ဗီယက်နမ်နိုင်ငံမှာ တိုက်ဖုန်းမုန်တိုင်း တိုက်ခတ်သွားပြီးနောက် မြစ်ဖြတ်တံတားကြီး ရုတ်တရက်ကျိုးကျတာကို တံတားမကျိုးခင်လေးပဲ ကံသီပြီးလွတ်သွားတဲ့ ကား လုံခြုံရေးကင်မရာကနေ ရိုက်ကူးထားတဲ့ ဗွီဒီယိုပုံရိပ်မှာ တွေ့ရပါတယ်။
ဂါဇာကမ်းမြှောင်ဒေသ အပစ်အခတ်ရပ်စဲရေးနဲ့ ဖမ်းဆီးခံထားရတဲ့ အစ္စရေးဓါးစာခံတွေပြန်လွတ်မြောက်ရေးအတွက် တွေ့ဆုံညှိနှိုင်းမှုတွေ ဆက်လုပ်နေချိန်မှာပဲ အမေရိကန်အစိုးရအနေနဲ့ အောက်တိုဘာ ၇ ရက်တိုက်ခိုက်မှုနဲ့ဆက်နွယ်တဲ့ ဟားမစ်ထိပ်တန်းခေါင်းဆောင် ၆ ဦးကို စွဲချက်တင်ထားတာတွေကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ရွေးကောက်ပွဲ ကျင်းပဖို့ သတင်းပတ် ၈ ပတ်အလို ကျင်းပတဲ့ စကားစစ်ထိုးပွဲမှာ စီးပွားရေး၊ လူဝင်မှုကြီးကြပ်ရေးနဲ့ သန္ဓေသားဖျက်ချခွင့်လို ပြည်တွင်း နိုင်ငံရေးကိစ္စတွေအပြင်၊ ယူကရိန်းကို အကူအညီပေးရေးနဲ့ အရှေ့အလယ်ပိုင်းအရေးကိစ္စတွေ အဓိက လွှမ်းမိုးမယ်လိမ့်မယ်လို့ မြန်မာနွယ်ဖွား အမေရိကန်တွေက ခန့်မှန်းထားပါတယ်။
စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေ အသက်ဝင်ပြီးနောက်ပိုင်း ပြည်သူတွေ ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ လူမှုစီးပွား အခြေအနေကို ISP-Myanmar ရဲ့ Research Network အစီအစဉ်ကနေ သုတေသနပြု စစ်တမ်းကောက်ယူ လေ့လာခဲ့ပါတယ်။ ဒီတပတ် အပိုင်း-၁ အနေနဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေရဲ့ နောက်ဆက်တွဲဂယက်တွေကို တင်ပြပါမယ်။
စိန်ခေါ်မှုတွေ နဲ့ရင်ဆိုင်နေရတဲ့ ဒုက္ခသည်စခန်းထဲကအခက်အခဲတွေ၊ အသက်နဲ့ရင်းပြီး ပင်လယ်ဖြတ်ကျော် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ရိုဟင်ဂျာညီအမတွေအတွက် နိုင်ငံတကာနဲ့ မြန်မာနိုင်ငံတဝန်း က Sisters 2 Sisters အဖွဲ့ကနေ တော်လှန်ညီအမတွေက စိတ်ခွန်အားပေးတဲ့ပေးစာလေးတွေပေးပို့ပြီး အားပေးနေကြပါတယ်။
ရွှေလီမြို့ နိုင်ငံတော်လုံခြုံရေးကော်မတီက တအာန်းတပ် (TNLA) ဆီကို တိုက်ပွဲတွေချက်ချင်းရပ်ဖို့၊ မရပ်ရင် ဆုံးမအရေးယူမယ်လို့ ခြိမ်းခြောက်တဲ့ စာတစ်စောင်ကို ပြီးခဲ့တဲ့ ဩဂုတ်လ ၂၉ ရက်နေ့ရက်စွဲနဲ့ပေးပို့ခဲ့တာတွေ့ရပါတယ်။ ဒီစာအပေါ်မှာ တော်လှန်ရေးအင်အားစုတွေ၊ မြန်မာပြည်သူတွေက ဘယ်လိုတုံ့ပြန်ခဲ့ကြသလဲ။
ဒီအပတ် နော်သဇင်က ဂျာမနီမှာ သူ အကြိုက်ဆုံးဒေသဖြစ်တဲ့ ပြည်နယ်ဖြစ်တဲ့ ဘာယန်းပြည်နယ်ကို ခေါ်သွားပါတယ်။ ဘာယန်းပြည်နယ် မြောက်ပိုင်း မြူဆန်းမြို့မှာ ၄နှစ်တစ်ခါပဲညကျင်းပတဲ့ ဂျာမန်ရိုးရာ နွားရိုင်းစီးချန်ပီယံပြိုင်ပွဲကို နော်သဇင်နဲ့အတူ သွားကြည့်ကြရအောင်ပါ။
သဘာဝဘေးဒဏ်တွေကြောင့် အနာဂတ်မျိုးဆက်တွေရဲ့ ဘဝရှင်သန်ရပ်တည်နိုင်ရေး စိုးရိမ်သံတွေတိုးလာချိန်မှာ လူဝံမျိုးနွယ်တွေကို လေ့လာသူ Jane Goodall ကတော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကမ္ဘာတဝန်းကလူငယ်တွေကိုယ်တိုင် အကောင်အထည်ဖော်နိုင်အောင်ကြိုးပမ်းနေပါတယ်။ဥတုရာသီနဲ့အနာဂတ်ကမ္ဘာ အစီအစဥ်မှာ နန်းလောင်ဝ်က တင်ပြထားပါတယ်။
ဥတုရာသီပြောင်းလဲမှုပြီးရင် သဘာဝပတ်ဝန်းကျင်ကိုထိခိုက်ပျက်စီးစေတဲ့နောက်ထပ်အကြောင်းအရာကတော့ ကျူးကျော်မျိုးစိတ်ပြဿနာပါ။ ဒါကြောင့်လည်း အစိုးရနဲ့ ဒေသအာဏာပိုင်တွေက ကျူးကျော်မျိုးစိတ်ခြေမှုန်းရေး ဦးစားပေး ဆောင်ရွက်နေပါတယ်။ ဥတုရာသီနဲ့အနာဂတ်ကမ္ဘာအစီအစဥ်မှာ နန်းလောင်ဝ်က တင်ပြထားပါတယ်။
နွေဦးတော်လှန်ရေး နောက်ပိုင်းမှာ တိုင်းရင်းသားလူမျိုးစုတွေရဲ့ လက်နက်ကိုင်လှုပ်ရှားမှုအပေါ် လူထုက ပိုပြီး နားလည်လာသလို၊ မကြုံစဖူး ထောက်ခံမှု ပိုရလာတယ်လို့ KNPP ကရင်နီအမျိုးသား တိုးတက်ရေးပါတီ အတွင်းရေးမှုး ခူး ဒယ်နီရယ်က ပြောပါတယ်။
နွေဦးတော်လှန်ရေးနောက်ပိုင်းမှာ တိုင်းရင်းသားလူမျိုးစုတွေရဲ့ လက်နက်ကိုင်လှုပ်ရှားမှုအပေါ် လူထုကမကြုံစဖူး ထောက်ခံမှုပိုရလာတဲ့အတွက် အခုတကြိမ်တော်လှန်ရေးဟာ ပြီးပြတ်မယ့်နောက်ဆုံးပွဲဖြစ်မယ်လို့ KNPP အတွင်းရေးမှုး ခူး ဒယ်နီရယ်ကပြောပါတယ်။ မအင်ကြင်းနိုင် တွေ့ဆုံမေးမြန်းမှု ဒုတိယပိုင်းတင်ဆက်လိုက်ပါတယ်။
ကလေးတွေကို တရားထိုင်ဖို့ လေ့ကျင့်ပေးတာဟာ စိတ်ကိုတည်ငြိမ်အောင် ထားတတ်ဖို့ ရည်ရွယ်ချက်နဲ့ဖြစ်ပြီး စိတ်ကိုထိန်းချုပ်နိုင်တာဟာ လူကြီးဖြစ်လာတဲ့အခါ အကျိုးများစေတယ်လို့ တရားပြဆရာမက ပြောပါတယ်။ ကလေးတွေနဲ့အတူတူ တရားထိုင်တာနဲ့ပတ်သတ်တဲ့ အင်္ဂလိပ်စကားတွေကို မကြေးမုံ ပြောပြထားတာ ဒုတိယပိုင်းအဖြစ် လေ့လာနိုင်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။