ကမ္ဘာမှာ ဘိန်းအများဆုံးထုတ်တဲ့နိုင်ငံအဖြစ် သတ်မှတ်ခံရတဲ့ မြန်မာမှာ အခုအခါ နေရာအနှံ့ မှုးယစ်ဆေးပြားတွေ အလွယ်တကူဝယ်ယူရရှိနေပြီး လူငယ်အများအပြား ဆေးစွဲနေကြပါတယ်။ ဒီလိုအခြေအနေကြားကနေ ရန်ကုန်မြို့ လူငယ်မူးယစ်ဆေးဖြတ် ပြန်လည်ထူထောင်ရေးစခန်း တခုအကြောင်း AFP သတင်းကို ကိုခင်မောင်စိုးမင်း ပြောပြပေးပါမယ်။
မျိုးဆက်သစ်နဲ့ ဒရုန်းခေတ် I ဦးအောင်ခင်ရဲ့မြန်မာ့အရေးသုံးသပ်ချက် - နွေဦးတော်လှန်ရေးဟာ လက်နက်ကိုင်တဲ့ ဉာဏ်ပညာတော်လှန်ရေး ဖြစ်ပါတယ်။ ဒါကြောင့် အတတ်ပညာသုံးတဲ့ စစ်လက်နက်တွေဟာ အရေးပါလာပါတယ်။ မျိုးဆက်သစ်တွေ အသုံးပြုတဲ့ ဒရုန်းစစ်ဆင်ရေးအကြောင်း ဦးအောင်ခင်က တင်ပြထားပါတယ်။
ဇန်နဝါရီ ၉၊ ၂၀၂၅ - တီဘီရောဂါ ပြင်းပြင်းထန်ထန် ဆက်မဖြစ်ရအောင် ဘယ်လို ကာကွယ်လုပ်ဆောင်သင့်ပါလဲ။
ဆီးရီးယားအာဏာရှင် အာဆတ်ကို ဖြုတ်ချခဲ့တဲ့ HTS သူပုန်တပ်ဖွဲ့က 'အာဆတ်' လက်ထက်မှာ ဝင်ငွေအများဆုံး ရှာပေးခဲ့တဲ့ တရားမဝင် မူးယစ်ဆေးဝါးထုတ် စက်ရုံကြီးတခုကို ဖျက်သိမ်းလိုက်ပါတယ်။ ဒီအကြောင်း Joan Cabasés Vega ပေးပို့တဲ့ သတင်းကို ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။
ကမ္ဘာပေါ်မှာ လူလာအများဆုံး ဟာဘင်းရေခဲပွဲတော်မှာ ဒီနှစ် စံချိန်တင်ရေခဲပမာဏကို အသုံးပြု ဖန်တီးထားပါတယ်။ နှစ်သစ်ကူးည အပျော်ပစ်လွှတ်ထဲမီးပန်းကနေ မဖောက်ရသေးတဲ့ ပုံးအသစ်ထဲကျပြီး ပေါက်ကွဲလို့ လူ ၃ ဦး သေဆုံးသွားပါတယ်။ ဒီလို ဆိုရှယ်မီဒီယာပေါ်မှာ လူကြည့်များတဲ့ သတင်းတွေကို မအေးသန္တာကျော် စုစည်းတင်ဆက်ထားပါတယ်။
ရွေးကောက်ခံသမ္မတ Donald Trump က အမေရိကန်အစိုးရအသုံးစရိတ်တွေ လျှော့ချမယ့်အစီအစဉ်ကို အကောင်အထည်ဖေါ်မယ့် DOGE ခေါ် ဌာနတခုဖွဲ့ဖို့ အဆိုပြုထားပါတယ်၊။ အရင်တုန်းကတည်းက အခုလို အစိုးရစားရိတ်လျှော့ချဖို့ဆိုတာမျိုး ကြိုးပမ်းခဲ့ဖူးပါတယ်။ VOA သတင်းထောက် Dora Mekouar ရဲ့သတင်းကို ကိုအောင်အောင် တင်ပြထားပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလဆန်းက ဆီးရီးယားသမ္မတဟောင်း ဘာရှားအယ်လ်အာဆတ် ပြုတ်ကျသွားပြီး နိုင်ငံကထွက်ခွာပြီးတဲ့နောက်ပိုင်း ပထမဆုံးနိုင်ငံတကာ ခရီးသည်လေကြောင်းခရီးစဉ်တစ်ခု ကာတာနိုင်ငံကနေ ဒမားစကတ်လေဆိပ်သို့ ဆိုက်ရောက်လာခဲ့ပါတယ်။
ကမ္ဘာကျော်ဘောလုံးသမားမက်ဆီနဲ့ အမေရိကန်က နာမည်ကြီး ဘတ်စကတ်ဘောကစားသမားဟောင်း မက်ဂျစ်ဂျွန်ဆင်တို့ အမေရိကန်နိုင်ငံမှာ အရပ်သားတွေကိုပေးတဲ့ အဆင့်အမြင့်ဆုံးဆုကို ရရှိခဲ့ကြပါတယ်။ ပြင်သစ်နည်းပြက လာမယ့် ကမ္ဘာ့ဖလားအပြီးမှာ နည်းပြအဖြစ်ကနေ ထွက်တော့မယ်လို့ကြေညာလိုက်ပါတယ်။ စတဲ့ တပတ်အတွင်းအားကစားသတင်းများ
၁၀၂၇ စစ်ဆင်ရေးတုန်းက မသိကျိုးကျွံပြုနေခဲ့တဲ့ တရုတ်ဟာ အခုအခါ တိုင်းရင်းသားအင်အားစုတွေကို အတိုက်ရပ်ခိုင်းပြီး စစ်ကောင်စီကို တဖက်သတ် အားပေးလာတာ ဘာကြောင့်လဲ။ တိုင်းရင်းသားတပ်ဖွဲ့တွေကို လုံးဝ စွန့်လွှတ်လိုက်တဲ့ သဘောလား။ အယ်ဒီတာနဲ့ ဆွေးနွေးခန်းမှာ ဦးကျော်ဇံသာ ကို မမြသဇင်အောင်က မေးမြန်းဆွေးနွေးထားပါတယ်။
ခေတ်သစ် အမေရိကန်သမိုင်းမှာ တောင်သူလယ်သမားကနေ သမ္မတဖြစ်လာသူဆိုလို့ ဂျင်မီကာတာ တဦးသာရှိပါတယ်။ အခု ဂျင်မီကာတာ ရဲ့ တောင်သူလယ်သမားဘဝ အကြောင်းကို ကိုခင်မောင်စိုးမင်း က ပြောပြပါလိမ့်မယ်။
တောင်အာဖရိကနိုင်ငံ Cape Town မြို့က Mount Nelson ဟိုတယ်ဟာ သက်တမ်း ၁၂၅ နှစ်ကျော်နေပြီဖြစ်ပေမဲ့ အခုထိ ဧည့်သည်တွေကို ဆွဲဆောင်ထားနိုင်ပါတယ်။ လက်ဖက်ရည်ကို ကိုယ့်စိတ်ကြိုက် အရသာနှပ်ပေးတာကအစ လိုလေသေးမရှိ ပြင်ဆင်ထားတဲ့ ကြယ် ၅ ပွင့်ဟိုတယ်ကို မစုမြတ်မွန်နဲ့အတူ ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ လေ့လာကြရအောင်ပါ။
Donald Trump သမ္မတ ဖြစ်လာပြီးရင်ကော အမေရိကန်အနေနဲ့ မြန်မာအပေါ် တရုတ်လွှမ်းမိုးလာတာကို တန်ပြန်နိုင်ဖွယ် ရှိပါသလား။ ဒီတပတ် အယ်ီဒတာနဲ့ ဆွေးနွေးခန်းအစီအစဉ်မှာ ဦးကျော်ဇံသာ ကို မမြသဇင်အောင်က မေးမြန်းဆွေးနွေးထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။