ရာဂီမုန်တိုင်းကြောင့် ရေဘေးဒုက္ခကြုံချိန်ဟာ စစ်ကောင်စီနဲ့ ခုခံတော်လှန်ရေး အင်အားစုတွေကြား တိုက်ပွဲတွေ ပြင်းထန်နေချိန်ဖြစ်တဲ့အတွက် ပျက်စီး၊ ဆုံးရှုံးမှုတွေ ပိုများရသလို ကယ်ဆယ်ရေးလုပ်ငန်းတွေမှာလည်း အကန့်အသတ်တွေရှိနေပါတယ်။ ကမ္ဘာ့၊ မြန်မာ့ မီဒီယာ မြင်ကွင်းကဏ္ဍမှာ ပြည်သွေးနိုင် ဆွေးနွေးတင်ပြထားပါတယ်။
စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေ အသက်ဝင်ပြီးနောက်ပိုင်း ပြည်သူတွေ ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ လူမှုစီးပွား အခြေအနေကို ISP-Myanmar ရဲ့ Research Network အစီအစဉ်ကနေ သုတေသနပြု စစ်တမ်းကောက်ယူ လေ့ လာခဲ့ပါတယ်။ ဒီတပတ် အပိုင်း-၃ အနေနဲ့ အခြေခံစားသောက်ကုန်ဝယ်ယူရေး အခက်အခဲတွေအကြောင်းကို တင်ပြပါမယ်။
ဒီအပတ် နော်သဇင်နဲ့အတူ ကမ္ဘာအကြီးဆုံး ရွှေဖရုံသီးပွဲတော်ကို သွားရပါမယ်။ ဒီပွဲလေးရဲ့ ဒီနှစ်ခေါင်းစဉ်ကတော့ Dream Trail အိပ်မက်လမ်းကြောင်းဖြစ်ပြီး ဂျာမနီနဲ့ ဥရောပသမိုင်းမှာ လူ့အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေးတွေကို တိုက်ယူခဲ့တဲ့ လူတွေ၊ သမိုင်းကြောင်းတွေကို ရွှေဖရုံသီးအနုပညာနဲ့ တင်ဆက်ပြထားတာပါ။
ဩစတြေးလျနိုင်ငံက ကုမ္ပဏီတခုမှာ ဝန်ထမ်းတွေ ကိုယ့်အဖော်ခွေးကို ရုံးခေါ်လာနိုင်ပါပြီ။ ဝန်ထမ်းတွေရဲ့ ခွေးတွေ ရှိတာ ရုံးအတွက် ကောင်းတယ်လို့လည်း ပြောကြပါတယ်။ AP သတင်းဆောင်းပါးကို ဦးတင်မောင်သန်းက တင်ပြမှာပါ။
ကရင်နီပြည်မှာ စစ်ကောင်စီအုပ်စိုးလို့ မရနိုင်တဲ့ ဒေသတွေ ပိုမိုများပြားလာနေပြီး စစ်ကောင်စီတပ်တွေလည်း အားနည်းနေတဲ့အတွက် စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောနေတဲ့ ရွေးကောက်ပွဲ ဖြစ်လာမှာမဟုတ်ဘူးလို့ IEC ကရင်ပြည်နယ်ကြားကာလ အုပ်ချုပ်ရေးကောင်စီ ဒု ဥက္ကဌ ခွန်ဘီထူးက ဗွီအိုအေကိုပြောပါတယ်
ကရင်နီပြည်မှာ စစ်ကောင်စီအုပ်စိုးလို့ မရနိုင်တဲ့ ဒေသတွေ ပိုမိုများပြားလာနေပြီး စစ်ကောင်စီတပ်တွေလည်း အားနည်းနေတဲ့အတွက် စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောနေတဲ့ ရွေးကောက်ပွဲ ဖြစ်လာမှာမဟုတ်ဘူးလို့ IEC ကရင်ပြည်နယ်ကြားကာလ အုပ်ချုပ်ရေးကောင်စီ ဒု ဥက္ကဌ ခွန်ဘီထူးက ဗွီအိုအေကိုပြောပါတယ်။
အင်္ဂလိပ်စကားပြောတဲ့ နေရာမှာ စကားလုံး ၂ လုံး မူရင်းရှိထားပေမဲ့ တိုအောင် ၁ လုံးထဲရော ပေါင်းပြီး ရေးကြ၊ ပြောကြတာ ဖြစ်ပါတယ်။ အဲဒီ Contraction အတိုချုုံးစကားလုံးတွေနဲ့ ပတ်သက်ပြီး မကြေးမုံက မြန်မာလိုရော၊ အမေရိကန်အင်္ဂလိပ်စကားနဲ့ပါ ရောပြီး ရှင်းပြထားပါတယ်။ သူအမေရိကန်သံနဲ့ ပြောပြထားတာ လေ့လာကြည့်ပါဦး။
အမေရိကန်ပြည်ထောင်စုမှာ လူငယ်ခေါင်းဆောင်ပျိုးထောင်မှုသင်တန်းတွေလို အစီအစဉ်တွေကြောင့် စိန်ခေါ်မှုတွေ ကျော်လွှားနိုင်ခဲ့တယ်လို့၊ ဒုက္ခသည်စခန်းကနေလာသူ ကရင်အမျိုးသမီးလေးက ပြောပါတယ်။ Today's Leader ဆိုတဲ့ အဖွဲ့ကို တည်ထောင်ပြီး ရပ်ရွာအကျိုးပြုလုပ်ငန်းတွေကို လုပ်နေတာပါ။ မခင်လေး ဆက်သွယ်စကားပြော ထားပါတယ်။
ဂျာမဏီနိုင်ငံ ဖရန်ဖို့မြို့မှာ ဓာတ်ရထားမောင်းပြိုင်ပွဲကို စက်တင်ဘာလလယ်က ကျင်းပ၊ ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့က လေလံပွဲမှာတော့ ရှေးဟောင်းဒိန်းမတ်အကြွေစေ့ကို ယူရို ၁ သန်း နဲ့ စံချိန်တင် လေလံတင်နိုင်၊ ဒီလို ထူးခြားဆန်းပြားသတင်းများကို မခင်ဖြူထွေးနဲ့ ကိုငြိမ်းချမ်း တင်ဆက်ထားပါတယ်။
ဂျပန်နိုင်ငံမှာ နွေရာသီ အပူလှိုင်းဒဏ်ခံနိုင်ရည်ရှိတဲ့ စပါးမျိုးကွဲသစ်တမျိုးကို ဖန်တီး စမ်းသပ်စိုက်ပျိုးနေတာ အောင်မြင်မှုရှိပြီး အနာဂတ်မှာစားနပ်ရိက္ခာဖူလုံမှုရှိစေလိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။ ဒီအကြောင်း ရိုက်တာသတင်းဆောင်းပါတပုဒ်ကို ကိုခင်မောင်စိုးမင်းက ပြောပြပါလိမ့်မယ်။
ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ကို သံအမတ်ကြီးအဖြစ် နောက်တနှစ်သက်တမ်းတိုးဖို့မြန်မာ့အရေးလှုပ်ရှားသူတွေ ဒီကနေ့ ကုလသမဂ္ဂ ရုံးချုပ်အနီးမှာ စုဝေးဆန္ဒပြကြပါတယ်။
တရုတ်လေယဉ်တင်သင်္ဘောဂျပန်အချုပ်အခြာရေပိုင်နက်ထဲဝင်ရောက်ခဲ့တဲ့အတွက်ဂျပန်ကကန့်ကွက်ပါတယ်ထိုင်ဝမ်ကိုစစ်လက်နက်ရောင်းတဲ့အတွက်ဆိုကာအမေရိကန်ကုမ္ပဏီတချို့ကိုတရုတ်ကဒဏ်ခတ်လိုက်ပါတယ်တရုတ်မှာဂျပန်ကလေးငယ်တဦးသေဆုံးပြီးနောက်ဂျပန်နိုင်ငံသားတွေသတိနဲ့နေကြဖို့ဂျပန်အစိုးရကသတိပေးပါတယ်ကိုဇော်မိုးကျော်ကတင်ပြထားပါတယ်
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။