Tesla ကုမ္ပဏီက စတီယာတိုင်နဲ့ ဘရိတ်မပါတဲ့ မောင်းသူမဲ့တက္ကစီကို မိတ်ဆက်လိုက်ပါပြီ။ ဒေါ်လာသုံးသောင်းအောက်တန်ဖိုးရှိမယ့် ဒီကားကို ၂၀၂၆ မှာ ထုတ်လုပ်မှာဖြစ်ပြီး ကားပိုင်ရှင်တွေအတွက် ဝင်ငွေရလမ်းတစ်ခုလည်း ဖြစ်မယ်လို့ ကုမ္ပဏီအကြီးအကဲ Elon Musk က ကတိပေးထားပါတယ်။ ရိုက်တာသတင်းကို ကိုဝင်းခန့်မောင်တင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ အိမ်ခြေမဲ့ သိန်းနဲ့ ချီရှိနေပြီး တော်တော်များများဟာ အများပြည်သူသွားလာရာနေရာတွေမှာ နေထိုင်ကြတာပါ။ အခုအခါမှာ တနိုင်ငံလုံးက အဲဒီအိမ်ခြေမဲ့တွေကို ဖယ်ရှား ဖို့ အမေရိကန်တရားရုံးချုပ်က ခွင့်ပြုလိုက်ပါပြီ။ ကိုအောင်အောင် စုစည်းတင်ပြထားပါတယ်။
တောင်ကိုရီးယား Hyundai ကုမ္ပဏီက အိန္ဒိယမှာ မော်တော်ကား ဖက်စပ်ထုတ်နေတဲ့ လုပ်ငန်းထဲက ဒေါ်လာ(၃)ဘီလျံကျော်ကို အများပြည်သူ ဝယ်ယူနိုင်မယ့် အစုရှယ်ယာအဖြစ် ထုတ်ရောင်းတော့မယ်လို့ ကြေညာလိုက်တဲ့အကြောင်းနဲ့ အရှေ့အလယ်ပိုင်းဒေသမှာ ဓါတ်ဆီလောင်စာဈေးတွေလည်း တက်လာလိမ့်မယ်လို့ ခန့်မှန်းနေတဲ့အကြောင်း တင်ပြထားပါတယ်။
မုန်တိုင်းကြောင့် အပြင်းထန်ဆုံး ထိခိုက်ပျက်ဆီးခဲ့တဲ့ မြို့တွေထဲမှာ မြန်မာနွယ်ဖွား မိသားစုတွေ ဒါဇင်နဲ့ချီနေထိုင်တဲ့ Sarasota မြို့လည်း ပါဝင်ပါတယ်။ အရေးပေါ် ဆက်သွယ်ဖို့ လက်ကိုင်ဖုန်း Battery အား မကုန်အောင် သတိထားနေရတဲ့ အကြောင်း Sarasota မြို့ခံတယောက်ဖြစ်တဲ့ ဦးသန်းနိုင်က VOA ကို ပြောပါတယ်။
Artificial Intelligence – AI ဉာဏ်ရည်တု ဆိုတာဟာ စက်တွေ၊ ဆော့ဖ်ဝဲလ် မော်ဒယ်တွေမှာ ရှိတဲ့ အသိဉာဏ်၊ စွမ်းဆောင်နိုင်တဲ့ မှတ်ဉာဏ်မျိုး လို့ IT နည်းပညာရှင် ဒေါက်တာရဲကျော်သူက ပြောပါတယ်။ ဒီတပတ်မှာတော့ စက်တွေ တုပနိုင်အောင် သုတေသနလုပ်နေတဲ့ ဉာဏ်ရည် နယ်ပယ် ၈ မျိုးအကြောင်း ဒေါ်ခင်မျိုးသက်က မေးမြန်းတင်ပြထားပါတယ်။
အညာဒေသက စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ၊ စစ်ဘေးရှောင်တွေနဲ့ နိုင်ငံတဝန်းက CDM တွေအတွက် လိုအပ်တဲ့ အကူအညီတွေကို ရေရှည် ထောက်ပံ့ ကူညီဖို့ တပ်ပေါင်းစုချီ အညာထီကို စတင်ဖြစ်ခဲ့တယ်လို့ ဦးဆောင် စီစဥ်သူတဦးဖြစ်တဲ့ မနီနီလှိုင်က ပြောပါတယ်။
ဂါဇာမှာ စစ်ပွဲတွေဖြစ်လာတာ တနှစ်နီးပါးရှိလာတဲ့ အချိန်မှာပဲ တိုက်ပွဲတွေအတွင်း နေအိမ်ပျက်စီးဆုံးရှုံးခဲ့ရသူတွေအတွက် ဘေးကင်းရေးလုံခြုံရေးနဲ့ အခြေခံလိုအပ်ချက်တွေရဖို့ လိုအပ်နေတာပါ။
မြန်မာမှာ မိုးကြီးရေကြီးတာကြောင့်၊ ဖြစ်လာနိုင်တဲ့ ကူးစက်ရောဂါတွေကနေ ကာကွယ်ရေး လုပ်သင့်တာတွေနဲ့ မလုပ်သင့်တာတွေရှိတယ်လို့ ကျန်းမာရေးပညာရှင်တွေက အကြံပြုပါတယ်။ ဒီအကြောင်း နယူးယောက်မြို့က ကူးစက်ရောဂါအထူးကု ဒေါက်တာဇေယျာသက်ကို ကိုဝင်းမင်းက မေးထားပါတယ်။
ကချင်ပြည်နယ် ဖားကန့်မြို့၊ ဆိုင်းတောင်ရွာရှိ စစ်ကောင်စီက တပ်စွဲထားတဲ့ Lucky Man ဟိုတယ် နေရာကို KIA နဲ့ ပူးပေါင်းအဖွဲ့က သိမ်းပိုက်ခဲ့၊ ကရင်နီပြည်နဲ့ ရှမ်း-ကရင်နီအစပ် ဒေသထဲက ရေကြီးရေလျှံမှုတွေကြောင့် ကရင်နီတပ်တွေက စစ်ရေးလှုပ်ရှားမှု ရပ်ဆိုင်းထားပြီး ကူညီကယ်ဆယ်ရေးတွေ အဓိက လုပ်ဆောင်၊ စသည်
အခုဆက်လက်ပြီး ကမ္ဘာ့မီဒီယာတွေမှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဘယ်လိုများ သုံးသပ်ရေးသားနေကြသလဲဆိုတာ ကြည့်ကြရအောင်ပါ။ ဦးကျော်ဇံသာက မူရင်းအသုံးအနှုံး နဲ့ မူရင်းအာဘော် အတိုင်း ထုတ်နုတ်ပြောပြထားပါတယ်။
စပိန်နိုင်ငံက ကမ္ဘာကျော်တင်းနစ်ကစားသမား ရာဖဲလ်နဒါးလ် တင်းနစ်ကစားတာကနေ အနားယူတော့မယ်လို့ ဒီနေ့ပဲ ကြေညာလိုက်ပါတယ်။ ဒီနှစ်ကျင်းပမယ့် Davis ဖလား တင်းနစ်ပြိုင်ပွဲအပြီးမှာ တင်းနစ်ကစားသမားဘဝကနေ အနားယူတော့မှာဖြစ်တယ်လို့ သူက ပြောပါတယ်။
အောက်တိုဘာ ၁၀၊ ၂၀၂၄ - ရေကြီးပြီး ဖြစ်လာနိုင်တဲ့ ကူးစက်ရောဂါတွေကနေ ကာကွယ်ရေးအတွက် လုပ်သင့်တာနဲ့ မလုပ်သင့်တာ ဘာတွေရှိပါလဲ။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။