အမေရိကန်သမ္မတသစ်ထရမ့်လက်ထက်မှာ တရုတ်ကိုတန်ပြန်လိုတာကြောင့် မြန်မာ့တော်လှန်ရေးဘက် ထောက်ခံမှုတိုးလာနိုင်ပေမဲ့ ဒီမိုကရေစီမြှင့်တင်ရေးက ဦးစားပေးမဟုတ်ဘူးလို့ ICG အဖွဲ့က သောမတ်စ်ကီးန်က ပြောပါတယ်။ ရှေ့လျှောက်မြန်မာ့အရေး အမေရိကန် ချဥ်းကပ်နိုင်တဲ့ အလားအလာတွေနဲ့ပတ်သက်ပြီး ကိုငြိမ်းချမ်းအေး မေးမြန်းထားပါတယ်။
ဈေးကွက်တည်ငြိမ်မှု ရှိစေဖို့ ၊ ရေနံထုတ်လုပ် ရောင်းချတဲ့နိုင်ငံတွေနဲ့ ဝယ်ယူတဲ့ နိုင်ငံတွေကြား တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ လိုနေပြီလို့ အိန္ဒိယနိုင်ငံက တိုက်တွန်းလိုက်တဲ့အကြောင်းနဲ့ တရုတ်နိုင်ငံ ဈေးကွက်မှာ နိုင်ငံခြား−ဘီယာတွေ ဝယ်ယူသောက်သုံးမှု လျော့ကျလာတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
နိုဝင်ဘာ ၅ ရက်နေ့ ကျင်းပတဲ့ ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်ပါတီက အမေရိကန် အထက်လွှတ်တော်နေရာ အများစုကို ရသွားပါတယ်။ ဒီရလဒ်ဟာ ရွေးကောက်ခံ သမ္မတ Donald Trump တာဝန်ယူတဲ့အချိန် ဥပဒေပြုရေး ကိစ္စတွေ အောင်မြင်ဖို့အတွက် ပိုပြီးလွယ်ကူသွားစေပါလိမ့်မယ်။ Katherine Gypson ရဲ့သတင်းကို ကိုငြိမ်းချမ်းက ပြောပြမှာပါ။
အခုဆက်လက်ပြီး ကမ္ဘာ့မီဒီယာတွေမှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဘယ်လိုများ သုံးသပ်ရေးသားနေကြသလဲဆိုတာ ကြည့်ကြရအောင်ပါ။ ဦးကျော်ဇံသာက မူရင်းအသုံးအနှုံး နဲ့ မူရင်းအာဘော် အတိုင်း ထုတ်နုတ်ပြောပြထားပါတယ်။
ရေကြီးဒဏ်ခံရအပြီး စိတ်ပိုင်းဆိုင်ရာ အကျိုးဆက် ထိခိုက်မှု ရှိနိုင်ပါလား၊ ဘာကြောင့်ပါလဲ၊ ဘယ်လိုခံစားရနိုင်ပါလဲ။ မြန်မာနိုင်ငံထဲ မိုးကြီးရေကြီးမူဒဏ် ပြင်းပြင်းထန်ထန် ကြုံခဲ့ရချိန်မှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်သက်ရောက်မှုတွေလည်း ခံစားရနိုင်တယ်လို့ စိတ်ကျန်းမာရေးပညာရှင်တွေက ထောက်ပြနေတယ်။
ကရင်၊ ဖာပွန်ခရိုင်ထဲက ခေါပုတ်စခန်းကို သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်သား ၁၇ ယောက်ကို ဖမ်းဆီးရမိထားတယ်လို့ KNU က ထုတ်ပြန်၊ ရခိုင် အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ရဲ့ အရေးအကြီးဆုံးတပ်ကို လေကြောင်းထိုး စစ်ဆင်မှု၊ အင်အားတိုးချနေတဲ့ကြားနေပဲ အာရက္ခတပ်တော် AA က သိမ်းပိုက်၊ စသည်
အင်ဒိုနီးရှားရဲ့ မြို့တော်အသစ်ကို ဘော်နီယိုကျွန်းပေါ်မှာ ဒေါ်လာ ၃၂ ဘီလီယံ အကုန်ကျခံပြီး စတင်ဆောက်လုပ်နေပါပြီ။ ဒါပေမယ့် မြို့တော်သစ်အတွက် နေအိမ်တွေကနေ အပြောင်းရွှေ့ခံရသူ တချို့ကတော့ အခုလို အမြန်ဆောက်လုပ်နေတာကို စိုးရိမ်နေကြတာပါ။ ဒီအကြောင်း ဒေါ်ခင်မျိုးသက် ပြောပြထားပါတယ်။
နိုဝင်ဘာ ရ၊ ၂၀၂၄ ။ ရေကြီးဒဏ်ခံရအပြီး စိတ်ပိုင်းဆိုင်ရာ အကျိုးဆက် ထိခိုက်မှု ရှိနိုင်ပါလား။ ဘာကြောင့်ပါလဲ၊ ဘယ်လိုခံစားရနိုင်ပါလဲ။
ဦးအောင်ခင်ရဲ့မြန်မာ့အရေးသုံးသပ်ချက် - မြန်မာပြည်မှာ စစ်လက်နက်ပစ္စည်းပြန့်နှံ့အောင်လုပ်သူတွေထဲမှာ တရုတ်စစ်တပ်ဟာ အဓိကပါဝင်ပါတယ်။ တရုတ်ပြည်တွင်းစစ်မှာ အရေးနိမ့်သွားတဲ့ တရုတ်ဖြူတပ်တွေနဲ့ တရုတ်ကွန်မြူနစ်အစိုးရကြောင့် လက်နက်ပြန့်ပွားလာပုံကို ဦးအောင်ခင်က တင်ပြထားပါတယ်။
ချီလီနိုင်ငံမှာ ကွန်ပျူတာနဲ့ ထိန်းချုပ်ပြီး ဒစ်ဂျစ်တယ်နည်းပညာကို အခြေခံထားတဲ့ ကွန်ကရစ် အလွှာအထပ်ထပ်လောင်းပေးတဲ့ AI ဉာဏ်ရည်တု ပုံနှိပ်စက်ရုပ်ကို ချီလီ တက္ကသိုလ်အဖွဲ့တဖွဲ့က အသုံးပြုဆောက်လုပ်နေပါတယ်။ ဒီစက်သုံးပြီး တည်ဆောက်ထားတဲ့ အိမ်ဟာ လက်တင်အမေရိကနိုင်ငံရဲ့ ပထမဦးဆုံး 3D ကွန်ကရစ်လောင်းအိမ် ဖြစ်ပါတယ်။
၂၀၂၄ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ရီပါပလင်ကန် သမ္မတလောင်း Donald Trump ဦးဆောင်မယ့် အစိုးရသစ်လက်ထက်မှာ မြန်မာစစ်ကောင်စီလို အာဏာရှင် အစိုးရမျိုးတွေအပေါ် ထိရောက်ပြတ်သားတဲ့ အရေးယူပိတ်ဆို့မှုတွေ ရှိလာဖို့ မျှော်လင့်ထားကြောင်း NUG သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇော်က ဗွီအိုအေကိုပြောပါတယ်။
အာကာသထဲမှာ လူသားတွေနေထိုင်နိုင်ဖို့ ဖြစ်နိုင်မဖြစ်နိုင် စူးစမ်းနေကြတဲ့ ဂျပန်သိပ္ပံပညာရှင်တွေဟာ တာရှည်ခံသစ်သားနဲ့ ဂြိုဟ်တုသေးလေးတည်ဆောက်ပြီး အမေရိကန်ပြည်ထောင်စု နာဆာရဲ့ ကနေဒီ အာကာသစခန်းကနေ အာကာသထဲကို ၂၀၂၄၊ နိုဝင်ဘာလ ၄ ရက်နေ့က ဒုံးပျံယာဉ်ထဲထည့် လွှတ်တင်လိုက်ကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။