နယ်ချဲ့ဗြိတိသျှရဲ့ သွေးခွဲစနစ်ကြောင့်လို့ တစိတ်တဒေသအားဖြင့် ပြောနိုင်ပြီး စစ်အာဏာရှင်စနစ်အောက် ပိုမိုနက်ရှိုင်းကျယ်ပြန့်လာတဲ့ လူမျိုးစုပြဿနာဟာ မြန်မာနိုင်ငံအနာဂတ်အတွက် ဘယ်လောက်အရေးကြီးပါသလဲ။ စစ်အာဏာရှင်စနစ် လွန်မြောက်ခဲ့ရင်ကော အလားအလာ ဘယ်လို ဖြစ်လာနိုင်ပါသလဲ။
တချိန်က ဆန်စပါး ထုတ်လုပ်ရောင်းချရာမှာ ကမ္ဘာ့ထိပ်တန်းနိုင်ငံဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံဟာ တဖြည်းဖြည်း ကျဆင်းလာရာက မနှစ်ကဆိုရင် ဆန်ကွဲတွေကို အဓိကထား ရောင်းရတဲ့အဆင့်ကို ရောက်သွားပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ကိုခင်မောင်စိုးမင်း က အခုလို စုစည်းတင်ဆက်ထားပါတယ်။
ကိုရီးယားဇတ်လမ်းတွဲတွေ၊ K-Pop ဂီတတွေကြောင့် တောင်ကိုရီးယားနိုင်ငံကို သွားလည်ချင်သူတွေ တနေ့တခြား ပိုများလာနေပါတယ်။ အဲဒီလို ကမ္ဘာလှည့်ဧည့်သည်တွေအတွက် ကိုရီးယားခရီးသွားလုပ်ငန်းတွေ ဘယ်လိုပြင်ဆင် ကြိုဆိုနေသလဲဆိုတာ မစုမြတ်မွန်နဲ့အတူ တောင်ကိုရီးယားသွားပြီး လေ့လာရအောင်ပါ။
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ဟာ သမ္မတ အိမ်ဖြူတော်ကို တနင်္လာနေ့က ပြန်ရောက်တာနဲ့ လူဝင်မှုကြီးကြပ်ရေးကိစ္စကနေ စွမ်းအင်ဖွံ့ဖြိုးမှု ကိစ္စအထိ သမ္မတ အမိန့်တွေ အမြောက်အမြားထုတ်ပြန်ခဲ့ပါတယ်။ သူ့ရဲ့ ကျမ်းကျိန် မိန့်ခွန်းမှာလည်း အမေရိကန် နယ်မြေတွေကို အင်္ဂါဂြိုလ်အထိ ချဲ့ထွင်မယ်လို့ ကတိပေးခဲ့ပါတယ်။
LA တောမီးကို ငြှိမ်းသတ်ရေးမှာ အကျဉ်းသားတွေလည်း အားဖြည့်ကူညီသလို စိတ်ဖိစီးမှုတွေ ပြေလျော့ဖို့ ကြိုးစားပေးတဲ့ ခွေးတပ်သားလေးလည်းရှိပါတယ်။ ဆမ်ဆောင်းရေခဲသေတ္တာသစ်ကတော့ ဘာဟင်းချက်ရင်ကောင်းမလဲ အကြံပေးတတ်တာပါ။ ဒီလိုဆိုရှယ်မီဒီယာပေါ်မှာ လူကြည့်များတဲ့ သတင်းတိုလေးတွေကို မအေးသန္တာကျော် စုစည်းတင်ဆက်ထားပါတယ်။
သီရိလင်္ကာသမ္မတတရုတ်ပြည်သွားရောက်ခဲ့ပြီးနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးတိုးမြှင့်။တရုတ်ကအလွန်ကြီးမားတဲ့ကမ်းခြေစောင့်သင်္ဘောထပ်မံစေလွှတ်ခဲ့တဲ့အတွက်ဖိလစ်ပိုင်နဲ့တင်းမာမှုတွေတိုး။ဂျပန်နိုင်ငံခြားရေးဝန်ကြီးကဖိလစ်ပိုင်ပင်လယ်ပြင်လုံခြုံရေးကူညီသွားမယ်လို့ပြောပါတယ်။ ကိုဇော်မိုးကျော်ကတင်ပြထားပါတယ်။
သမ္မတ Donald Trump လက်ထက်မှာ အမေရိက ပထမဆိုတဲ့ ကြွေးကြော်သံအတိုင်း အစိုးရအနေနဲ့ အမေရိကန်လူထုအပေါ် ပိုပြီး ကြည့်ရှုစောင့်ရှောက်စေလိုတယ်လို့ ရွေးကောက်ပွဲမှာ Donald Trump အနိုင်ရရေး ပါဝင်ကြိုးပမ်းခဲ့သူတွေက ပြောပါတယ်။
သမ္မတ Trump ဟာ သူ့ရဲ့ ၄၇ ဦးမြောက်သမ္မတအဖြစ် ပထမဆုံးမိန့်ခွန်းမှာပဲ အမေရိကန်ပဓာန ဆိုတဲ့ အယူအဆကို အခြေခံပြီး၊ အမေရိကန်ရွှေခေတ်ပြန်ရောက်ရမယ်ဆိုပြီး ကြုံးဝါးပြောဆိုခဲ့ပါတယ်။ လူဝင်မှုကြီးကြပ်ရေးတင်းကြပ်မှုတွေကို ပထမဆုံးနေ့မှာပဲ စတင် အရေးယူဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
Los Angeles မှာလောင်ကျွမ်းတဲ့မီးတွေထဲမှာ အဆိုးဆုံးမီးတခုဖြစ်တဲ့ Eaton Fire (အီတင်) မီးကို ကိုယ်တိုင် မြင်တွေ့ကြုံခဲ့ရတဲ့ Monrovia မြို့က မနီနီရဲ့ အတွေ့အကြုံတွေကို မစုမြတ်မွန်က လူမှုရှုခင်းမှာ တင်ပြထားပါတယ်။
ကမ္ဘာကျော် ပေါ့အဆိုတော် Taylor Swift တရုတ်ပြည်ရှန်ဟိုင်းမြို့မှာ ဖျော်ဖြေဖို့ ဆွေးနွေးနေပါတယ်။ BTS အဖွဲ့က J-Hope ကတော့ တကိုယ်တော် ဖျော်ဖြေရေးထွက်မှာပါ။ ဒီလို နိုင်ငံတကာမှာ ထင်ပေါ်ကျော်ကြား သူတွေနဲ့ အနုပညာလောကက သတင်းတိုတိုထွာထွာတွေကို သက်တံရောင်သတင်းလွှာအစီအစဉ်မှာ မအေးသန္တာကျော် တင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံမှာ ဘတ်ဂျက်လိုငွေပြမှုတိုးလာတဲ့ တချိန်တည်းမှာဘဲ ပြည်တွင်း အသားတင် ထုတ်လုပ်မှုကလည်း ကျသွားမယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။ လူထုရဲ့ လူနေမှု အဆင့်အတန်း ထပ်ပြီး ကျဆင်းသွားနိုင်တယ်လို့လည်း သုံးသပ်ကြပါတယ်။ ဒီသီတင်းပတ် စီးပွားရေး အစီအစဉ်မှာ မသိင်္ဂီထိုက် တင်ပြထားပါတယ်။
ဒီကနေ့ ဇန်နဝါရီ ၂၀ ရက်နေ့မှာ ရွေးကောက်ခံ သမ္မတ Donald Trump တာဝန်ထမ်းဆောင်ဖို့ ကျမ်းသစ္စာကျိန်ဆိုပွဲ အထူး အစီအစဥ်အနေနဲ့ တင်ဆက်ပေးမှာပါ။ သူအနေနဲ့ သမ္မတတာဝန် စတင် ယူပြီးနောက် ဘယ်လို မူဝါဒတွေ စတင် အကောင်အထည်ဖေါ်မလဲ ဆိုတာတွေနဲ့ ပတ်သက်ပြီး ကိုအောင်အောင်ကို ဆက်သွယ်မေးမြန်းတင်ပြပါမယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။