'ဝ'ပြည်နယ်ရဲ့ အခြေခံအုတ်မြစ် I ဦးအောင်ခင်ရဲ့ မြန်မာ့အရေးသုံးသပ်ချက် - နိုင်ငံရေး စစ်ရေး ဆက်ဆံမှုခိုင်မာတဲ့ ကွန်မြူနစ် လုပ်ထုံးလုပ်နည်းနဲ့ ခံယူချက်တွေကြောင့် 'ဝ'ပြည်သွေးစည်းညီညွတ်ရေးပါတီနဲ့တပ်ဟာ အင်အားကြီးမားတဲ့ အဖွဲ့အစည်းတွေ ဖြစ်လာပုံကို ဦးအောင်ခင်က ရေးသားတင်ပြ ထားပါတယ်။
ဩဂုတ် ၁၅၊ ၂၀၂၄ - သွေးလွန်တုပ်ကွေး ကာကွယ်ရေး၊ ခြင်ပေါက်ဖွားမှု နှိမ်နင်းတာအပြင် နောက်ထပ် ဘာတွေဆက်လုပ်သင့်ပါလဲ။
Sheik Hasina ထွက်သွားပြီးတဲ့နောက် အခက်အခဲမျိုးစုံနဲ့ မတည်ငြိမ်မှုတွေ ရင်ဆိုင်နေရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ဒီမိုကရေစီအတွက် စိန်ခေါ်မှုတွေအများအပြားရှိနေပါတယ်။ ဒီတပတ် အယ်ဒီတာနဲ့ မေးမြန်းခန်းအစီအစဉ်မှာ ဦးကျော်ဇံသာကို မမြသဇင်အောင်က မေးမြန်းဆွေးနွေးထားပါတယ်။
နွေဦးတော်လှန်ရေးနဲ့ပက်သက်တဲ့ Short film၊ ရုပ်ရှင်ဇာတ်ကားတွေရဲ့ နောက်ကွယ်ကနေ ဇာတ်ဝင်ခန်း နောက်ခံတီးလုံးတွေကို ဖန်တီးပေးခဲ့တဲ့ ကလက်စစ်ကယ် ဂီတာဆရာတစ်ဦးနဲ့ ယူကရိန်းမြန်မာလွတ်မြောက်ရေး နှိုင်းယှဥ်ချက်အစီအစဥ်ကနေ ဟောင်ဆာက တင်ဆက်ထားပါတယ်။
အမေရိကန် ဒုသမ္မတ Kamala Harris ကို ဝေဖန်သူတွေက သူအမျိုးသမီးဖြစ်တာကို ထောက်ပြပြီး မသိမသာရော သိသိသာသာရော အမျိုးသမီးတွေအနေနဲ့ ကမ္ဘာမှာ အာဏာအရှိဆုံးအလုပ်ကို မလုပ်နိုင်ဘူးလို့ ဝေဖန်ပါတယ်။ နောက်တခုကတော့ သူ့ရဲ့ လူမျိုးရေးပေါ် အခြေခံပြီးလည်း တိုက်ခိုက်နေတဲ့အကြောင်း ကျား/မရေးရာ လေ့လာသူတွေက ထောက်ပြနေပါတယ်။
၂၀၂၄ ပဲရစ်အိုလံပစ်ပြိုင်ပွဲမှာတော့ အမေရိကန်က ဘတ်စကတ်ဘောပြိုင်ပွဲမှာ အမျိုးသားရော အမျိုးသမီးပြိုင်ပွဲမှာပါဗိုလ်စွဲပြီး ပြိုင်ပွဲတခုလုံးမှာလည်း ဆုတံဆိပ်အများဆုံးရခဲ့ပါတယ်။ အိုလံပစ်ပြိုင်ပွဲမှာ ဆုရတဲ့သူတွေကို ဆုကြေးငွေအဖြစ် ဘယ်နိုင်ငံတွေက ဘယ်လောက်ပေးမလဲဆိုတာတွေကို ကိုရန်နိုင်ကစုစည်းတင်ဆက်ပေးထားပါတယ်။
ဂျပိုးပျံ့နှံ့တဲ့ ပြဿနာရှိတဲ့ ပြင်သစ်နိုင်ငံ ပါရီမြို့တော်ကနေ အိုလံပစ်ပွဲအပြီး အားကစားသမားတွေပြန်လာတော့ ကိုရီးယားအာဏာပိုင်တွေ အဓိက စိတ်ပူတာ ပါရီဂျပိုးပါလာမှာကိုပဲ ဖြစ်ပါတယ်။ ပါရီမြို့တော်မှာက ၂၀၂၃ နှစ်ဝက်ကျော်မှာ ဂျပိုးကူးစက်ပျံ့နှံ့မှုဖြစ်ပြီး ဂျပိုးအမြစ်ဖြတ်ဖို့ တော်တော်လုပ်ခဲ့ရတာပါ။
မြန်မာစစ်ကောင်စီ အကြီးအကဲ က နိုင်ငံစီးပွားရေးကို သမ၀ါယမစနစ် နဲ့ ပြန်လည်ကျင့်သုံးဖို့ ပြောဆိုလာတဲ့အတွက် မြန်မာဆိုရှယ်လစ်လမ်းစဥ် မဆလ တပါတီအုပ်ချုပ်ရေး ခေတ်ကို နောက်ပြန်ဆွဲသွားမလားဆိုပြီး စိုးရိမ်မှုတွေရှိနေကြပါတယ်။ ဒီအကြောင်း ကိုခင်မောင်စိုးမင်း က ဒီတပတ်မြေကြီး သြဇာအစီအစဥ်မှာ အခုလို တင်ဆက်ထားပါတယ်။
ကမ္ဘာကျော် လူကြိုက်များတဲ့ အစားအစာတခုထဲမှာ အီတလီနိုင်ငံက ရေခဲမုန့်တွေလည်း ပါပါတယ်။ တခြားရေခဲမုန့်တွေလောက် နို့မလိုင် မများလှတဲ့ Gelato (ဂျလာတိုး) ရေခဲမုန့်တွေ ဘာကြောင့်နာမည်ကြီးသလဲဆိုတာ မစုမြတ်မွန်နဲ့အတူ ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ ရောမမြို့ကိုသွားပြီး စားကြည့်ရအောင်ပါ။
ဒုသမ္မတ Kamala Harris က သူ အစိုးရရှေ့နေ ဘဝကစလို့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ကိစ္စတွေ ဆောင်ရွက်ခဲ့တာကို ထောက်ပြ မဲဆွယ်နေချိန်မှာ Donald Trump ကတော့ လက်ရှိအစိုးရ လက်ထက်မှာ နိုင်ငံထဲ ရွှေ့ပြောင်း ဝင်ရောက်သူဦးရေ စံချိန်တင် အများဆုံး ဖြစ်လာတယ်လို့ ဝေဖန်ပြီး နေရပ် ပြန်ပို့မယ်လို့ ကတိပြု ပြောဆိုနေပါတယ်။
ဂရိနိုင်ငံမှာ တနင်္ဂနွေနေ့ကတည်းက စတင်လောင်ကျွမ်းခဲ့တဲ့ တောမီး Athens မြို့တော် မြောက်ဘက် ဆင်ခြေဖုံးအထိ အကြီးအကျယ် ပျံ့နှံလာနေတဲ့အတွက် အမြင့်ဆုံး အရေးပေါ် သတိပေးချက် ထုတ်ပြန်ထားရသလို မီးငြိမ်းသတ်ရေး ဥရောပ သမဂ္ဂရဲ့ အကူအညီကို တရားဝင် တောင်းခံထားရပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။