဆို ဟို တစ်လီတာမဟုတ်ဘဲနဲ့ ပုလင်းလေ အဲဒီ တစ်ပုလင်းဆို ၈၀၀၀- ၁၀၀၀၀ ဖြစ်သွားတယ်။ အရင်ကတော့ တစ်ပုလင်းကိုဆို ၃ထောင်ပေါ့။ ဆန် ဝယ်ချင်ပေမယ့်လည်း ဆန်ဝယ်လို့ မရဘူး။
အမေရိကန်ပြည်ထောင်စုမှာ သေနတ်ပစ်ခတ်မှုတွေ မကြာခဏဖြစ်ပွားလေ့ရှိပြီး ဖေဖေါ်ဝါရီ ၁၃ ရက်နေ့ကလည်း မီရှီဂန်တက္ကသိုလ်မှာ သေနတ်ပတ်ခတ်မှုကြောင့် လူ ၃ ဦးသေဆုံးသွားပါတယ်။ သေနတ်ပစ်ခတ်မှုကြောင့် လူသေဆုံးမှုတွေ အမြဲလိုလို ဖြစ်နေမှုနဲ့အမေရိကန်တွေရဲ့ နေ့စဉ်နေထိုင်မှုဘဝဘယ်လို အချိုးကျနေသလဲ၊ကိုအောင်အောင် တင်ပြပေးထားပါတယ်။
တရုတ်နိုင်ငံဟာယူကရိန်းကို တိုက်နေတဲ့ရုရှားနိုင်ငံကို လက်နက်ပေးပို့ဖို့စဉ်းစားကောင်း စဉ်းစားနေနိုင်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ ခုလအစောပိုင်းမှာ တရုတ်နိုင်ငံကမိုးပျံပူဖေါင်းကို အမေရိကန်ကပစ်ချလိုက်ပြီးနောက် တရုတ်အမေရိကန် ဆက်ဆံရေးကလည်း ပိုတင်းမာလာပါတယ်။ ကိုအောင်အောင် တင်ပြပေးပါမယ်။
ချင်းအမျိုးသားနေ့ကို ဝါရှင်တန်ဒီစီ နယ်မြေမှာ နေထိုင်ကြတဲ့ ချင်းလူမျိုးတွေစုပေါင်းပြီး ကျင်းပကြပါတယ်။ ကမ္ဘာတဝှမ်းရောက် ချင်းအမျိုးသားတွေဟာ သူ့ကျွန်ဘဝက လွတ်မြောက်တဲ့ အထိမ်းအမှတ်အနေနဲ့ ၁၉၄၈ ခုနှစ်ကတည်းက ချင်းအမျိုးသားနေ့ကျင်းပလာခဲ့တာ ၇၅ နှစ်တိုင်ခဲ့ပါပြီ။ ကိုအောင်အောင် ရိုက်ကူး တင်ပြပေးထားပါတယ်။
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်တွင်း ကျေးရွာတွေထဲ မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေအတွင်း နေအိမ်တွေမီးလောင်ကျွမ်းခဲ့ရသလို အရပ်သားတွေ သေဆုံးတာ ဖမ်ဆီးခေါ်ဆောင်ခံရတာတွေ ရှိခဲ့တယ်လို့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုမှာလေယာဉ်မှူး အရေအတွက် အလုံအလောက်မရှိတာကြောင့် လေကြောင်းလိုင်းတွေက လေယာဉ်မောင်းသင်တန်းကျောင်းတွေနဲ့ ချိတ်ဆက်ပြီး ဖြေရှင်းသလို လေကြောင်းလိုင်းပိုင်သင်တန်းတွေ ဖွင့်လှစ်ပြီးတော့လည်း လေယာဉ်မှုးသစ်တွေ မွေးထုတ်ဖို့ ဆောင်ရွက်လာပါတယ်။ ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
အမေရိကန်နဲ့ ကနေဒါနိုင်ငံတွေအပေါ် ဖြတ်ပျံသန်းတဲ့ အရာဝတ္ထု ၂ ခုကိုအမေရိကန် ဂျက်တိုက်လေယာဉ်တွေကပစ်ချခဲ့ပါတယ်။အပျက်အစီးအပိုင်းအစတွေကို စစ်ဆေးဖို့လိုပေမယ့် မကြာသေးခင်က ပစ်ချခဲ့တဲ့ တရုတ် မိုးပျံပူပေါင်းနဲ့ ဆင်တူဖြစ်ဖို့များတယ်လို့ထိပ်တန်း ဒီမိုကရက်အထက်လွှတ်တော်အမတ်တဦးက ပြောပါတယ်။ ကိုအောင်အောင် တင်ပြထားပါတယ်။
တရုတ်နိုင်ငံက ထောက်လှမ်းရေးအတွက် ရည်ရွယ်ပြီးလွှတ်တင်တယ်လို့သံသယရှိတဲ့ မိုးပျံပူဖောင်းကြီးကို အမေရိကန်ဘက်က ပစ်ချလိုက်ပြီး အဲဒီမိုးပျံပူပေါင်းမှာတပ်ဆင်ထားတဲ့ နည်းပညာဆိုင်ရာပစ္စည်းတွေကို အမေရိကန်က ဆယ်ယူ စစ်ဆေးနေပါတယ်။ အမေရိကန်တရုတ်ဆက်ဆံရေး အပေါ် ဘယ်လို အပြောင်းအလဲတွေဖြစ်စေမလဲ။ ကိုအောင်အောင်က တင်ပြထားပါတယ်
စစ်ကိုင်းတိုင်း ပုလဲမြို့နယ်မှာ မြန်မာစစ်တပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားရာမှာ၊ ကာကွယ်ရေးအဖွဲ့တွေဘက်က အကျအဆုံးတွေရှိသလို အရပ်သား ထိခိုက်သေဆုံးမှုလည်း ရှိနေပါတယ်။
မြန်မာနိုင်ငံ သမိုင်း တလျှောက်မှာ အထူးသဖြင့် အာဏာသိမ်းစစ်တပ်ကို ထိပ်ဆုံးက တွန်းလှန်တိုက်ခိုက်သူတွေက လူငယ်ကျောင်းသားတွေပါ။ အနာဂါတ်ပျောက်မှာကို မလိုလားတဲ့ လူငယ်တိုင်း လက်နက်ဆွဲကိုင်ကြရာမှာ အပူမီးကို ထပ်ဆင့်ရင်ဆိုင်ရသူတွေက မိခင်တွေပါ။ AFP သတင်းဆောင်းပါးကို အခြေခံပြီး ကိုအောင်အောင် တင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ရဲ တွေရဲ့ လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းတွေ ပြန်လည် သုံးသပ်ပြုပြင်ဖို့ တောင်းဆိုမှုတွေ အရှိန်မြင့်လာပါတယ်။ တန်နက်ဆီပြည်နယ် မန်းဖစ်စ်မှာ လူတဉီးကို ရဲ ၅ ယောက်က ဝိုင်းဝန်းရိုက်နှက်တဲ့ ဗီဒီယိုထွက်ပေါ်လာပြီးနောက် အခုလို ထပ်မံတောင်းဆိုလာကြတာပါ။ ကိုအောင်အောင် တင်ပြပေးမှာပါ။
မြန်မာနိုင်ငံမှာ အလုပ်သမားရေးဌာနက နိုင်ငံကူးလက်မှတ် ပတ်စ်ပို့စာအုပ်တွေ ထုတ်ပေးတာကို လက်တလော ရပ်နားထားပေမဲ့ ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီတွေဘက်က အလုပ်ကမ်းလှမ်းစာနဲ့ ပူးတွဲပြီး လျှောက်ထားလာမယ် ဆိုရင်တော့ နိုင်ငံကူးလက်မှတ် ထုတ်ပေးမယ်လို့ အလုပ်သမားရေးဌာနကက ပြောလိုက်ပါတယ်။
သမ္မတ Joe Biden ရော ၊ အရင်သမ္မတဟောင်း Donald Trump ၂ ယောက်လုံးအနေနဲ့ နိုင်ငံတော်လျှို့ဝှက်စာရွက်စာတမ်းတွေကို လုံခြုံဘေးရန်ကင်းအောင်မထိန်းသိမ်းခဲ့ဘူးဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သတ်လို့ အမေရိကန်တရားရေးဌာနက စုံစမ်းစစ်ဆေးနေပါတယ်။ VOA သတင်းထောက်ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင် တင်ပြပေးထားပါတယ်။
ချင်းပြည်နယ် ဟားခါးမြို့မှာ ပစ်ခတ်ခံရလို့ မြန်မာစစ်တပ်တပ်ဖွဲ့ဝင်တချို့ သေဆုံးခဲ့ပြီးနောက် အနီးအနားက ဒေသခံတွေ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရပြီး နေအိမ်တွေကို ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဟားခါး CDF (ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့) ကတော့ ဖမ်းဆီးခံရသူတွေဟာ သူတို့အဖွဲ့နဲ့မဆိုင်ဘူးလို့ ပြောပါတယ်။
အမေရိကန်ပြည်ထောင်စု အီလီနွိုက်ပြည်နယ်မှာ ကျည် တတောင့်ချင်း အလျင်အမြန် ဆက်တိုက်ပစ်ခတ်နိုင်တဲ့ သေနတ်အမျိုးအစားတွေ ရောင်းချခွင့် ပိတ်ပင်လိုက်ပါတယ်။ ရိုက်တာ သတင်းကို အခြေခံပြီး ကိုအောင်အောင် တင်ပြပေးထားပါတယ်။
အမေရိကန်သမ္မတ Joe Biden အနေနဲ့ လျှို့ဝှက် စာရွက်စာတမ်းတွေနဲ့ ပတ်သတ်ပြီး ထိန်းသိမ်းမှုပိုင်းမှာ အားနည်းခဲ့တယ်ဆိုပြီး အသစ်ကောက်ယူရရှိတဲ့ လူထုစစ်တမ်းတခုမှာ အမေရိကန် ၆၄ ရာခိုင်နှုန်းက သဘောထားပေးပါတယ်။ VOA သတင်းထောက် Veronica Balderas Iglesias ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင်တင်ပြပေးထားပါတယ်။
အိမ်ခြေရာမဲ့ပြဿနာကို ပြေလည်းတဲ့နည်းလမ်းတွေသုံးပြီး မဖြေရှင်းတာကြောင့် ကယ်လီဖိုးနီးယားပြည်နယ်မြောက်ပိုင်းက ဆန်ဖရန်စစ္စကိုမြို့ကို အိမ်ခြေမဲ့အရေး ဆောင်ရွက်သူတွေ က တရားစွဲလိုက်ပါတယ်။ အေပီသတင်းကို အခြေခံပြီး ကိုအောင်အောင် တင်ပြပေးထားပါတယ်။
အမေရိကန်အောက်လွှတ်တော်မှာ ဥက္ကဌအဖြစ် Kevin McCarthy ကို ရွေးချယ်တင်မြှောက်ပြီးနောက် ၁၁၈ကြိမ်မြောက် ကွန်ဂရက်စ်မှာရီပတ်ဗလစ်ကန်ပါတီဝင်တွေ သူတို့ရဲ့ဦးစားပေးလုပ်ငန်းဆောင်တာတွေ အကောင်အထည်ဖေါ်နိုင်အောင် စတင်ဆောင်ရွက်နေပါပြီ။VOAသတင်းထောက် Katherine Gypson ပေးပို့ထားတဲ့သတင်းကို ကိုအောင်အောင်တင်ပြပေးပါလိမ့်မယ်။
အမေရိကန်ပြည်ထောင်စုမှာ အသားအရောင်ခွဲခြားမှု တိုက်ဖျက်ရေးနဲ့ ပြည်သူ့အခွင့်အရေး လှုပ်ရှားမှုခေါင်းဆောင် မာတင်လူသားကင်းကို ဂုဏ်ပြုတဲ့ သီတင်းပတ်အတွင်းမှာပဲ သမ္မတ Joe Biden ဟာ နိုင်ငံတော် လျှို့ဝှက်မှတ်တမ်းတွေကို ဘယ်လို ကိုင်တွယ်ခဲ့သလဲဆိုတဲ့အပေါ် အသေးစိတ် စီစစ်တာတွေ ခံနေရပါတယ်။ ကိုအောင်အောင် တင်ပြပါလိမ့်မယ်
နောက်ထပ်ကြည့်ရှုရန်